မန်စီးတီးအသင်းသို့ ဟော်လန်း ပြောင်းရွှေ့လာခြင်းမှာ ငွေကြေးကြောင့် မဟုတ်ဟု မန်စီတီးအမှုဆောင်ချုပ် ဆိုရီယာနို ပြောကြား

မန်စီးတီးအသင်းသို့ ဟော်လန်း ပြောင်းရွှေ့လာခြင်းမှာ ငွေကြေးကြောင့် မဟုတ်ဟု မန်စီတီးအမှုဆောင်ချုပ် ဆိုရီယာနို ပြောကြား
Photo: MCFC
Photo: MCFC
Published 26 May 2022

မန်စီးတီးအသင်း၏အမှုဆောင်ချုပ်ဖြစ်သူ ဆိုရီယာနိုက နာမည်ကျော် နော်ဝေတိုက်စစ်မှူး ဟော်လန်းအနေဖြင့် မန်စီးတီးအသင်းသို့ ပြောင်းရွှေ့ခဲ့ခြင်းမှာ ငွေကြေးကြောင့်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

မန်စီးတီးအသင်းသည် ဥရောပထိပ်တန်းအသင်းကြီးများကို ကျော်ကာ အသက် (၂၁)နှစ်အရွယ်ရှိ ဒေါ့မွန်တိုက်စစ်မှူး ဟော်လန်းကို စာချုပ်လျော်ကြေး ပေါင် (၅၁) သန်းဖြင့် ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်သည်။

ဟော်လန်းသည် မန်စီးတီးအသင်းတွင် တစ်ပတ်လစာ ပေါင် (၃၈၅၀၀၀) ရရှိမည်ဖြစ်ကြောင်း သိရသည်။

သို့သော် မန်စီးတီးအမှုဆောင်ချုပ် ဆိုရီယာနိုကမူ ဟော်လန်းအနေဖြင့် မန်စီးတီးအသင်းကို ရွေးချယ်ခဲ့ခြင်းမှာ ငွေကြောင့်မဟုတ်ကြောင်း အခိုင်အမာပြောကြားခဲ့သည်။

ဆိုရီယာနိုက '' ဟော်လန်းက ကျွန်တော်တို့ကို ရွေးချယ်ခဲ့တာပါ။ ပြောင်းရွှေ့ကြေးကို ခင်ဗျားတို့လည်း မြင်မှာပေါ့။ အရမ်းသင့်တော်တဲ့ စျေးဖြစ်ပါတယ်။ ပြီးတော့ ကျွန်တော်တို့ သူ့ကိုပေးတဲ့ လစာကလည်း ကျွန်တော်တို့ တတ်နိုင်တဲ့ ပမာဏပါပဲ။ မန်ယူ၊ ဘိုင်ယန်နဲ့ ရီးယဲလ်တို့က ကျွန်တော်တို့ထက် ပိုပေးနိုင်ပေမဲ့ ဟော်လန်းက မန်စီးတီးကိုပဲ ရွေးချယ်ခဲ့တာပါ''ဟု ဆိုခဲ့သည်။

Most Read

Most Recent