အရင်းအနှီးစျေးကွက်သည် တိုင်းပြည်နိုင်ငံ၏ စီးပွားရေး အခြေအနေလက္ခဏာရပ်များကို ဖော်ပြ တိုင်းတာသည့် ကိရိယာ ဖြစ်သကဲ့သို့ ဘဏ္ဍာရေးကဏ္ဍ၏ အရေးကြီးသည့် အစိတ်အပိုင်း တစ်ရပ်လည်း ဖြစ်ပါသည်။ ထို့ပြင် အရင်းအနှီး စျေးကွက်သည် ပြည်တွင်း အရင်းအမြစ်များကို စုစည်းခြင်းနှင့် ကုန်ထုတ်လုပ်မှုလုပ် ငန်းများအတွက် ရင်းနှီးမြှုပ်နှံခြင်းများကို အထိရောက်ဆုံး ရွေးချယ် ဆောင်ရွက်နိုင်စေမည့် လမ်း ကြောင်းများကိုလည်း ဖော်ပြပေးပါသည်။ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုနှင့် ပြည်ပရင်းနှီးမြှုပ်နှံမှု နှစ်မျိုး စလုံးအတွက် ဆွဲဆောင်မှုရှိသော အခွင့်အလမ်းများကို ဖော်ထုတ်ပေး သည့် စျေးကွက်လည်း ဖြစ်ပါသည်။
အရင်းအနှီး စျေးကွက်အဖြစ် ခေါ်ဆိုထားရှိသည့်အတိုင်းပင် အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍများ အတွက် အရင်းအနှီးကို မြှင့်တင်ရာတွင် အရေးကြီးသည့် အခန်းကဏ္ဍ က ပါဝင်လျက်ရှိနေသကဲ့သို့ ဘဏ္ဍာ ရေးစနစ် တည်ငြိမ်စေရန်နှင့် တိုးတက်ဖွံ့ဖြိုးလာစေရန်ကိုလည်း ထိန်းညှိပေးပါသည်။ ဘဏ်များ ပြိုလဲ ပျက်စီးသည့်အချိန်များတွင်လည်း အရင်းအနှီးစျေးကွက်များက မပြိုလဲ မပျက်စီးစေရန် ကာကွယ်ပေး ပါသည်။
“Capital markets are a useful spare tire” in the (increas-ingly common!) event of a banking crisis. (Reference: 1, pp-1). ဖော်ပြထားချက်အရ “ဘဏ်များ ပြိုလဲပျက်စီးသည့် ဖြစ်ရပ်များတွင် အရင်းအနှီးစျေးကွက်များက ကားတာယာ အရန်ဘီး (အပိုဘီး) ဆောင်ထားသကဲ့သို့ အသုံးဝင်စေပါသည်။” ထို့ကြောင့် အရင်းအနှီး စျေး ကွက်များသည် တိုင်းပြည်နိုင်ငံ တော် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ဘဏ္ဍာရေးကဏ္ဍ တည်ငြိမ်စေရေး အတွက် အလွန်အရေးပါသည့် စျေး ကွက်အမျိုးအစားများ ဖြစ်ကြပါ သည်။ အရင်းအနှီးစျေးကွက်၏အရေးပါပုံကို တင်ပြပြီးဖြစ်သည့် အတွက် စာရေးသူတို့ တိုင်းပြည် နိုင်ငံတွင် တည်ရှိနေသည့် အရင်းအနှီး စျေးကွက်အခြေအနေကို တင်ပြပါမည်။
