(၁)
ပဒိုင်းသီးကိုဆုပ်ကိုင်လျှင် စူး ၏။ ပဒိုင်းစေ့ကိုစားလျှင် ရူးတတ်၏။ ကိုင်ထား၍လည်းမဖြစ်၊ စားလိုက် လျှင်လည်း ဝေဒနာခံစားရမည့် အခြေအနေ။ ထို့သိ ု့ရွေးချယ်စရာမရှိ တော့ပြီဆိုလျှင် ဆုပ်လျှင်စူး၊ စား လျှင်ရူးဟုပြောလေ့ရှိသည်။ ယခု ကမ္ဘာကြီးသည် ထိုအခြေအနေမျိုး နှင့် တည့်တည့်တိုးနေခဲ့ပြီ။ အင်ဖ လေးရှင်း (Inflation) ဟူသော ပဒိုင်းသီးကို ဒီအတိုင်း ထား၍လည်းမရ၊ ဟန့်တား တိုက်ဖျက်ခဲ့လျှင်လည်း ဖြစ်လာမည့် အကျိုးဆက်များက လူအဖွဲ့အစည်းအတွက် အခက်အ ခဲ၊ ဒဏ်ရာဝေဒနာများ ဖြစ်လာနိုင် သည်။ ဤသို့ဖြင့် ယနေ့ကမ္ဘာကြီး သည် အင်ဖလေးရှင်းနှင့် ပတ်သက်၍ “ဆုပ်လည်းစူး၊ စားလည်းရူး” အ ကျဉ်းအကျပ် အခြေအနေမျိုးဖြင့် ထွက်ပေါက် ရှာရခက်နေခဲ့ပြီဖြစ်သည်။
(၂)
ရေနံစျေးနှုန်းများ မြင့်တက် ခြင်းသတင်းဆိုးများနှင့်အတူ ကိုဗစ်နိုင်တင်း လှိုင်းသစ်များက ထနေဆဲ။ တရုတ်နိုင်ငံတွင်း၌လည်း လော့ခ်ဒေါင်းချ ပိတ်ပင်မှု သတင်းများကြား နေရသည်။ ကုန်ပစ္စည်းမျိုးစုံတို့၏စျေးနှုန်းများက အထက်သို့သာ ဦး တည်နေကြ၏။ ငွေကြေးဖောင်းပွမှု ဟု ခေါ်သည့် အင်ဖလေးရှင်းသည် အားလုံးကို ခြောက်လှန့်နေပြီ။ အင် ဖလေးရှင်းသည် မြေပြင်ရှိ သား ကောင်ကို ရှာဖွေရင်း ကောင်းကင် ၌ ပျံဝဲနေသည့် သိမ်းငှက်တစ်ကောင် ကဲ့သို့ပင် ထိတ်လန့် ကြောက်ရွံ့စရာ ကောင်းနေတော့သည်။ ရေနံစျေး နှုန်းမြင့်တက်မှုနှင့် နောက်ထပ်ဖြစ် လာသည့် ရောင်းလိုအား ကွင်းဆက် လမ်းကြောင်း တစ်လျှောက် အ နှောင့်အယှက် အဟန့်အတားများ သည် လက်ရှိရင်ဆိုင်နေရသည့် အင်ဖလေးရှင်းကို ပိုမိုဆိုးရွားလာ စေရန် အင်အားထပ်ဖြည့်ပေးလိုက် သကဲ့သို့ရှိသည်။
(၃)
အမေရိကန်စီးပွားရေးကို လေ့ လာကြည့်သည်။ ယမန်နှစ်က သမ္မတ ဂျိုးဘိုင်ဒင် တွန်းအားပေး လုပ် ဆောင်ခဲ့သော ကြီးမားသော စီးပွား ရေး လှုံ့ဆော်မှုအစီအစဉ်သည် အမေရိကန် စီးပွားရေးအဆောက် အအုံထဲ၌ အင်ဖလေးရှင်းအခြေ အနေကို ပိုမိုကြီးထွား လာစေသည် ဟု သုံးသပ်ကြသည်။ သို့သော် အကောင်းနှင့် အဆိုးရှိသည့် လော က ဓမ္မတာအတိုင်း လမ်းညိုးထိုးပြ စရာ ရလဒ်ကောင်းတော့ ရှိခဲ့၏။ အလုပ်အကိုင် အပြည့်အဝရရှိမှု အဆင့်နီးပါးသို့ အလျင်အမြန် ပြန် လည် ရောက်ရှိ ခဲ့သည်ကို ထောက်ပြ သည်။ အကယ်၍ စီးပွားရေးလှုံ့ ဆော်မှုအစီအစဉ်ကြီးမရှိခဲ့ပါမူ မည် သို့ဖြစ်နိုင်သနည်း။ အင်ဖလေးရှင်း အခြေအနေ နိမ့်ကျကောင်းနိမ့်ကျ နိုင်သည်။ အလုပ်လက်မဲ့နှုန်းလည်း မြင့်တက်နိုင်လာသည်။
