မြန်မာနေရှင်နယ်လိဂ်ကော်မတီကို ပြန်လည်ဖွဲ့စည်းခဲ့ပြီး ဥက္ကဌနေရာအား ဦးဇော်မင်းသိန်းကို လွှဲအပ်လိုက်ပြီဖြစ်ကြောင်း သိရသည်။
မြန်မာနေရှင်နယ်လိဂ်ကော်မတီအစည်းအဝေးကို ပြီးခဲ့သည့် ဇွန် ၉ ရက်က ရန်ကုန်မြို ့ရှိ နိုဗိုတယ်ဟိုတယ်၌ ပြုလုပ်ခဲ့ပြီး ယင်းအစည်းအဝေး၌ လိဂ်ကော်မတီကို အသစ်ပြန်လည်ဖွဲ ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် လိဂ်ကော်မတီအား အသစ်ပြန်လည် ဖွဲ့စည်းလိုက်ကြောင်း၊ ဥက္ကဌနေရာအား ဦးဇော်မင်းသိန်းကို လွှဲအပ်လိုက်ကြောင်းနှင့် အဖွဲ့ဝင်များအား ကလပ်အသင်းကိုယ်စားလှယ်များမှ ရွေးချယ်တာဝန်းပေးအပ်ကြောင်း အစရှိသည်များကိုသာ သတင်းထုတ်ပြန်ခဲ့ပြီး အသေးစိတ်ကိုမူ သတင်းထုတ်ပြန်ခြင်းမရှိခဲ့ကြောင်း သိရသည်။
မြန်မာနေရှင်နယ်လိဂ်ကော်မတီ၏ ဥက္ကဌရာထူးကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်(MFF) ဥက္ကဌ ဦးဇော်ဇော်၊ ဒုဥက္ကဌနှင့်ဘဏ္ဍာငွေရှာဖွေရေးဆပ်ကော်မတီဥက္ကဌရာထူးကို MFF ဒုဥက္ကဌ ဒေါက်တာ စိုင်းဆမ်ထွန်းတို့က ကာလကြာရှည် တာဝန်ယူထမ်းဆောင်ခဲ့ကြသည်။
ယခု လိဂ်ကော်မတီ ဥက္ကဌရာထူး လွှဲအပ်ခြင်းခံရသည့် ဦးဇော်မင်းသိန်းမှာ ရခိုင်ယူနိုက်တက်အသင်း ဥက္ကဌဖြစ်ကြောင်း သိရသည်။