မြန်မာ့မီးရထားက ကိုဗစ်ကာလ အတွင်းကပြေးဆွဲမှုရပ်နားထားသည့် ရထားခရီးစဉ်များအနက် ခရီးသည်စီးနင်းမှုများပြားသည့် ရထားခရီးစဉ်အချို့အား ပြန်လည်ပြေးဆွဲပေးလျက်ရှိကြောင်း သတင်းရရှိသည်။
မြန်မာ့မီးရထားက ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့မှ သာရဝေါသို့ ပြေးဆွဲသည့် လက်ပံတန်း-သာရဝေါ လော်ကယ်ရထား အား စက်တင်ဘာ ၁၆ ရက်က စတင်ပြေးဆွဲ ခဲ့သည်။ အဆိုပါ လက်ပံတန်း-သာရဝေါ လော်ကယ်ရထားခရီးစဉ်ကို စက်တင်ဘာ ၁၆ ရက်မှ စတင်ကာ တနင်္လာ၊ ဗုဒ္ဓဟူးနှင့် သောကြာနေ့များတွင် တစ်ပတ်လျှင် သုံးရက် ပြေးဆွဲသွားမည်ဖြစ်သည်။
မြန်မာ့မီးရထားက ပြေးဆွဲမှုရပ်နားထားသည့် ပုသိမ်-ဟင်္သာတ-ကြံခင်း အစုန်အဆန် အမြန်ရထားအား စက်တင်ဘာ ၁၁ ရက်တွင် စတင်ကာ ပြန်လည် ပြေးဆွဲခဲ့ကြောင်း သတင်းရရှိသည်။
အမှတ် ၁၈၁ ပုသိမ်-ဟင်္သာတ-ကြံခင်း (အဆန်) အမြန်ရထားခရီးစဉ် ပြန်လည် ပြေးဆွဲခြင်းအခမ်းအနားကို စက်တင်ဘာ ၁၁ ရက် နံနက်ပိုင်းက ပုသိမ်မြို့ ပုသိမ်ဘူတာတွင် ကျင်းပခဲ့ပြီး နံနက် ၆နာရီတွင် ပုသိမ် ဘူတာမှ ရထားစတင်ထွက်ခွာခဲ့ကြောင်း သိရသည်။
အလားတူ ၁၈၂ ကြံခင်း-ဟင်္သာတ-ပုသိမ်(အစုန်) အမြန်ရထားခရီးစဉ်ကိုလည်း ကြံခင်းဘူတာမှ နံနက် ၆ နာရီတွင် စတင် ထွက်ခွာခဲ့ကြောင်း သိရသည်။
မြန်မာ့မီးရထားက ယခင်ပြေးဆွဲခဲ့သည့် တောင်ကြီး-ဆိုက်ခေါင်လမ်းပိုင်းရှိ တောင်ကြီး-ဘန်းယဉ် အဆန်၊ အစုန် ရထားခရီးစဉ် အား ပြန်လည်ပြေးဆွဲခဲ့သည်။
တောင်ကြီး-ဆိုက်ခေါင်လမ်းပိုင်းရှိ တောင်ကြီး-ဘန်းယဉ်ခရီးစဉ်အမှတ် (၁၅၃) အဆန်၊ အမှတ်(၁၅၄)အစုန်ရထားပြန်လည် ပြေးဆွဲခြင်းအခမ်းအနားကို စက်တင်ဘာ ၁ ရက် နံနက်ပိုင်းက တောင်ကြီးဘူတာစင်္ကြ၌ ကျင်းပခဲ့သည်။
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင် တောင်ကြီး-ဆိုက်ခေါင် ရထားလမ်းပိုင်းရှိ တောင်ကြီးဘူတာမှ ဘန်းယဉ်ဘူတာ အထိ ၃၃ ဒသမ ၇၁ မိုင်ရှိ ရထားလမ်းပိုင်းတွင် ရထားပြန်လည်ပြေးဆွဲခြင်းဖြစ်ရာတောင်ကြီး-ဆိုက်ခေါင်ရထားလမ်းပိုင်း၌ ရထားပြေးဆွဲခြင်းကို ၂၀၂၁ ခုနှစ် ေဖေဖာ်ဝါရီလ ဒုတိယပတ်ခန့် ကိုဗစ်-၁၉ ကာလတွင် ယာယီရပ်နားခဲ့ကြောင်း မြန်မာ့မီးရထားမှ သိရသည်။ ယခုအခါဒေသခံတိုင်းရင်းသား ပြည်သူများ၏ တောင်းဆိုချက်အရ မြန်မာ့မီးရထားက ရထားလမ်းပိုင်း ကြံ့ခိုင်တောင့်တင်းမှုရှိစေ ရေးပြုပြင်ဆောင်ရွက်ပေးခဲ့ပြီး ရထားစီးခရီးသွားတိုင်းရင်းသားပြည်သူများ စိတ် ချမ်းမြေ့လုံခြုံစွာသွားလာအသုံး ပြုနိုင်စေရန်ဆောင်ရွက်ထားပြီး ပြည်သူများ၏ လိုအပ်ချက်ပေါ်မူတည်၍ ခရီးဆုံးဘူတာဖြစ်သည့် ဆိုက်ခေါင်အထိ ပြေးဆွဲနိုင်ရန် စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါရထားပြေးဆွဲရာတွင် အမှတ် (၁၅၃) အဆန် လူစီးကုန်တင်ရထားသည် တောင်ကြီးဘူတာမှ မွန်းလွဲ ၂ နာရီခွဲတွင် ထွက်ခွာ၍ ဘန်းယဉ်ဘူတာသို့ ညနေ ၄ နာရီ မိနစ် ၅၀ တွင်လည်းကောင်း၊ အမှတ် (၁၅၄)အစုန် လူစီးကုန်တင်ရထားသည် ဘန်းယဉ်ဘူတာမှ နံနက် ၅ နာရီခွဲတွင် ထွက်ခွာ၍ တောင်ကြီးဘူတာသို့ နံနက် ၈ နာရီတွင် လည်းကောင်းရောက်ရှိမည်ဖြစ်ရာ ဖာမွန်းဘူတာ၊ နောင်ကားဘူတာ၊ ဟမ်းဆီးဘူတာ၊ကက္ကူဘူတာနှင့် ဘန်းယဉ်ဘူတာတို့၌ ရပ်တန့်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။
မြန်မာ့မီးရထားက ရန်ကုန်-ပြည်ရထားလမ်းပိုင်းတွင် အမြန်ရထား တစ်စင်းထပ်မံ တိုးချဲ့ပြေးဆွဲခဲ့ပြီး ရန်ကုန်-မန္တလေး လမ်းပိုင်း တွင် အစုန်/အဆန် ရထားသုံးစင်းဖြင့် ပြေးဆွဲနေကြောင်း သတင်း ရရှိသည်။ မြန်မာ့မီးရထားက ရန်ကုန်-ပြည် ရထား လမ်းပိုင်းတွင် အမြန်ရထားတစ်စီး ထပ်မံတိုးချဲ့ပြေးဆွဲခဲ့ပြီး ယခင်ရန်ကုန်ဘူတာကြီးက စတင်ထွက်ခွာသည့် စာပို့ရထားကိုမူ ကြည့်မြင်တိုင်ဘူတာမှ စတင်ထွက်ခွာခြင်းသို့ ပြောင်းလဲပြေးဆွဲခဲ့ကြောင်း မြန်မာ့မီးရထားက သတင်းရရှိသည်။
မြန်မာ့မီးရထားက ရန်ကုန်-ပြည်ရထားလမ်းပိုင်းတွင် အမြန်ရထားတစ်စင်းထပ်မံ တိုးချဲ့ပြေးဆွဲခဲ့ပြီး ရန်ကုန်-မန္တလေးလမ်း ပိုင်းတွင် အစုန်/အဆန်ရထားသုံးစင်းဖြင့် ပြေးဆွဲနေကြောင်း သတင်းရရှိသည်။ မြန်မာ့မီးရထားက ရန်ကုန်-ပြည် ရထား လမ်းပိုင်းတွင် အမြန်ရထားတစ်စီးထပ်မံတိုးချဲ့ပြေးဆွဲခဲ့ပြီး ယခင်ရန်ကုန်ဘူတာကြီးက စတင်ထွက်ခွာသည့် စာပို့ရထားကိုမူ ကြည့်မြင်တိုင်ဘူတာမှ စတင်ထွက်ခွာခြင်းသို့ ပြောင်းလဲပြေးဆွဲခဲ့ကြောင်း မြန်မာ့မီးရထားက သတင်းရရှိသည်။










