စရိတ်စကနှင့် ဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် ထုတ်လုပ်မှုတန့်နေခဲ့သည့် မြန်မာ့ကုန်ထုတ်လုပ်ငန်းများ

စရိတ်စကနှင့် ဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် ထုတ်လုပ်မှုတန့်နေခဲ့သည့် မြန်မာ့ကုန်ထုတ်လုပ်ငန်းများ
Published 5 June 2022
နီလာ

ရန်ကုန်မြို့ လှိုင်သာယာစက်မှုဇုန်ကို တွေ့ရစဉ်

မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ကုန်ကြမ်းစရိတ်စကများနှင့် ပို့ဆောင်ခများ မြင့်တက်လာခြင်း၊ ဈေးနှုန်းများ မြင့်တက်လာခြင်းနှင့် ဒေါ်လာငွေလဲလှယ်နှုန်း အခြေမသာခြင်းတို့က စရိတ်စက ၀န်ထုပ်ဝန်ပိုးများ တိုးမြှင့်ပေးခဲ့ကာ မြန်မာ့ထုတ်လုပ်ရေးကဏ္ဍ မေလတွင် တန့်နေခဲ့ကြောင်း ၂၀၂၂ ခု နှစ် မေလအတွက် ထုတ်ပြန်သည့် S&P Global မြန်မာထုတ်လုပ်မှု PMI (Manufacturning Purchasing Manager’s Index) ထည့်ကုန် ၀ယ်ယူရေး မန်နေဂျာများ၏ အညွှန်း) စစ် တမ်းတွင် ဖော်ပြထားသည်။

အဓိကအကျဆုံးအညွန်းကိန်း  မြန်မာနိုင်ငံ၏ထုတ်လုပ်မှု PMI သည် ကြားနေ အမှတ် ၅၀ ဒသမ ၀ ၏အောက်သို့ ဒသမ ဂဏန်းမျှ ကျဆင်းသွားမှုက မြန်မာနိုင်ငံတွင်း ကုမ္ပဏီများ၏ လုပ်ကိုင်မှုအခြေအနေများ ကျယ်ပြန့်စွာ တန့်လာခြင်းကို ညွှန်ပြလိုက် သည်။

ထုတ်လုပ်မှုနှင့် အော်ဒါအသစ်များ နှစ်ခုစလုံးသည် ဧပြီလ၏ အသင့်အတင့်တိုး တက်မှုနောက်ပို င်း ကျဆင်းသွားပြီး ၀ယ်ယူမှု များကို တစ်ဟုန်ထိုး ကျဆင်းစေခဲ့သည်။

ထို့ပြင် ပစ္စည်းပေးသွင်းရေးကွင်းဆက် များတွင် ဖိအားပေးမှု ပြင်းထန်နေခဲ့ပြီး ပျမ်းမျှ သွင်းကုန်များ ပေးသွင်းရန် ကြာမြင့်ချိန်များ မှာ မှတ်တမ်းတွင် အမြင့်ဆုံးနှုန်းသို့ မြင့်တက် သွားခဲ့သည်။

ဈေးနှုန်းများအနေဖြင့် သွင်းကုန်စရိတ် များနှင့် ရောင်းဈေးများ နှစ်ခုစလုံး သမိုင်းဝင် အမြင့်ဆုံး ဈေးနှုန်းများသို့ မြင့်တက်သွားသည်။ အများစု၏အဆိုအရ ကုန်ကြမ်းစရိတ်စက များနှင့် ပို့ဆောင်ခများ မြင့်လာခြင်း၊ ကုန် ကြမ်းပစ္စည်းများ ဆက်လက်ရှားပါးနေခြင်းနှင့် ဒေါ်လာကျပ်ငွေလဲလှယ်နှုန်း အခြေမသာ ခြင်းတို့က စရိတ်စက ၀န်ထုပ်ဝန်ပိုးများကို တိုးမြှင့်ပေးခဲ့သည်။

ထုတ်လုပ်နိုင်စွမ်းကို ဖော်ပြပေးသော ပေါင်းစပ်ထားသည့် တစ်ခုတည်းသောအညွှန်းကိန်းဖြစ်သည့် S&P Global မြန်မာထုတ် လုပ်မှု PMI အညွှန်းကိန်းကို မေလတွင် ၄၉ ဒသမ ၉ ၌ မှတ်တမ်းတင်ခဲ့ရာ ဧပြီလ  ၅၀ ဒသမ ၄ ထက် နိမ့်ကျနေသည်။ ထုတ်လုပ်မှု တိုးလာမှုနှင့် ကျဆင်းမှုကို ပိုင်းခြားပေးသည့် အပြောင်းအလဲမရှိ အမှတ် ၅၀ ဒသမ ၀ ၏အောက်သို့ ဒသမ ဂဏန်းမျှ နိမ့်ကျသွားခြင်း က ဧပြီလအတွင်း အနည်းငယ်မျှအခြေအနေ ကောင်းလာခဲ့သည့်နောက်တွင် ဒုတိယသုံးလ ပတ်အလယ်၌ မြန်မာနိုင်ငံတွင်း ထုတ်လုပ်ရေး ကဏ္ဍမှာ ကျယ်ပြန့်စွာ တန့်နေခဲ့ခြင်းကို ညွှန်ပြ နေသည်ဟု ဖော်ပြထားသည်။