စာရေးသူတို့ တိုင်းပြည်နိုင်ငံ ၏ အရင်းအနှီးစျေးကွက်အကြောင်း ကို စတင်ရေးသားတင်ပြနိုင်ရန် လေ့ လာရာတွင် စာရေးသူကဲ့သို့ သာမန် ပြည်သူ ပြည်သားအဆင့်နှင့် တည်ရှိနေသည့် ပကတိ အခြေအနေကို အလုံးစုံ သိမြင်နားလည်နိုင်စေရန်မှာ လွန်စွာခက်ခဲသည့် အခြေအနေ ဖြစ်သည်ကိုလည်း တွေ့ရှိရပါသည်။ အဘယ်ကြောင့်ဆိုသော် မိမိတို့ တိုင်းပြည်နိုင်ငံတွင် တည်ရှိဖြစ်ပေါ် လျက်ရှိသည့် စျေးကွက်များသည် ကမ္ဘာပေါ်ရှိ ဖွံ့ဖြိုးပြီးနိုင်ငံများက ကျင့်သုံးလျက်ရှိသည့် သဘော တရားများ၊ သီအိုရီများနှင့် နှိုင်းယှဉ် လေ့လာရာတွင် ပကတိ အခြေအနေ လက်ေ တွ့ရှင်သန်လည်ပတ်နေခြင်း များမှာ များစွာ ကွာခြားလျက် ရှိနေ ခြင်းကြောင့် ဖြစ်ပါသည်။
အထက်ပါကဲ့သို့ တည်ရှိဖြစ် ပေါ်နေသည်မှာလည်း ထူးဆန်းသည့် အခြေအနေတစ်ရပ်မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် မိမိတို့ တိုင်းပြည်နိုင်ငံတွင် အရင်းအနှီး စျေးကွက် စတင်သန္ဓေတည်ပေါက် ပွားလာသည့် အခြေအနေကပင် ကောင်းမွန်စွာ သန္ဓေတည်ပြီး ပေါက်ပွား မွေးဖွားလာစေခဲ့ခြင်း မဟုတ်ပါ။ မွေးဖွား ပေါက်ပွားပြီးချိန်မှာ လည်း ကောင်းမွန်စွာ ပြုစုပျိုးထောင် စေခဲ့ခြင်းမဟုတ်ပါ။ အဘယ်ကြောင့် ဆိုသော် အရင်းအနှီးစျေးကွက် သန္ဓေတည်စတင်စေခဲ့သည့် ၁၉၉၆ ခုနှစ် အချိန်ကာလများသည် စစ် အုပ်ချုပ်ရေးကာလများဖြစ်သည့် အတွက် စစ်အုပ်ချုပ်ရေးနှင့် အရင်းအနှီးစျေးကွက်သည် ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်နေပါသည်။
အရင်းအနှီးစျေးကွက်များသည် စနစ်တကျ ဗဟိုချုပ်ကိုင်မှုရှိ သည့် စီးပွားရေးစနစ်များနှင့် လွတ်လပ်သည့် ေ စျ းကွက်စီးပွားရေးစနစ်များအောက်တွင် ရှင်သန်ရပ်တည်နိုင်ပါသော်လည်း အမိန့်ပေးစီးပွားရေး (Common Economy) စနစ် အောက်တွင်မူ ကောင်းမွန်စွာ ရှင် သန် ရပ်တည်နိုင်ရန် မဖြစ်နိုင်ပါ။ ထို့ကြောင့် ယနေ့အချိန်အထိ ဖုတ် လိုက် ဖုတ်လိုက်နှင့်သာ ရပ်တည် ရှင်သန်နေရသည့် အခြေအနေဖြစ် ပါသည်။
အရင်းအနှီးစျေးကွက် ဖွံ့ဖြိုးမှု သည် စီးပွားရေးလုပ်ငန်းများ လုပ် ကိုင်ဆောင်ရွက်ခြင်းများအတွက် တည်ရှိနေသည့် ပတ်ဝန်းကျင်အခြေ အနေအပေါ်တွင်လည်း မူတည် လျက်ရှိနေပါသည်။ “Capital market development ultimately depends crucially on the overall environment for doing business.”
