၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီမှ ဇွန်လကုန်အထိ သုံးလအတွင်း မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၂၂ သန်းနီးပါးသာ ဝင်ရောက်ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီမှ ဇွန်လကုန်အထိ သုံးလအတွင်း ကုန်ထုတ်လုပ်မှုကဏ္ဍတစ်ခုတည်းတွင် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၂၁ ဒသမ ၉၉၁ သန်း ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံအတွင်းသို့ နှစ်အလိုက်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဝင်ရောက်ခဲ့မှုအနေဖြင့် ၁၉၈၈-၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်အထိ ဒေါ်လာ ၄၀ ဒသမ ၆၉၃ ဘီလျံ (၄၀၆၉၃ ဒသမ ၈၆၇ သန်း)၊၂၀၁၂- ၁၃ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၁ ဒသမ ၄၁၉ ဘီလျံံ (၁၄၁၉ ဒသမ ၄၆၇ သန်း)၊၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင်ဒေါ်လာ ၄ ဒသမ ၁၀၃ ဘီလျံ ( ၄၁၀၃ ဒသမ ၉၅၇ သန်း)၊၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၈ ဒသမ ၀၁၀ ဘီလျံံ (၈၀၁၀ ဒသမ ၅၃၃ သန်း)၊၂၀၁၅-၁၆ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၉ဒသမ ၄၈၆ ဘီလျံ (၉၄၈၆ ဒသမ ၁၂၃ သန်း)၊ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၆ ဒသမ ၆၄၉ ဘီလျံ (၆၆၄၉ ဒသမ ၈၁၂ သန်း)၊၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၅ ဒသမ ၇၁၈ ဘီလျံံ (၅၇၁၈ ဒသမ ၀၈၆ သန်း)၊၂၀၁၈ ခုနှစ် ဧပြီမှစက်တင်ဘာအထိ Mini Budget ခြောက်လအတွင်း ဒေါ်လာ ၁ ဒသမ ၇၆၄ ဘီလျံံ (၁၇၆၄ ဒသမ ၇၀၁ သန်း)၊၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၄ ဒသမ ၁၅၈ ဘီလျံံ (၄၁၅၈ ဒသမ ၄၇၄ သန်း)၊၂၀၁၉-၂ဝဘဏ္ဍာနှစ်တွင် ဒေါ်လာ ၄ ဒသမ ၈၈၀ ဘီလျံံ (၄၈၈၀ ဒသမ ၉၇၃သန်း)၊ ၂၀၂၀-၂၁ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၃ ဒသမ ၇၉၁ ဘီလျံံ (၃၇၉၁ ဒသမ ၃၉၈ သန်း)၊ ၂၀၂၁ -၂၀၂၂ ဘဏ္ဍာနှစ် (Mini Budget) ကာလခြောက်လအတွင်း ဒေါ်လာ ၆၄၇ ဒသမ ၁၂၇ သန်း အသီးသီးဝင်ရောက်ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။
၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (Mini Budget) ခြောက်လအတွင်းနိုင်ငံအလိုက် ဝင်ရောက်မြှုပ်နှံမှုအနေဖြင့် စင်ကာပူက ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၂၉၇ ဒသမ ၃၄၉ သန်း၊ တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၁၄၂ ဒသမ ၁၃၇ သန်း၊ တိုင်ပေက ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၈ ဒသမ ၆၄၁ သန်း၊ ပြင်သစ်က ဒေါ်လာ ၀ ဒသမ ၄၉၇ သန်း၊ ဟောင်ကောင်က ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၁၀၉ ဒသမ ၁၄၀ သန်း၊ အိန္ဒိယကဒေါ်လာ ၀ ဒသမ ၅၅၀ သန်း၊ အင်ဒိုနီးရှားက ဒေါ်လာ ၅ ဒသမ ၁ သန်း၊ ဂျပန်က ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၄ ဒသမ ၅၃၀ သန်း၊ မလေးရှားက ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၀ ဒသမ ၃၁၂ သန်း၊ ROK က ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၆၂ ဒသမ ၆၉၃ သန်း၊ Samoa က ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာနှစ်သန်း၊ Seychelles က ဒေါ်လာ ၁ ဒသမ ၃၄၃ သန်း၊ ထိုင်းက ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ခုနစ်သန်း၊ နယ်သာလန်က ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်အပါအဝင် ဒေါ်လာလေးသန်း၊ UK ကရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၀ ဒသမ ၃၃၅ သန်း၊ နီပေါက ဒေါ်လာ ၁ ဒသမ ၅ သန်းဝင်ရောက်ထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။