ထုတ်လုပ်ရေးကဏ္ဍတစ်ဝန်းတွင် ထုတ် လုပ်မှုသည် ဧပြီလသည် ခဏတဖြုတ်တိုး လာခဲ့သည့်နောက် မေလတွင် အကျဘက်ကို ပြန်လည်ဦးတည်ခဲ့ကြောင်း၊ သို့သော်လည်း ကျဆင်းသွားသည့်နှုန်းမှာမူ အသင့်အတင့်မျှ သာရှိကြောင်း၊ ယင်းကျဆင်းမှုကို အော်ဒါ အသစ်များ အနည်းငယ်ကျဆင်းလာမှုနှင့် တိုက်ဆိုင်ခဲ့ကြောင်း၊ ဖောက်သည်များ၏ ငွေရေးကြေးရေး အခက်အခဲများကြောင့် ထို သို့ ကျဆင်းလာခဲ့ရသည်ဟု အများစုက ဖော်ပြ ကြကြောင်း သိရသည်။

“မြန်မာနိုင်ငံအတွင်း ထုတ်လုပ်ရေး ကုမ္ပဏီများရဲ့ လုပ်ငန်းအခြေအနေများအနေ နဲ့ မေလမှာ ကျယ်ပြန့်စွာ တန့်လာခဲ့ပါတယ်။ရောင်းချရမှုများ အားလုံးမသိမသာ ဆုတ် ယုတ်လာခဲ့ပြီး ပစ္စည်းပေးသွင်းမှု ကြာမြင့်ချိန် တွေ စံချိန်တင်တိုးလာခဲ့တဲ့အကြားတွင် ထုတ် လုပ်မှု ပြန်ကျလာခဲ့ခြင်းမှာ မှတ်သားရမယ့် အချက်ပါ။ အလုပ်ခန့်မှုအညွှန်းကိန်းမှာ တိုး တက်မှုနယ်ပယ်ထဲတွင်ရှိနေသော်လည်း စစ် တမ်း၏နောက်ဆုံ လအတွင်းမှာ အရှိန်ကျ လာခဲ့လျက် နည်းပါးတဲ့အလုပ်ခန့်မှုနှုန်းကိုသာ ညွှန်ပြနေပါတယ်” ဟု Global Market Intelligence မှ စီးပွားရေးပညာရှင် Maryam Baluch က ပြောကြားခဲ့သည်။

ဝယ်လိုအားအခြေအနေများ အားပျော့ လာနေချိန်တွင် ထုတ်လုပ်ရေးကုမ္ပဏီများ သည် စစ်တမ်း၏ နောက်ဆုံးလတွင် မိမိတို့၏ ၀ယ်ယူရေးလုပ်ငန်းများကို ခြောက်လအတွင်း  အလျင်မြန်ဆုံးနှုန်းဖြင့် လျှော့ချခဲ့ကြသည်။ ထို့ပြင် မြန်မာနိုင်ငံတစ်ဝန်းရှိ ထုတ်လုပ်ရေး ကုမ္ပဏီများ လက်ထဲတွင် ရှိနေခဲ့သည့် ထုတ် လုပ်မှုအကြို လက်ကျန်စာရင်းများပါ ပိုပြင်း ထန်သည့်နှုန်းဖြင့် ကျဆင်းလာခဲ့သည်။

ကုန်ကြမ်းရှားပါးမှုနှင့် မီးပြတ်တောက် မှုများ ဆက်ရှိမြဲရှိနေခဲ့ခြင်းကြောင့် လက်ကျန် အလုပ်များကို ရှေ့ဆက်တိုးမြင့်စေခဲ့ကြောင်း၊ လက်ကျန်အလုပ်များ စုစည်းလာမှုနှုန်းမှာ စစ်တမ်းကာလအတွင်း စံချိန်တင်အမြင့်ဆုံး ဖြစ်ခဲ့သည့် ဖေဖော်ဝါလရီလက် အားပျော့ခဲ့ သော်လည်း ခြုံကြည့်လျှင် သိသာစွာ မြင့်မား နေဆဲဖြစ်သည်။

ထုတ်ကုန်စွမ်းအားကိုတိုးချဲ့ရန်နှင့် ထုတ်လုပ်ရေးလုပ်ငန်းစဉ် အရှိန်မြှင့်ပေးရန် ကြိုးပမ်းမှုအဖြစ် ကုမ္ပဏီများက ၀န်ထမ်းဦး ရေကို တိုးချဲ့ခန့်ရန် ဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။