(Reference: 1, pp-3), ဖော်ပြထား ချက်အရ “အရင်းအနှီးစျေးကွက် ဖွံ့ဖြိုးမှုသည် စီးပွားရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ခြင်းအတွက် တည်ရှိနေသည့် ပတ်ဝန်းကျင်အခြေ အနေအပေါ်တွင် လုံးဝ တည်မှီ လျက် ရှိနေပါသည်။”
စာရေးသူ ယခုဆောင်းပါးကို ရေးသားတင်ပြရသည့် အကြောင်းရင်းမှာ မိမိတို့ တိုင်းပြည်နိုင်ငံတွင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ဘဏ္ဍာရေးစနစ်ကို တည်ငြိမ် စွာ ထိန်းသိမ်းဆောင်ရွက်နိုင်စေရေး အလို့ငှာ အားကောင်းသန်မာပြီး ရေရှည် ရှင်သန်ရပ်တည်နိုင်စေမည့် အရင်းအနှီးစျေးကွက်များ ဖြစ်ထွန်း ပေါ်ပေါက်လာ စေရေးကို ရည်ရွယ် ပါသည်။ ထို့ပြင် အရင်းအနှီး စျေး ကွက်များသည် တိုင်းပြည်နိုင်ငံ၏ နိုင်ငံရေး အုပ်ချုပ်ရေးစနစ်များ အပေါ်တွင် လုံးဝ တည်မှီလျက်ရှိနေ ပါသဖြင့် နိုင်ငံတော်၏ အချုပ် အခြာအာဏာကို ရယူထားကြသူ များအနေဖြင့် အရင်းအနှီးစျေးကွက် များ ပျက်စီးယိုယွင်းခြင်းများ မဖြစ် ပေါ်စေရန် သတိပြုနိုင်စေရေးကို လည်း ရည်ရွယ်ပါသည်။
ပထမဦးစွာ အရင်းအနှီး စျေး ကွက်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များ နှင့် သဘောတရားများကို တင်ပြ ဆွေးနွေးပါမည်။ အရင်းအနှီး စျေးကွက်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များကို ဦးသက်ထွန်းဦး၏ စာအုပ် (Rererence-2) တွင် ရေးသားတင်ပြ ထားချက်များအား အခြေခံကာ တင်ပြပါမည်။ ဖော်ပြထားချက်အရ “အရင်းအနှီး စျေးကွက်ဆိုသည်မှာ သက်တမ်း တစ်နှစ်ထက် ပိုသော ကာလရှည် ငွေချေး သက်သေခံ လက်မှတ်များ (Securities ) ကို အရောင်းအဝယ် ပြုလုပ်သော စျေး ကွက်ကို ခေါ်ဆိုပါသည်။” အရင်း အနှီး စျေးကွက်တွင် မူလစျေးကွက် (Primary Market) နှင့် ဆင့်ပွား စျေးကွက် (Secondary Market) ဟူ၍ ထပ်မံ ခွဲခြားထားပါသည်။
မူလစျေးကွက် ဆိုသည်မှာ စတော့ရှယ်ယာများ၊ ငွေချေးစာချုပ် များကို အများပြည်သူသို့ စတင်ဖြန့် ဖြူးရောင်းချသော စျေးကွက်ဖြစ်ပြီး ဆင့်ပွားစျေးကွက် ဆိုသည်မှာ ထုတ်ဝေရောင်းချပြီးသော ငွေချေးသက် သေခံ လက်မှတ်များကို ပြန်လည် ရောင်းဝယ်ဖောက်ကားသောစျေး ကွက် (Trading Market) ဖြစ်ပါ သည်။
ဆင့်ပွားစျေးကွက်တွင် စတော့ စျေးကွက် (Stock Market) နှင့် ငွေ ချေးစာချုပ်စျေးကွက် (Bond Market) ဟူ၍ ခွဲခြားထားပါသည်။ (Reference: 2, pp-17).
