မန္တလေး-ပြင်ဦးလွင် လမ်းတွင် ၂၂ ဘီးတပ် မော်တော်ယာဉ်တစ်စီး အရှိန်လွန် တိမ်းမှောက်မှုဖြစ်ပွား

မန္တလေး-ပြင်ဦးလွင် လမ်းတွင် ၂၂ ဘီးတပ် မော်တော်ယာဉ်တစ်စီး အရှိန်လွန် တိမ်းမှောက်မှုဖြစ်ပွား
Published 23 May 2022
သတင်း - သက်ထွန်းအောင်

ဓာတ်ပုံ-စေတနာမွန် လူမှုကူညီရေးအသင်း(အုန်းချော)

မန္တလေး-ပြင်ဦးလွင် မိုင်တိုင်အမှတ် 16/4 အနီးတွင် ၂၀၂၂ ခုနှစ်၊ မေလ၊ ၂၃ ရက်၊ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်က နောက်တွဲပါ ၂၂-ဘီးတပ် မော်တော်ယာဉ်တစ်စီး အရှိန်လွန် တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း စေတနာမွန် လူမှုကူညီရေးအသင်း(အုန်းချော) မှ သတင်းရရှိပါသည်။

အဆိုပါယာဉ်သည် ယာဉ်တိမ်းမှောက်ပြီး ချောက် နှုတ်ခမ်းတွင် တင်ရှိနေကြောင်း ဆက်သွယ်မှု သတင်းအရ စေတနာမွန် လူနာတင်ယာဉ်များနှင့် ကယ်ဆယ်ရေးယာဉ်တို့မှ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်အား "ဦးစွာရောက်ရှိကူညီပေးကြသူများ လမ်းကြုံကြိုက်စွာရောက်ရှိလာသော လုပ်ငန်းသုံး ကရိန်းယာဉ်တို့ဖြင့် ချောက်နှုတ်ခမ်းတွင် တင်ရှိနေသော အမျိုးသားနှစ်ဦးကို အောင်မြင်စွာ ထုတ်ယူနိုင်ခဲ့ကြောင်း၊ ရောက်ရှိ ကူညီပေးကြသည့် ပြည်သူများနှင့်

ကရိန်းယာဉ်တို့ကို လေးစားစွာ ကျေးဇူးတင်ရှိကြောင်း" စေတနာမွန် လူမှုကူညီရေးအသင်း(အုန်းချော)မှ Facebook စာမျက်နှာတွင် ရေးသားထားသည်။မော်တော်ယာဉ်များအနေဖြင့် ပြင်ဦးလွင်အဆင်းလမ်းတွင် တောက်လျှောက်မနားဘဲ ဆင်းခြင်းကြောင့် ဘရိတ်ပူကာ ဘရိတ်မမိခြင်းများဖြစ်ပေါ်နိုင်သောကြောင့် ၂၁ မိုင်တွင် မော်တော်ယာဉ်နားကာ ရေထိုးခြင်းများ ပြုလုပ်သင့်ကြောင်း စေတနာမွန် လူမှုကူညီရေးအသင်း(အုန်းချော)မှ တာဝန်ရှိသူတစ်ဦးထံ သိရသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် အမျိုးသားနှစ်ဦး (မစိုးရိမ်ရ)ဒဏ်ရာရရှိသူတို့အား‌မန္တလေး ဆေးရုံကြီးသို့ စေ‌တနာမွန် လူနာတင်ယာဉ်များဖြင့်ပို့ဆောင်ကူညီနိုင်ခဲ့ကြောင်း သိရှိရပါသည်။

Most Read

Most Recent