အနုတ်၊ အပေါင်းအခြေအနေ နှစ်ရပ်ဖြစ်စေသည့် အင်ဖလေးရှင်း သည် ဂရုပြုကိုင်တွယ်ရမည့်အနေ အထား ဖြစ်သည်ကို နားလည် သဘောပေါက်၏။ ယခုကျယ်ကျယ် ပြန့်ပြန့်ဖြစ်ပေါ်နေသော အင်ဖလေး ရှင်းကို သက်ဆိုင်ရာအဖွဲ့အစည်းတို့ က မည်ကဲ့သို့ ကိုင်တွယ်ဖြေရှင်းကြ မည်နည်း။
လွန်ခဲ့သောနှစ်က ကြုံတွေခဲ့ ရသော အင်ဖလေးရှင်း အခြေအနေများသည် စီးပွားရေး လှုံ့ဆော်မှု အစီအစဉ်များကြောင့် မဟုတ်ဘဲ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုများ လျော့ကျစပြုလာချိန် ပြန်လည် ထကြွလာသော စီးပွားရေးအခြေအ နေများကြောင့် ဖြစ်သည်ဟု ဆို သည်။ အမေရိကန်စီးပွားရေးအ ဆောက်အအုံထဲ၌အင်ဖလေးရှင်း အခြေအနေမြင့်မားလာမှုသည် ဖြစ် နေကျ ပျမ်းမျှထက် အနည်းငယ ်မြင့် မားခဲ့သော်လည်းဆိုးဆိုးရွားရွား မဟုတ်ဟုမြင်ကြသည်။ အိုအီးစီဒီ (OECD)အဖွဲ့ဝင်နိုင်ငံအားလုံးတွင် အင်ဖလေးရှင်းနှုန်းသည် အတော် ခုန်တက်သွားသည်။ စပိန်နှင့် ဘယ် လ်ဂျီယံ ကဲ့သို့ စီးပွားရေးလှုံ့ဆော်မှု အစီအစဉ်ကြီးကြီးမားမရှိ သည့်နိုင် ငံများ၌လည်း အင်ဖလေးရှင်းနှုန်း မှာ မြင့်မားနေသည်ကိုတွေ့ရ၏။
(၄)
တရုတ်နိုင်ငံသည်လည်း လတ်တလော ဖြစ်ပေါ်နေသော ရေနံစျေးနှုန်း မြင့်တက်မှုနှင့် ရောင်းလိုအား အဟန့်အတား၊ အခက်အခဲ အခြေအနေသစ်များကို မည်သို့ ရင် ဆိုင်ဖြေရှင်းနေရသနည်း။ အခြေ အနေနှစ်ရပ်ကို တစ်ပြိုင်နက်ကြုံ
တွေ့လိုက်ရခြင်းသည် အခက်အခဲ ကို ပိုမိုကြီးထွားသွားစေသည်။ ရုရှား - ယူကရိန်း ပဋိပက္ခကြောင့် မြင့် တက်လာသော ရေနံစျေးနှုန်း အခြေ အနေမှာ မူလကခန်မှန်းထားသည် ထက် ပို၍ ဆိုးရွားမှုမရှိခဲ့ဟု မြင်ကြ သည်။ရေနံစျေးနှုန်းအတွက် အမှန် တကယ်ကြီးမားသည့် အန္တရာယ်မှာ ကမ္ဘာ့ရေနံရောင်းလိုအားကို လျှော့ ချလိုက်ခြင်းမှ ဖြစ်ပေါ်လာသည့် အကျိုးဆက်သာဖြစ်သည်။