အရင်းအနှီးစျေးကွက်တွင် ပါဝင်သည့် စာချုပ်စာတမ်းများ၊ ကိရိယာတန်ဆာပလာများမှာ ((Capital Market Instruments)) (က) ငွေချေးစာချုပ်များ (Bonds)၊ (ခ) အစိုးရ ငွေချေးစာချုပ်များ (Government Bonds)၊ (ဂ) ကော်ပိုရိတ် ငွေချေးစာချုပ်များ (Corporate Bonds)၊ (ဃ) စတော့ရှယ်ယာများ၊ (င) ကြွေးမြီကို ငွေချေး သက်သေ ခံလက်မှတ်အဖြစ် အသွင်ပြောင်း ငွေရှာမှုနှင့် အာမခံ စာချုပ်များ၊ (စ) ဒီရစ်ဗစ်တစ် စျေး ကွက်များ (Derivative Markets) တို့ ဖြစ်ကြပါသည်။ အားလုံးကို အသေးစိတ်ရှင်းလင်းတင်ပြခြင်း မပြုတော့ပါ။ သို့သော်လည်း ဒီရစ် ဗစ်တစ် စျေးကွက်များကိုမူ အနည်း ငယ် ရှင်လင်းတင်ပြပါမည်။
ဒီရစ်ဗစ်တစ် စျေးကွက်များ ဆိုသည်မှာ ဆုံးရှုံးနိုင်ခြေရှိမှု (Risk) များကို လျော့နည်း သက်သာစေရန် အတွက် စီမံဆောင်ရွက်ပေးသော စျေးကွက်ဖြစ်ပြီး ကြိုရောင်း ကြိုဝယ် စျေးကွက် (Future Market) နှင့် ဝယ်ယူသူတို့၏ စိတ်ကြိုက် ရွေးချယ် ပိုင်ခွင့်ရှိသော စျေးကွက် Option Market တို့ ဖြစ်ပါသည်။
ယင်းတွင် (Put Option) နှင့် (Call Option) စသည်တို့ ပါဝင်ပါ သည်။ (Reference: 2, pp-18-20).
ဒုတိယအနေဖြင့် မိမိတို့ တိုင်း ပြည်နိုင်ငံတွင် တည်ရှိဖြစ်ပေါ်လျက် ရှိသည့် အရင်းအနှီးစျေးကွက်များ အကြောင်းကို တင်ပြ ဆွေးနွေးပါ မည်။ စာဖတ်သူတို့ သတိပြုမိကြမည် ထင်ပါသည်။ စာရေးသူတို့၏ တိုင်း ပြည်နိုင်ငံသည် လွတ်လပ်ရေး ရရှိ ပြီးသည့် အချိန်မှစတင်ကာ တစ် နိုင်ငံလုံးကို လွှမ်းခြုံသည့် ငြိမ်ဝပ်ပိ ပြားရေး (Law and Order) ကို တည်ဆောက်နိုင်ခြင်း မရှိခဲ့သည်မှာ ယနေ့ထက်တိုင်ဖြစ်ပါသည်။ ငြိမ်ဝပ် ပိပြားစေရေး အဆင့်မျှကိုပင်မတည် ဆောက်နိုင်ခဲ့ကြသဖြင့် တစ်နိုင်လုံး ကို လွှမ်းခြုံနိုင်စေမည့် တရားဥပဒေ စိုးမိုးရေး (The Rule of Law) ကို တည်ဆောက်နိုင်ရန်မှာ အလှမ်းဝေး ကွာလျက်ရှိနေပါသည်။ တရားဥပဒေ စိုးမိုးရေး (The Rule of Law) ကို မတည်ဆောက်နိုင်ခဲ့ပါလျှင် စျေးကွက်များ တည်ရှိဖြစ်ပေါ်ပြီး ပုံမှန်လည်ပတ်စေရန်မှာ လုံးဝ မဖြစ် နိုင်သည့် အခြေအနေဖြစ်ပါသည်။
ထို့ကြောင့် အရင်းအနှီးစျေး ကွက်အမျိုးအစားများမှာလည်း အမှန်တကယ် တိုင်းပြည်နိုင်ငံတော် နှင့် ပြည်သူ ပြည်သားများအား အကျိုးဖြစ်ထွန်းစေမည့် ငွေကြေး စနစ်နှင့် ဘဏ္ဍာရေးစနစ်ကို အခြေ ပြုသည့် စျေးကွက်များ ဖြစ်ထွန်းပေါ် ပေါက်လာစေခြင်းထက် တိုင်းပြည် နိုင်ငံတော်နှင့် ပြည်သူ ပြည်သားများ ၏ အကျိုးစီးပွားများကို ပျက်စီး ယိုယွင်းစေသည့် အာဏာနှင့် လုပ် ပိုင်ခွင့်ကို အခြေပြုသော ဆူလွယ် နပ်လွယ် ယာယီ (ရေတို) စျေးကွက် များသာ ဖြစ်ထွန်းပေါ်ပေါက်လာစေ ခဲ့ပါသည်။
