လာမည့် MNL ပြိုင်ပွဲအတွက် ရန်ကုန်ယူနိုက်တက်အသင်း ပြည်တွင်းကစားသမားသစ်များ ဆက်တိုက်ခေါ်ယူနေ

လာမည့် MNL ပြိုင်ပွဲအတွက် ရန်ကုန်ယူနိုက်တက်အသင်း ပြည်တွင်းကစားသမားသစ်များ ဆက်တိုက်ခေါ်ယူနေ
Photo: YUFC
Photo: YUFC
Published 8 June 2022

 

MNL ကလပ် ရန်ကုန်ယူနိုက်တက် အသင်းသည် လာမည့် MNL ပြိုင်ပွဲအတွက် ပြည်တွင်းကစားသမားသစ်များ ဆက်တိုက်ခေါ်ယူနေကြောင်း သိရသည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် ပြီးခဲ့သည့်လမှစတင်ကာ ပြည်တွင်းကစားသမားသစ်များ ခေါ်ယူအားဖြည့်နေခြင်းဖြစ်ပြီး စတုတ္ထမြောက်ခေါ်ယူမှုအဖြစ် မြန်မာ ယူ-၂၂ အသင်း နောက်ခံလူ ဟိန်းဇေယျာလင်းကို ခေါ်ယူခဲ့ခြင်းဖြစ်သည်။ 

ဟိန်းဇေယျာလင်း သည် ၂၀၁၅ ခုနှစ်မှစတင်ကာ မြဝတီလူငယ် အသင်းတွင် သုံးရာသီကစားပြီးနောက် မကွေး လူငယ်အသင်းသို့ ၂၀၁၈ ခုနှစ်တွင် ပြောင်းရွှေ့ခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် မကွေးစီနီယာ အသင်းတွင် ကစားခွင့်ရပြီးနောက် ယူ-၂၂ လူငယ်လက်ရွေးစင်အသင်းတွင် ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။ 

ဟိန်းဇေယျာလင်းသည် ၃၁ ကြိမ်မြောက် ဗီယက်နမ်ဆီးဂိမ်းစ်ပြိုင်ပွဲဝင်အသင်းတွင်လည်း ရွေးချယ်ခံခဲ့ရသည်။ ရန်ကုန်အသင်းသည် လာမည့်ရာသီအတွက် ပြည်တွင်းကစားသမားများသာ ခေါ်ယူနေပြီး ဟိန်းဇေယျာလင်းမတိုင်မီက ဂိုးသမား ဘုန်းသစ္စာမင်း၊ ကွင်းလယ်ကစားသမား ကျော်မင်းဦး၊ နောက်ခံလူသီဟထက်အောင်တို့ကို ခေါ် ယူထားခြင်းဖြစ်သည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် လာမည့်ရာသီအတွက် ကစားသမားသစ်များ ထပ်မံခေါ်ယူအားဖြည့်ရန် စီစဉ်လျက်ရှိပြီး ကစားသမားအချို့ကိုလည်း စမ်းသပ်မှုများ ပြုလုပ်လျက်ရှိသည်။ ရန်ကုန်ယူနိုက်တက် အသင်း ခေါ်ယူခဲ့သည့် ကစားသမားများ အနက် ကျော်မင်းဦးနှင့် သီဟထက်အောင် တို့မှာ အသင်းဟောင်းသို့ ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်။ ရန်ကုန်ယူနိုက်တက် အသင်းသည် ယင်းကစားသမားလေးဦးစလုံး ကို တစ်ရာသီသာ စာချုပ် ချုပ်ဆိုထားခြင်း ဖြစ်သည်။ 

Most Read

Most Recent