မြန်မာအမျိုးသားလေကြောင်းလိုင်းက နိုင်ငံအတွင်းနှင့် အာရှပစိဖိတ်ဒေသများသို့ လေယာဉ်စင်းလုံးငှားခရီးစဉ်များ ပျံသန်းရာတွင် ကူမင်း၊ အင်ချွန်းနှင့် စင်ကာပူနိုင်ငံများသို့ Cargo ခရီးစဉ်များအား ငှားရမ်းမှုများပြား

မြန်မာအမျိုးသားလေကြောင်းလိုင်းက နိုင်ငံအတွင်းနှင့် အာရှပစိဖိတ်ဒေသများသို့ လေယာဉ်စင်းလုံးငှားခရီးစဉ်များ ပျံသန်းရာတွင် ကူမင်း၊ အင်ချွန်းနှင့် စင်ကာပူနိုင်ငံများသို့ Cargo ခရီးစဉ်များအား ငှားရမ်းမှုများပြား
Published 22 August 2022

မြန်မာအမျိုးသားလေကြောင်းလိုင်းက နိုင်ငံအတွင်းနှင့် အာရှပစိဖိတ်ဒေသများသို့ လေယာဉ်စင်းလုံးငှားခရီးစဉ်များ ပျံသန်းရာတွင် ကူမင်း၊ အင်ချွန်းနှင့် စင်ကာပူနိုင်ငံများသို့ Cargo ခရီးစဉ်များအား ငှားရမ်းမှုများပြားကြောင်း မြန်မာအမျိုးသားလေကြောင်းလိုင်း၏ စီအီးအို ကပ္ပတိန်ခုပ်ခန့်မုံက ဆိုသည်။

“စင်းလုံးငှားလေယာဉ်ခရီးစဉ်တွေအနေနဲ့ ကူမင်း၊ အင်ချွန်းနဲ့ စင်ကာပူနိုင်ငံတွေကို ငှားရမ်းမှု ပိုများပါတယ်။ အများဆုံးကတော့ ကုန်ပစ္စည်းတင်စင်းလုံးငှားလေယာဉ်ခရီးစဉ်ဖြစ်ပြီး Seafood နဲ့ အထည်အလိပ်တွေ ပို့ဆောင်တာများပါတယ်” ဟု မြန်မာအမျိုးသားလေကြောင်းလိုင်း၏ စီအီးအိုဖြစ်သူ Capt ခုပ်ခန့်မုံက ပြောကြားသည်။

နိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်းလိုင်း၏ လေယာဉ်များအား မြန်မာနိုင်ငံတွင်းနှင့် အာရှပစိဖိတ်ဒေသများသို့ စင်းလုံးငှားခရီးစဉ်ငှားရမ်းပျံသန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

လေယာဉ်စင်းလုံးငှားခရီးစဉ်နှင့် ပတ်သက်သောအချက်အလက်များကို charter@flymna.com သို့ email ပေးပို့၍ အသေးစိတ်မေးမြန်းနိုင်ကြောင်း သိရသည်။

နိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ၏ ပြည်တွင်းခရီးစဉ်များတွင် Moblie Application မှ တစ်ဆင့် Online Cehci-in ပြုလုပ်ပြီး E-Boarding Pass ထုတ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

Online Check-in သည် ပြည်တွင်းခရီးစဉ်များအတွက်သာဖြစ်ပြီး လေယာဉ်ထွက်ခွာချိန်မတိုင်မီ ၂၄နာရီမှ ၇၅ မိနစ်အတွင်းအချိန်မရွေး Online Check-in ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

Online Check-in ပြုလုပ်ပြီး ရရှိလာသော E-Boarding Pass အား Print ထုတ်ပြီး ယူဆောင်လာရမည်ဖြစ်သည်။ Mobile Application ကို App Store နှင့် Google Play store တို့တွင် Download ပြုလုပ်ပြီး Mobile Application တွင် ခရီးစဉ်အချိန်ဇယားများရှာဖွေခြင်း၊ လေယာဉ်လက်မှတ်ဝယ်ယူခြင်း၊ ငွေပေးချေခြင်း၊ မိမိ၏ခရီးစဉ် အချက်အလက်များ စစ်ဆေးခြင်း၊ Online Check-in ပြုလုပ်ခြင်းနှင့် E-Boarding Pass ရယူခြင်း အစရှိသော ခရီးစဉ်ဆိုင်ရာဝန်ဆောင်မှုများကို ရယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းက ပျံသန်းနေသည့် ပြည်ပခရီးစဉ်များတွင် Boeing လေယာဉ်တစ်စီးအား ထပ်မံအားဖြည့်ရန် စီစဉ်နေပြီး လာမည့်အောက်တိုဘာမတိုင်ခင်ရောက်ရှိပြီး ခရီးစဉ်များ ပျံသန်းနိုင်ရန် စီစဉ်နေကြောင်း မြန်မာအမျိုးသားလေကြောင်းလိုင်း၏ စီအီးအိုဖြစ်သူကပ္ပတိန် ခုပ်ခန့်မုံ၏ ပြောကြားချက်အရ သိရသည်။

“ကျွန်တော်တို့ မြန်မာအမျိုးသားလေကြောင်းလိုင်းအနေနဲ့ သုံးစီးမြောက်ဘိုးရင်း လေယာဉ်ရောက်လာဖို့ စီစဉ်နေပါတယ်။ ခုလက်ရှိမှာယခင်က ပျံသန်းခဲ့တဲ့ တရုတ်နိုင်ငံခရီးစဉ်တစ်ခုဖြစ်တဲ့ ချန်ဒူးနဲ့ဟောင်ကောင်ကို ပျံသန်းနိုင်ဖို့ ညှိနှိုင်းနေပါတယ်။ နောက်ပြီးအိန္ဒိယနိုင်ငံကိုလည်း ခရီးသည်တင်လေယာဉ်ခရီးစဉ်တွေ ပျံသန်းနိုင်ဖို့ စီစဉ်နေပါတယ်။ နောက်ထပ်ရည်မှန်းထားတဲ့ Target တစ်ခုက ဒူဘိုင်းကို နိုင်ငံတကာခရီးစဉ်ပျံသန်းနိုင်ဖို့ပါ။ ဒါကလည်း သိပ်မကြာတော့ပါဘူး။ ကျွန်တော်တို့ဆီကို သုံးစီးမြောက်ဘိုးရင်းလေယာဉ်ရောက်လာတဲ့အချိန်မှာ အချိန်ကိုက်ပျံသန်းနိုင်ဖို့ စီစဉ်နေပါတယ်” ဟု မြန်မာအမျိုးသားလေကြောင်းလိုင်း၏ စီအီးအိုဖြစ်သူ ကပ္ပတိန်ခုပ်ခန့်မုံက ပြောကြားသည်။

Most Read

Most Recent