■ စီးရီးအေပွဲစဉ် (၉) ပွဲကြိုသုံးသပ်ချက် 

■ စီးရီးအေပွဲစဉ် (၉) ပွဲကြိုသုံးသပ်ချက် 
Photo: Getty Images
Photo: Getty Images
Published 7 October 2022

ဆာဆူအိုလို - အင်တာမီလန် (မြန်မာစံတော်ချိန် အောက်တိုဘာ ၈ ရက် ည ၇:၃၀ နာရီ)

အင်တာမီလန်က ရလဒ်ပိုင်းမတည်ငြိမ်ပေမဲ့ ခြေစွမ်းကတော့ မဆိုးပါဘူး။ ဒါပေမဲ့ ဒီပွဲပြီးရင် ဘာစီလိုနာအသင်းနဲ့ ချန်ပီယံလိဂ်ဒုတိယအကျော့ပွဲစဉ်အဖြစ် အဝေးကွင်းသွားကစားရမှာကိုတော့ သတိပြုရမယ်။ ဆာဆူအိုလိုကလည်း နိုင်ပွဲတွေပြန်ရနေပြီး လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာတယ်။ (၂)သင်းပေါင်း သွင်းဂိုးများနိုင်ပြီး အင်တာမီလန်နိုင်ဖို့များပေမဲ့ သရေလည်း ကျသွားနိုင်တဲ့ပွဲမျိုးလို့ ထင်မိတယ်။



အေစီမီလန် - ဂျူဗင်တပ်စ် (မြန်မာစံတော်ချိန် အောက်တိုဘာ ၈ ရက် ည ၁၀:၃၀ နာရီ)

နှစ်သင်းစလုံး စီးရီးအေနောက်ဆုံးပွဲတွေမှာ နိုင်ပွဲပြန်ရခဲ့ကြတယ်။ ဒါပေမဲ့ ဂျူဗင်တပ်စ်ကတော့ သိပ်ပြီးစိတ်ချလို့မရသေးပါဘူး။ ဗလာဟိုဗစ်ဂိုးပေါက်ပြန်တွေ့ခဲ့တယ်ဆိုပေမဲ့ ပွဲတိုင်းမျှော်လင့်လို့ရတဲ့ အခြေအနေလည်း မဟုတ်သေးပါဘူး။ အေစီမီလန်ကတော့ ပြီးခဲ့တဲ့ရာသီကတည်းက ချန်ပီယံလိဂ်ဆုရယူနိုင်တဲ့အထိ ခြေစွမ်းပြခဲ့သလို၊ လက်ရှိအချိန်အထိလည်း တည်ငြိမ်နေဆဲပါပဲ။ နာပိုလီကို ရှုံးခဲ့တဲ့ပွဲကလွဲလို့ ပွဲတိုင်းကို ပုံစံကောင်းပြခဲ့တယ်။ အိမ်ကွင်းလည်းဖြစ်လို့ အေစီမီလန်ဘက်ကပဲ ရပ်တည်သင့်ပါတယ်။



ဘိုလော့ဂ်နာ - ဆမ်ဒိုးရီးယား (မြန်မာစံတော်ချိန် အောက်တိုဘာ ၉ ရက် နံနက် ၁:၁၅ နာရီ)

ဆမ်ဒိုးရီးယားက အတော်လေးဆိုးရွားနေပြီး အမှတ်ပေးဇယားအောက်ဆုံး ရောက်နေတယ်။ ဘိုလော့ဂ်နာကလည်း နောက်ဆုံး (၂)ပွဲဆက် ရှုံးထားတယ်။ ဒီပွဲတော့ အိမ်ကွင်းမှာ ဘိုလော့ဂ်နာ နိုင်ပွဲပြန်ရမယ်ထင်တယ်။

Most Read

Most Recent