၂၀၂၂ ခုနှစ် မေလတွင် ပြည်ပသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဒေါ်လာ ၃၀၈ သန်းကျော်ရရှိခဲ့ပြီး ယခင်နှစ်ကာလတူထက်ဒေါ်လာ ၆၃ သန်းကျော် ပိုမိုရရှိ

၂၀၂၂ ခုနှစ် မေလတွင် ပြည်ပသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဒေါ်လာ ၃၀၈ သန်းကျော်ရရှိခဲ့ပြီး ယခင်နှစ်ကာလတူထက်ဒေါ်လာ ၆၃ သန်းကျော် ပိုမိုရရှိ
မြန်မာ့ကမ်းလွန်ရှိ  သဘာဝဓာတ်ငွေ့စီမံကိန်းတစ်ခုကို တွေ့ရစဉ်(ဓာတ်ပုံ-MOEE)
မြန်မာ့ကမ်းလွန်ရှိ  သဘာဝဓာတ်ငွေ့စီမံကိန်းတစ်ခုကို တွေ့ရစဉ်(ဓာတ်ပုံ-MOEE)
Published 25 September 2022

၂၀၂၂ ခုနှစ် မေတွင် ပြည်ပသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဒေါ်လာ ၃၀၈ သန်းကျော်ရရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၆၃ သန်းကျော် ပိုမိုရရှိခဲ့ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့မှ ထုတ်ပြန်ထားသည်။

၂၀၂၂ ခုနှစ် မေတွင် ပြည်ပသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဒေါ်လာ ၃၀၈ ဒသမ ၄ သန်းရရှိခဲ့သည်။၂၀၂၁ ခုနှစ် မေလတွင် ဒေါ် လာ ၂၄၅ ဒသမ ၁ သန်း ရရှိခဲ့သည်။ အဆိုပါ ကာလတူနှစ်ခုကို နှိုင်းယှဉ်ပါက ၂၀၂၂ ခုနှစ် မေလတွင် သဘာဝဓာတ်ငွေ့တင်ပို့မှုမှရရှိငွေမှာယခင်နှစ်ကာလတူထက် ဒေါ်လာ ၆၃ ဒသမ ၃ သန်းပိုမိုရရှိခဲ့သည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် အောက်တို ဘာမှမတ်လအထိ (Mini Budget) ခြောက်လအတွင်း ပြည်ပသို့သဘာဝဓာတ် ငွေ့တင်ပို့မှုမှ ဒေါ်လာ ၁၇၁၅ သန်းကျော် ရရှိခဲ့ပြီး လအလိုက်တင်ပို့မှုအနေဖြင့် နိုဝင်ဘာလတွင် အများဆုံးဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် အောက်တိုဘာမှ မတ်လအထိ Mini Budget ခြောက်လအတွင်း လအလိုက် ပြည်ပသို့သဘာဝ ဓာတ်ငွေ့တင်ပို့မှုအနေဖြင့် အောက်တိုဘာတွင် ဒေါ်လာ ၂၈၀ ဒသမ ၂ သန်း၊ နိုဝင်ဘာတွင် ၃၀၀ ဒသမ ၈ သန်း၊ ဒီဇင်ဘာတွင် ၂၇၄ ဒသမ ၂ သန်း၊ ဇန်နဝါရီတွင်၂၇၉ ဒသမ ၅ သန်း၊ ဖေဖော်ဝါရီတွင် ၂၉၀ ဒသမ ၂ သန်း၊ မတ်လတွင် ဒေါ်လာ ၂၉၀ ဒသမ ၃ သန်းဖြင့် စုစုပေါင်းဒေါ်လာ ၁၇၁၅ ဒသမ  ၂ သန်းရရှိခဲ့ကြောင်း သိရသည်။