အာဏာနှင့် လုပ်ပိုင်ခွင့်ကို အခြေပြုသော ဆူလွယ်နပ်လွယ် ယာယီ (ရေတို) စျေးကွက် အမျိုး အစားများနှင့် ငွေကြေးစနစ်နှင့် ဘဏ္ဍာရေးစနစ်ကို အခြေပြုသည့် စျေးကွက် အမျိုးအစားများကို ပုံတွင် ဖော်ပြထားပါသည်။ အချို့သော ပညာရှင်ကြီးများက အာဏာနှင့် လုပ်ပိုင်ခွင့်ကို အခြေပြုသော ဆူ လွယ်နပ်လွယ် ယာယီ (ရေတို) စျေး ကွက် အမျိုးအစားများတွင် မူးယစ် ဆေးဝါး ထုတ်လုပ်ဝယ်ယူရောင်းချ သည့် စျေးကွက်ကိုပါ ထည့်သွင်းရန် အကြံပြုကြပါသည်။ ငွေကြေးစနစ် နှင့် ဘဏ္ဍာရေးစနစ်ကို အခြေပြု သည့် စျေးကွက်အမျိုးအစားများ အကြောင်းကို စာတမ်းစာစောင်များ တွင် တွေ့ရှိသိမြင်ရပါသော်လည်း အာဏာနှင့် လုပ်ပိုင်ခွင့်ကို အခြေ ပြုသော ယာယီ (ရေတို) စျေးကွက် အမျိုးအစားများအကြောင်းကိုမူ သုတေသနပြု လေ့လာတင်ပြထား သည့် စာတမ်းစာစောင်များအဖြစ် လုံးဝ မတွေ့ရှိရပါ။
တတိယအနေဖြင့် အနာဂတ်ကာလ မိမိတို့တိုင်းပြည်နိုင်ငံတွင် အားကောင်းမောင်းသန် ရေရှည်ဖွံ့ ဖြိုး တိုးတက်စေမည့် တရားဝင် အရင်းအနှီး စျေးကွက်များ တည်ရှိ ဖြစ်ပေါ်လာစေရေးအတွက် အဆိုပြု ချက်အချို့ကို တင်ပြပါမည်။
ဦးစားပေးသင့်သည့်အချက်မှာ တစ်နိုင်လုံးကို လွှမ်းခြုံနိုင်စေမည့် တရားဥပဒေ စိုးမိုးရေး ((The Rule of Law)) ကို တည်ဆောက်နိုင်ရန် ဖြစ်ပါသည်။ တရားဥပဒေ စိုးမိုးရေးကို တည် ဆောက် နေစဉ်အချိန်ကာလအတွင်း တိုင်းပြည် နိုင်ငံတော်၏ အချုပ် အခြာအာဏာကို ရယူထားကြသူ များအနေနှင့် ‘မူ’ နှင့် ‘မူဝါဒ’ များကို စနစ်တကျ ချမှတ်ပြီးလျှင် တိုင်းပြည် နိုင်ငံတော်နှင့် ပြည်သူ ပြည်သား များအတွက် အလွယ်တကူ သိမြင်ပြီး လိုက်ပါဆောင်ရွက်နိုင်စေမည့် လမ်း ကြောင်းများကို ဖော်ဆောင်ပေးရန် ဖြစ်ပါသည်။
ထို့ပြင် တစ်ဖက်က တိုင်းပြည် နိုင်ငံတော်နှင့် ပြည်သူ ပြည်သားများ အား ရေရှည် အကျိုးဖြစ်ထွန်းစေမည့် ငွေကြေးစနစ်နှင့် ဘဏ္ဍာရေးစနစ်ကို အခြေပြုသည့် တရားဝင် အရင်းအ နှီး စျေးကွက်များ ဖြစ်ထွန်းပေါ် ပေါက်လာစေရန် ကြိုးပမ်းအား ထုတ်သကဲ့သို့ အခြားတစ်ဖက်က လည်း တိုင်းပြည်နိုင်ငံတော်နှင့် ပြည်သူပြည်သားများ၏ အကျိုး စီးပွားများကို ပျက်စီးယိုယွင်းစေ သည့် အာဏာနှင့် လုပ်ပိုင်ခွင့်ကို အခြေပြုသော ဆူလွယ်နပ်လွယ် ယာယီ (ရေတို) တရားမဝင် အရင်း အနှီး စျေးကွက်များ တဖြည်းဖြည်း နှင့် လျော့နည်း ကျဆင်းစေကာ လုံးဝကွယ်ပျောက်စေသည်အထိ ဆောင်ရွက်ကြရန် ဖြစ်ပါသည်။
