ပခုက္ကူမြို့ အမှတ် (၁) ရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် သားအမိနှစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

ပခုက္ကူမြို့ အမှတ် (၁) ရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် သားအမိနှစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ
Published 18 May 2022

ပခုက္ကူမြို့ အမှတ် (၁ ) ရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် သားအမိ နှစ်ဦးအား အမည်မသိ လက်နက်ကိုင်များက  သေနတ်ဖြင့် ပစ်သတ်မှု မေလ ၁၇ ရက်နေ့ မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပခုက္ကူမြို့ ၊ အမှတ် (၁) ရပ်ကွက် သီတာလမ်း နှင့် ဗိုလ်ချုပ်လမ်းထောင့်ရှိ နေအိမ်တစ်အိမ်တွင် မေလ ၁၇ ရက် နေ့ မွန်းလွဲ ၂ နာရီကျော်က အသက် (၆၀ ) အမျိုးသမီး တစ်ဦး နှင့် အသက် ၄၀ ကျော် အမျိုးသား တစ်ဦးအား အမည်မသိ လက်နက်ကိုင်များအား သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း သိရသည်။

ပစ်ခတ်မှုကြောင့် ဒေါ်ခင်ညွန့်ဝေ အသက် (၆၀) ကျော်မှာ ဒန်းပေါ်တွင် ခေါင်းစိုက်ကျလျက်သေဆုံးနေပြီး  ၎င်း၏ သားဖြစ်သူ ကိုမျိုးမြင့်ဦး အသက် (၄၀) ကျော်မှာ မြေပြင်တွင် လဲကျ သေဆုံးခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ပွားရာ ရပ်ကွက်ရှိ နေထိုင်သူများ ပြောကြားချက် အရ သေနတ်သံ ၆ ချက်ခန့် ကြားခဲ့ကြောင်း ၊ ပေါက်ကွဲသံလည်း ကြားခဲ့ကြောင်း နှင့် သားအမိ နှစ်ဦးမှာ သေနတ်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။

ဖေ့စ်ဘုတ်လူမှုကွန်ရက်စာမျက်နှာအချို့တွင် ရဲတပ်ဖွဲ့ဝင်တစ်ဦးအား ၎င်းနေအိမ်သို့ ဝင်ရောက်ရှာဖွေရာ ရဲတပ်ဖွဲ့ဝင်အား မတွေ့ရှိသည့်အတွက် အမေဖြစ်သူ နှင့် အစ်ကိုဖြစ်သူတို့အား ပစ်ခတ်ရှင်းလင်းမှု ပြုလုပ်ခဲ့ကြောင်း ရေးသားကြောင်း သိရသည်။

 

Most Read

Most Recent