သို့သော်လည်း အလုပ်သမားများကို ရှာဖွေရာတွင် ကုမ္ပဏီများအနေဖြင့် အခက် အခဲများတွေ့ရသောကြောင့် အလုပ်နေရာဖန် တီး မှုနှုန်းမှာ ဧပြီလထက် အားပျော့ခဲ့ ကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။

ဈေးနှုန်းများကို လေ့လာကြည့်ပါက လည်း မေလတွင် ငွေကြေးဖောင်းပွမှု ဖိအား ပေးမှုများ မြင့်မားလျက်ရှိနေပြီး သွင်းကုန်စု ဈေးနှုန်းများ၏ ဖောင်းပွမှုနှုန်းမှာ ဧပြီလထက် မသိမသာမြန်လာခဲ့သည်။

ပစ္စည်းများ ရှားပါးမှု၊ ငွေလဲလှယ်နှုန်း အခြေမသာခြင်းနှင့် ကုန်ကြမ်းဈေးနှုန်းများ မြင့်တက်လာခြင်း အားလုံးတို့သည် စရိတ်စက များ နောက်ဆုံးမြင့်တက်လာမှု၏အကြောင်း ရင်းများ ဖြစ်ကြသည်။ ကုမ္ပဏီများက သွင်း ကုန် ကုန်ကျစရိတ် မြင့်တက်လာမှုကို ကာမိ စေရန် မိမိတို့၏ ရောင်းဈေးများကို ဆက်လက် ပြီး မြှင့်တင်ခဲ့ကြသော်လည်း ရောင်းဈေးများ ၏ ဖောင်းပွမှုနှုန်းမှာ မေလတွင် လေးလ အတွင်း အနိမ့်ဆုံးသို့ အားပျော့သွားခဲ့သည်။

“ပစ္စည်းပေးသွင်းသူတို့ဘက်မှ ပျက် ကွက်မှုတွေ၊ ဈေးနှုန်းများ မြင့်တက်လာမှု တွေနဲ့ ငွေလဲနှုန်းအခြေမသာခြင်း အားလုံး တို့က ကုန်ကျစ ရိတ်တွေကို တိုးမြှင့်စေခဲ့ပြီး အားနည်းနေခဲ့ပြီးသား ၀ယ်လိုအား ကားချပ် ပုံအပေါ်ကို ဖိစီးခဲ့ကြပါတယ်။ ဒါ့အပြင် တစ် ကမ္ဘာလုံး နိုင်ငံရေးအခြေအနေ မရေရာမှု တွေနဲ့ နိုင်ငံဘက်က COVID-19 ကို တုံ့ပြန်မှု နှေးကွေးနေခြင်းတို့က အနာဂတ်မျှော်လင့် ချက်တွေအတွက် အန္တရာယ်များ တိုးမြင့်စေ ခဲ့ပါတယ်}}ဟု ၎င်းက ဆက်လက်ပြောကြား ခဲ့သည်။

နောက်ဆုံးအနေဖြင့် လာမည့်  ၁၂ လ အတွက် ထုတ်လုပ်မှုဆိုင်ရာ အကောင်းမြင်မှု အဆင့်မှာ မေလတွင် မသိမသာအားသန်လာခဲ့ သော်လည်း သမိုင်းစဉ်ဒေတာနှင့်ယှဉ်ကြည့် လျှင် အားပျော့လျက် ရှိနေဆဲပင်ဖြစ်ကြောင်း၊ စစ်တမ်းတွင် ပါဝင်ဖြေဆိုခဲ့ကြသူ လေးရာ ခိုင်နှုန်းကသာ လာမည့်နှစ်ထဲတွင် ထုတ်လုပ် မှုတိုးလာမည်ဟု ခန့်မှန်းကြချိန်တွင် အပြောင်း အလဲရှိမည်မဟုတ်ဟု မျှော်လင့်ခဲ့သူ ၉၆ ရာ ခိုင်နှုန်းရှိခဲ့သောကြောင့် လုပ်ငန်းများ၏ ယုံ ကြည်မှုမှာ အားနည်းခဲ့ရခြင်းဖြစ်ကြောင်း စစ် တမ်းတွင် ဖော်ပြထားသည်။

“နောက်ဆုံးစစ်တမ်းအရ လုပ်ငန်းဆိုင် ရာ ယုံကြည်မှု မသိမသာပိုကောင်းလာခဲ့ပါ တယ်။ သို့သော်လည်း အကောင်းမြင်မှုမှာ ထုတ်လုပ်မှု တိုးလာမှုအဖြစ် လက်တွေ့ရုပ် လုံးပေါ်လာမည်လားဆိုတဲ့ အချက်ကိုတော့ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှု တွေကို နိုင်ငံအနေနဲ့ ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းအပေါ်မှာ မူတည် ပါလိမ့်မယ်” ဟု S &P Global Market Intelligence မှ စီးပွားရေးပညာရှင် Maryam Baluch ကသုံးသပ်ပြောကြားခဲ့သည်။

 

Most Read

Most Recent