ပို့ကုန်သွင်းကုန် လိုင်စင်/ပါမစ် လျှောက်ထားမှုကို  ဇူလိုင် ၁၈ ရက်မှစ၍ မွန်းလွဲ ၂ နာရီအထိသာ လက်ခံမည်

ပို့ကုန်သွင်းကုန် လိုင်စင်/ပါမစ် လျှောက်ထားမှုကို  ဇူလိုင် ၁၈ ရက်မှစ၍ မွန်းလွဲ ၂ နာရီအထိသာ လက်ခံမည်
Published 16 July 2022

Tradenet 2.0 စနစ်ကို နည်းပညာပိုင်းဆိုင်ရာ အဆင့်မြှင့်တင်မည်ဖြစ်သဖြင့် ပို့ကုန်သွင်းကုန် လိုင်စင်/ ပါမစ်လျှောက်ထားမှုကို ဇူလိုင် ၁၈ ရက်မှစ၍ မွန်းလွဲ ၂ နာရီ အထိသာ လက်ခံမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ ဇူလိုင် ၁၅ ရက်က ထုတ် ပြန်ထားသည်။

Tradenet 2.0 စနစ်ဖြင့် ပို့ကုန်သွင်းကုန် လိုင်စင်/ပါမစ် လျှောက်ထားမှုအားလုံးကို ရုံးဖွင့်ရက်များအတွင်း နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအတွင်း လျှောက်ထားရခြင်းဖြစ်သည်။

လက်ရှိတွင် Tradenet 2.0 စနစ်ကို နည်းပညာပိုင်းဆိုင်ရာ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများဆောင်ရွက်ရန်နှင့် ပို့ကုန်သွင်းကုန်လိုင်စင်/ ပါမစ်လျှောက်ထားမှုကို အချိန်နှင့်တစ်ပြေးညီ စိစစ်ခွင့်ပြုဆောင်ရွက်နိုင်ရန်အတွက် ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဇူလိုင် ၁၈ ရက်မှစ၍ Tradenet 2.0 စနစ်အသုံးပြု၍ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ်အပါအဝင် ဆက်စပ်ကတ်များ၊ ပို့ကုန်သွင်းကုန်လိုင်စင်/ပါမစ် လျှောက်ထားမှုအားလုံးကို ရုံးဖွင့်ရက်များအတွင်း နံနက် ၉ နာရီခွဲမှ နေ့လည်၂ နာရီ အထိသာ လျှောက်ထားနိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ကုန်သည်လုပ်ငန်းရှင်များ၏ ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များ အခက်အခဲများ မရှိစေရေးအတွက် ရုံးဖွင့်ရက်များအတွင်း မွန်းလွဲ ၂ နာရီအချိန်မတိုင်မီကြိုတင်၍လုပ်ငန်းများပြီးစီးအောင် ဆောင်ရွက်ထားရန် လိုအပ်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

Most Read

Most Recent