■ Ballon d'Or ရရှိပါက ဘန်ဇီမာ တစ်နှစ်သက်တမ်းတိုးနိုင်မည်     

■ Ballon d'Or ရရှိပါက ဘန်ဇီမာ တစ်နှစ်သက်တမ်းတိုးနိုင်မည်     
Photo: Getty Images
Photo: Getty Images
Published 7 October 2022

ရီးယဲလ်အသင်း၏ ပြင်သစ်တိုက်စစ်မှူး ဘန်ဇီမာသည် Ballon d'Or ဆုရရှိခဲ့ပါက အသင်းနှင့် အလိုအလျောက် တစ်နှစ်သက်တမ်းတိုးနိုင်မည်ဖြစ်ကြောင်း သိရသည်။ 

ဘန်ဇီမာသည် ရီးယဲလ်အသင်းနှင့် ၂၀၂၃ ခုနှစ်တွင် စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်သော်လည်း Ballon d'Or ဆု ရရှိခဲ့ပါက တစ်နှစ်သက်တမ်းတိုးခွင့်ရမည်ဆိုသည့် သဘောတူညီချက်ကို စာချုပ်တွင် ထည့်သွင်းချုပ်ဆိုထားကြောင်း သိရသည်။ 

ဘန်ဇီမာသည် ပြီးခဲ့သည့်ရာသီတွင် ရီးယဲလ်အသင်း ချန်ပီယံလိဂ်နှင့် လာလီဂါချန်ပီယံဆုများ ရရှိခဲ့ရာတွင် အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့သောကြောင်း Ballon d'Or ဆုရရှိရန် ထိပ်ဆုံးမှ ရေပန်းစားနေကြောင်း သိရသည်။ 

အသက် (၃၄) နှစ်အရွယ်ရှိ ဘန်ဇီမာသည် လက်ရှိတွင်လည်း ရီးယဲလ်အသင်း၏ အဓိကကစားသမားအဖြစ် ပွဲထွက်ခွင့်ရနေသူဖြစ်ပြီး ယခုရာသီ ပြိုင်ပွဲစုံ (၈) ပွဲတွင် (၄) ဂိုး သွင်းယူထားသည်။ 

Most Read

Most Recent