၂၀၂၁ ခုနှစ် ၁၂ လအတွင်း ပြည်ပသို့သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဒေါ်လာ ၃၁၅၀ ဒသမ ၇ သန်းရရှိခဲ့ပြီး နိုဝင်ဘာလတွင် သ ဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဒေါ်လာသန်း ၃၀၀ ကျော်ဖြင့် အများဆုံးဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ  ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၁ ခုနှစ်အတွင်း လအလိုက် ပြည်ပသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဝင်ငွေရရှိမှုအနေဖြင့် ဇန်နဝါရီလတွင် ဒေါ်လာ ၂၃၂ ဒသမ ၅ သန်း၊ ဖေဖော်ဝါရီလတွင် ဒေါ်လာ ၂၃၆ ဒသမ ၇ သန်း၊မတ်လတွင် ဒေါ်လာ ၂၅၇ ဒသမ ၇ သန်း၊ဧပြီလတွင် ဒေါ်လာ ၂၂၉ ဒသ မ ၂ သန်း၊ မေလတွင် ဒေါ်လာ ၂၄၅ ဒသမ ၁ သန်း၊ ဇွန်လတွင် ဒေါ်လာ ၂၄၆ ဒသမ ၂ သန်း၊ ဇူလိုင်လတွင် ဒေါ်လာ ၂၇၈ ဒသမ ၄ သန်း၊ သြဂုတ်လတွင် ဒေါ်လာ ၂၈၄ ဒသမ ၀ သန်း၊ စက်တင်ဘာလတွင် ဒေါ်လာ ၂၈၅ ဒသမ ၆ သန်း၊ အောက်တိုဘာလတွင် ဒေါ်လာ ၂၈၀ ဒသမ ၃ သန်း၊ နိုဝင်ဘာလတွင် ဒေါ်လာ ၃၀၀ ဒသမ ၈ သန်း၊  ဒီဇင်ဘာလတွင် ဒေါ်လာ ၂၇၄ ဒသမ ၂ သန်းဖြင့် စုစုပေါင်း ဒေါ်လာ ၃၁၅၀ ဒသမ ၇ သန်းရရှိ ခဲ့ခြင်းဖြစ်သည်။ ၂၀၂၂ ခုနှစ် ဇန်ဝါရီတွင် ဒေါ်လာ ၂၇၉ ဒသမ ၅ သန်း၊ ဖေဖော်ဝါရီတွင် ဒေါ်လာ ၂၉၀ ဒသမ ၂ သန်းရရှိခဲ့ခြင်းဖြစ်သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် သဘာဝဓာတ်ငွေ့တင်ပို့မှုမှဝင်ငွေဒေါ်လာ ၃ ဒသမ ၅ ဘီလျံကျော်ရရှိခဲ့ပြီး ၂၀၁၈- ၂၀၁၉ ဘဏ္ဍာ နှစ်ထက် ဝင်ငွေဒေါ်လာသန်း ၄၂၀ ခန့်လျော့ကျခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာနကို ကိုးကားပြီး ဗဟိုစာရင်းအင်းအဖွဲ့၊ သတင်းအ ချက်အလက်ယူနစ်မှထုတ်ပြန်ထားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၁၉ ခုနှစ် အောက်တိုဘာလမှ ၂၀၂၀ ခု နှစ် စက်တင်ဘာလအထိ ပြည်ပသို့သဘာဝ ဓာတ်ငွေ့တင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၃ ဒသမ ၅၀၆ ဘီလျံ (ဒေါ်လာ ၃၅၀၆ ဒသမ ၆၂ သန်း) ရရှိထားသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၃ ဒသ မ ၉၂၄ ဘီလျံ (ဒေါ်လာ ၃၉၂၄ ဒသမ ၉၂ သန်း) အထိရရှိထားသည်။

ထို့ကြောင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ရရှိသောဝင်ငွေသည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာ နှစ်ထက် ဝင်ငွေဒေါ်လာ ၄၁၈ ဒသမ ၃ သန်း လျော့ကျခဲ့သည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် သဘာဝ ဓာတ်ငွေ့တင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၃ ဒသမ ၅၁၃ ဘီလျံ (ဒေါ်လာ ၃၅၁၃ ဒသမ ၂၁ သန်း) ရရှိခဲ့သည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ဝင်ငွေ ဒေါ်လာ ၃ ဒသမ ၁၁၆ ဘီလျံ (ဒေါ်လာ ၃၁၁၆ ဒသမ ၃၄ သန်း) ရရှိခဲ့သည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ဝင်ငွေ ဒေါ်လာ ၃ ဒသမ ၄၄၅ ဘီလျံ (ဒေါ်လာ ၃၄၄၅ ဒသမ ၁၀ သန်း)ရရှိခဲ့ကြောင်း ဗဟိုစာရင်း အင်းအဖွဲ့မှ သိရသည်။