ဘာပေနေရာအစားထိုးရန် ဂျော်အိုဖေးလစ်ကို PSG အသင်း ပစ်မှတ်ထား

ဘာပေနေရာအစားထိုးရန် ဂျော်အိုဖေးလစ်ကို PSG အသင်း ပစ်မှတ်ထား
Photo: Marca
Photo: Marca
Published 19 May 2022

PSG အသင်းသည် အသင်းတိုက်စစ်မှူး ဘာပေ၏နေရာတွင် အစားထိုးရန်အတွက် အက်သလက်တီကိုတိုက်စစ်မှူး ဂျော်အိုဖေးလစ်ကို ခေါ်ယူရန် ပစ်မှတ်ထားနေကြောင်း စပိန်မီဒီယာများက ဖော်ပြနေကြသည်။

အသက် (၂၃)နှစ်အရွယ်ရှိ ပြင်သစ်တိုက်စစ်မှူး ဘာပေသည် ယခုရာသီကုန်တွင် PSG အသင်းနှင့် စာချုပ်သက်တမ်းမည်ဖြစ်ပြီး ရီးယဲလ်သို့ ပြောင်းရွှေ့ရန် သဘောတူညီမှုရထားပြီဟု သတင်းများထွက်ပေါ်နေသည်။

ထို့ကြောင့် PSG အသင်းသည် ၎င်းနေရာတွင် အစားထိုးရန် ဂျော်အိုဖေးလစ်ကို ပစ်မှတ်ထားလာခြင်းဖြစ်ကြောင်း သိရသည်။

အသက် (၂၂)နှစ်အရွယ် ပေါ်တူဂီတိုက်စစ်ကစားသမား ဂျော်အိုဖေးလစ်သည် ယခုရာသီ အက်သလက်တီကိုအတွက် ပြိုင်ပွဲစုံ (၃၅)ပွဲတွင် (၁၀)ဂိုး သွင်းယူထားသည်။ 

Most Read

Most Recent