■ ဟော်လန်းနှင့်စာချုပ်တွင် ရီးယဲလ်အကြောင်း မပါဝင်ဟု ဂွါဒီယိုလာ ဆို     

■ ဟော်လန်းနှင့်စာချုပ်တွင် ရီးယဲလ်အကြောင်း မပါဝင်ဟု ဂွါဒီယိုလာ ဆို     
Photo: Getty Images
Photo: Getty Images
Published 7 October 2022

မန်စီးတီးအသင်း၏နည်းပြ ဂွါဒီယိုလာက တိုက်စစ်မှူးဟော်လန်းနှင့် ချုပ်ဆိုထားသည့် စာချုပ်တွင် ရီးယဲလ်အကြောင်း မပါဝင်ဟု ပြောကြားခဲ့သည်။ 

ဟော်လန်းသည် မန်စီးတီးအသင်းနှင့် ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသော်လည်း ရီးယဲလ်အသင်းထံ ပြောင်းရွှေ့လိုပါက ၂၀၂၄ ခုနှစ်အတွင်း ပြောင်းရွှေ့ကြေး ပေါင်(၁၇၄)သန်းဖြင့် ခွင့်ပြုပေးရမည်ဟု သဘောတူညီမှုရယူထားကြောင်း စပိန်မီဒီယာများက ဖော်ပြခဲ့သည်။

ယင်းကဲ့သို့ သတင်းများထွက်လာသည့်အတွက် ဂွါဒီယိုလာက ယခုကဲ့သို့ ဖြေရှင်းခဲ့ခြင်းဖြစ်ပြီး အဆိုပါသတင်းများမှာ ကောလာဟလများဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

အသက် (၂၂) နှစ်အရွယ်ရှိ နော်ဝေလက်ရွေးစင်တိုက်စစ်မှူး ဟော်လန်းသည် ယခုရာသီတွင် မန်စီးတီးအသင်းအတွက် ခြေစွမ်းပြ ကစားနေပြီး ပြိုင်ပွဲစုံ (၁၂) ပွဲတွင် (၁၉) ဂိုးအထိ သွင်းယူထားသည်။ 

Most Read

Most Recent