ကျောက်မဲမြို့နယ်တွင် ခရီးသည်တင် မှန်လုံယာဉ်နှင့် အိမ်စီးကား တိုက်မိပြီး တစ်ဦး သေဆုံးကာ တစ်ဦး ပြင်းထန်ဒဏ်ရာရရှိ

ကျောက်မဲမြို့နယ်တွင် ခရီးသည်တင် မှန်လုံယာဉ်နှင့် အိမ်စီးကား တိုက်မိပြီး တစ်ဦး သေဆုံးကာ တစ်ဦး ပြင်းထန်ဒဏ်ရာရရှိ
Published 8 June 2022
ပြည့်စုံ (မူဆယ်)

ဓာတ်ပုံ- ကမ်းလင့်လက်များလူမှုကူညီရေးအသင်း နောင်ပိန်တိုက်နယ်၊ နောင်ပိန်

ရှမ်းပြည်နယ် (မြောက်ပိုင်း ) ကျောက်မဲ မြို့နယ် စခန်းသာရွာနှင့် နားအိုက်ခန့်ကျေးရွာ ကြား ကျော်စခန်းအကွေ့ မိုင်တိုင်အမှတ် ၁၀၀ နှင့် ၁၀၁ ကြား၌ ဇွန် ၈ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်က ခရီးသည်တင်မှန်လုံယာဉ်နှင့် အိမ်စီးကားတို့တိုက်မိခဲ့ရာ တစ်ဦးသေဆုံးပြီး တစ်ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ကျောက်မဲဘက်မှ မန္တလေးဘက်သို့ မောင်းနှင်လာသော အိမ်စီးကား Hilux နှင့် မန္တလေးဘက်မှ မောင်းနှင်လာသော ခရီးသည်တင် ဂျိန်းဖောသူခေါင်းစီးစာတန်းပါ  မှန်လုံယာဉ်တို့ ကျောက်မဲမြို့နယ် ကျော်စခန်း အကွေ့၌ တိုက်မှုဖြစ်ပွားခဲ့ရာ အိမ်စီးကားရှေ့ ပိုင်း ကြေမွပျက်စီးခဲ့ပြီး အိမ်စီးကားပါ အမျိုး သားမှာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ကာ ၎င်းင်း ကားပေါ်ပါ အမျိုးသမီးမှာ ပြင်းထန်ဒဏ်ရာ များရရှိခဲ့ပြီး မှန်လုံယာဉ်ရှေ့‌အောက်ကာများ နှင့် မီးခွက်များပျက်စီးခဲ့ပြီး ခရီသည်များ အ ထိအခိုက်မရှိခဲ့ကြောင်း သိရသည်။

“မိုးကရွာနေတာ။ လမ်းကလည်းချော်တယ်။ ခရီးသည်တင်ယာဉ်က သူ့ညာဘက် ခြမ်းလယ်ကွင်းထဲထိုးချခဲ့တော့ ခရီးသည်တွေ တော့ ဘာမှမဖြစ်ဘူး။ ကွေ့ဆိုတော့ နည်းနည်း တော့ ပန်းကွေ့ရတဲ့သဘောရှိတယ်။ အိမ်စီး ကားပေါ်မှာ လူနှစ်ယောက်ပါလာတယ်။အ မျိုးသားက အခင်းဖြစ်နေရာမှာ သေသွားတယ်။ အမျိုးသမီးကတော့ ပြင်းထန်ဒဏ်ရာရသွား တယ်။ သူတို့ကိုတော့  နမ့်ခုံးရှမ်းများပရဟိတ အသင်းကားအပြင် မန္တလေးက လူနာပို့ပြန် လာတဲ့ အရေးပေါ်ကားတစ်စီးက တင်ဆောင် ပြီး ကျောက်မဲဆေးရုံကြီးကို မောင်းပို့သွား တယ်” ဟု ကမ်းလင့်လက်များလူမှုကူညီရေး အသင်းနောင်ပိန်တိုက်နယ်၊ နောင်ပိန်မှ  တာ ဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ကျောက်မဲခရိုင် နောင်ချိုဂုတ်တွင်းမှ ကျောက်မဲမြို့ ကြား မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်၌ လမ်းကြော အခြေအနေ အကြောင်းအခြင်းအရာအရပ် ရပ်အပြင် ရာသီဥတုအခြေအနေ၊ ယာဉ်မောင်း များ၏ မဆင်မခြင်မောင်းနှင်မှုများကြောင့်  ယာဉ်မတော်တဆမှုများ၊ တိမ်းမှောက်မှုများ မကြခဏဆိုသလိုဖြစ်ပွားလေ့ရှိကြောင်း သိရ သည်။

 

 

 

Most Read

Most Recent