■ ၂၀၂၃ ခုနှစ်တွင် ဘာစီလိုနာသို့ မက်ဆီ ပြန်ဖွယ်ရှိ

■ ၂၀၂၃ ခုနှစ်တွင် ဘာစီလိုနာသို့ မက်ဆီ ပြန်ဖွယ်ရှိ
Photo: Getty Images
Photo: Getty Images
Published 7 October 2022

PSG တိုက်စစ်မှူး မက်ဆီသည် ၂၀၂၃ ဇူလိုင်လတွင် ဘာစီလိုနာအ သင်းသို့ ပြန်လာဖွယ်ရှိနေကြောင်း အာဂျင်တီးနားသတင်းထောက် ဘရူနာတီက ပြောကြားခဲ့သည်။ 

အသက် (၃၅)နှစ်အရွယ်ရှိ မက်ဆီသည် ၂၀၂၀ နွေရာသီတွင် အသင်း၏ဘဏ္ဍာရေးအခြေအနေကြောင့် ဘာစီလိုနာအသင်းနှင့် လမ်းခွဲကာ PSG အသင်းသို့ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ပြောင်းရွှေ့ခဲ့သည်။ 

၎င်းသည် PSG အသင်းနှင့် ၂၀၂၃ ဇွန် (၃၀) ရက်တွင် စာချုပ် သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး PSG အသင်းက စာချုပ်သစ်ချုပ်ဆိုရန် စီစဉ်လျက်ရှိကြောင်း သိရသည်။ 

သို့သော် မက်ဆီသည် PSG  အသင်းတွင် ဆက်နေရန်ဆန္ဒမရှိဘဲ စာချုပ်သက်တမ်းကုန်ချိန်တွင် ဘာစီလိုနာသို့ပြန် လာကာ လက်ရှိနည်းပြအဖြစ် ဆောင်ရွက်နေသည့် အသင်းဖော်ဟောင်း ဇာဗီနှင့် လက်တွဲရန်ဆန္ဒရှိနေကြောင်း ဘရူနာတီက ပြောကြားခဲ့သည်။ 

ထို့ပြင် မက်ဆီသည် ဘာစီလိုနာသို့ ပြန်လာကာ အသင်းဥက္ကဋ္ဌ လာပေါ်တာနှင့်ပြေလည် မှုရရန်လည်း ဆန္ဒရှိနေကြောင်း သိရှိရသည်။ 

Most Read

Most Recent