ရှောင်ရန်အချက်မှာ ဟာရီ အက်(စ်) ထရူးမင်း၏ ထင်ရှားကျော် ကြားလှသည့် မှတ်ချက် ((Harry S. Truman’s Famous Remark) ကလေးကို အခြေခံပြီး တင်ပြပါမည်။ မှတ်ချက်ကလေးမှာ “Poor Ike, he’ll say ‘do this, do that,’ and nothing will happen,” (Reference: 3). ဖော်ပြထားချက် အရ မြန်မာဘာသာပြန်ဆိုရပါလျှင် “အိုက်(ခ်)ရေ။ သူကတော့ ဒီလို လုပ် ပါ။ ဟိုလို လုပ်ပါ ပြောမှာပဲ။ ဒါပေမဲ့ ပြောတဲ့အတိုင်း လိုက်လုပ်နေရင် ဘာမျှ အောင်မြင် ဖြစ်မြောက်လာမှာ မဟုတ်ပါဘူး။ ဘာအရွေ့မှလည်း ဖြစ်လာမှာ မဟုတ်ဘူး” ဖြစ်ပါသည်။ နိုင်ငံတော်၏ အချုပ်အခြာအာဏာ ကို ရယူထားကြသူများအနေဖြင့် အရင်းအနှီးစျေးကွက်များနှင့် ပတ် သက်သည့် ကိစ္စရပ်များတွင် “ဒီလို လုပ်ပါ။ ဟိုလို လုပ်ပါ” အမိန့်ပေး စေခိုင်းပြီး နံကြားထောက် ဆုံးဖြတ် ချက်များ ချမှတ်နေကြခြင်းကို အထူး ဂရုပြု ရှောင်ရှားကြစေလိုပါသည်။
နိဂုံးချုပ်အနေဖြင့် တင်ပြလို သည်မှာ မိမိတို့ တိုင်းပြည်နိုင်ငံတွင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ဘဏ္ဍာရေးစနစ်ကို တည်ငြိမ်စွာ ထိန်းသိမ်း ဆောင်ရွက်နိုင်စေရေးအလို့ငှာ အားကောင်းသန်မာပြီး ရေရှည်ရှင်သန် ရပ်တည်နိုင်စေမည့် တရားဝင် အရင်းအနှီးစျေးကွက်များ ဖြစ်ထွန်းပေါ်ပေါက်လာစေရေးကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ကြပါစေကြောင်းနှင့် အရင်းအနှီး စျေးကွက်များသည် တိုင်းပြည် နိုင်ငံ၏ နိုင်ငံရေး အုပ်ချုပ်ရေး စနစ်များအပေါ်တွင် လုံးဝ တည်မှီလျက်ရှိနေပါသဖြင့် နိုင်ငံတော်၏ အချုပ်အခြာ အာဏာကို ရယူထားကြသူများအနေဖြင့် မိမိတို့၏ အပြုအမူ ဦးစား ပေးသည့် မူနှင့် မူဝါဒများကြောင့် အရင်းအနှီးစျေးကွက်များ ပျက်စီးယိုယွင်းစေတတ်သည်ကို သတိပြု ဆင်ခြင်နိုင်ကြပါစေကြောင်း ရေး သားတင်ပြအပ်ပါသည်။
Reference:
1. Documents from Workshop on the Development of the Financial Sector in Myanmar and It’s Role in Supporting Inclusive Economic Growth and Poverty Reduction, 7-8 November 2011, Chatrium Hotel, Yangon.
၂. သက်ထွန်းဦး (၂၀၁၄)၊ “စတော့ ရှယ်ယာစျေးကွက် အခင်းအကျင်း” (ဒုတိယအကြိမ်)၊ ျွှငျိသာ ံသကျနယ (စာအုပ် ၄၂)။
3. Guy Black (1969)? “The Application of System Analysis to Government Operation”, Second Printing, Frederick A. Praeger, pp-156.