ဥရောပနိုင်ငံများ၏ ပိတ်ဆို့ အရေးယူမှုများကြောင့်ဖြစ်စေ သို့မဟုတ် ရုရှားနိုင်ငံကိုယ်တိုင်က တစ်ဖက်ဆုံးဖြတ်လျက် ၎င်း၏ရေနံ ပို့ကုန်များရပ်ဆိုင်းခြင်းကြောင့် ဖြစ်စေ ရုရှားနိုင်ငံ၏ ရေနံပို့ကုန်များကို ကမ္ဘာ့စျေးကွက်များထဲမှ ဖယ်ထုတ် လိုက်ခြင်းသည် ကြီးမားသော ဘေးအန္တရာယ် ဖြစ်လာနိုင်သည်။ သို့ သော် ထိုအခြေအနေနှစ်ရပ်လုံး ဖြစ် လာနိုင်ခြေ များစွာမရှိပေ။ အမေရိကန်၏ ရုရှားရေနံအပေါ် ပိတ်ဆို့ အရေးယူမှုတွင် ဥရောပနိုင်ငံများ ပါဝင်မှု မည်သို့ရှိမည်ကို မှန်းဆ၍ မရ။ ရုရှား၏ ရေနံပို့ကုန်များ ကမ္ဘာ့ စျေးကွက်များထဲမှ ကွယ်ပျောက် သွားမည့် အခြေအနေလည်း မသေ ချာပေ။ ရုရှားနိုင်ငံသည် စီးပွားရေး ပိတ်ဆို့မှု မပြုလုပ်သည့် တရုတ်၊ အိန္ဒိယနှင့် အခြား နိုင်ငံများသို့ ၎င်း၏ရေနံများကို ရောင်းချရန်ရှိလာ လိမ့်မည်။ အရှေ့အလယ်ပိုင်းဒေသ နှင့် အခြားသော ဒေသများ၊ ဥရော ပ၊ အမေရိကန်နိုင်ငံများကြား ရေနံ ရောင်းလိုအား၊ ဝယ်လိုအားလမ်း ကြောင်းများ အပြောင်းအလဲများ ဖြစ်လာနိုင်သည်။
ထိုသို့ပြောင်းလဲမှုများနှင့်ဆက် စပ်၍ ကုန်ကျစရိတ်များရှိလာသည်။ သို့သော် ထိုအခြေအနေများသည် တစ်နေ့လျှင် ရေနံစည်ပေါင်း ငါးသန်းတင်ပို့နေသည့်ရုရှနိုင်ငံ၏ဆုံး ရှုံးမှုကုန်ကျစရိတ်နှင့် နီးစပ်မှုမရှိပေ။ စျေးကွက်သည် အခြေအနေ များကို ကောင်းစွာရိပ်မိပုံပေါ်သည်။ ရေနံစျေးနှုန်းသည် ပြီးခဲ့သည့် သီ တင်းပတ်က ဖြစ်ခဲ့သည့် အမြင့်ဆုံး အခြေအနေမှ ဒေါ်လာသုံးဆယ် ကျော် ကျဆင်းခဲ့သောကြောင့် ဖြစ် သည်။
(၅)
မြင့်မားသော ငွေကြေးဖောင်းပွမှု၏ နောက်ထပ်အဓိက အကြောင်း အရင်းတွင် တရုတ်နိုင်ငံ၌ ထပ်မံ ဖြစ်ပေါ်နေသည့် ကိုဗစ်ကူးစက်မှု များကြောင့် တစ်ကျော့ပြန်ပိတ်ဆို့ တင်းကျပ်လာမှုများကို ထောက်ပြ ကြသည်။ ထပ်မံဖြစ် ပေါ်လာသော ပိတ်ဆို့မှုများကြောင့် တရုတ်နိုင်ငံ တွင် စက်မှု ထုတ်ကုန်များကို ကျယ် ကျဉ်ပြန့်ပြန် တင်ပို့လုပ်ဆောင်နေ သည့် အဓိကကျသောမြို့ကြီးများ ကို ထိခိုက်ခဲ့သည်။ လွန်ခဲ့သော နှစ် ကတည်းကရှိနေခဲ့သည့် ရောင်းလို အား ကွင်းဆက်ပြဿနာများကို ပါ ပိုမိုဆိုးလာစေလိမ့်မည်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သာ စီးပွားရေးတွန်း အားပေး မြင့်တင်မှုများမပြုလုပ်ခဲ့ပါက အခြေ အနေများသည် ယခုထက်ပိုကောင်း မွန်လာခြင်းရှိ/မရှိဆိုသည်မှာလည်း စဉ်းစားစရာဖြစ်သည်။ ရေနံစျေး နှုန်းမြင့်တက်ခဲ့သည်။ ထို့နောက် ပြန်ကျလာသည်။ တဖန် ငြိမ်နေပြန် ၏။ ထိုအခြေအနေများကို ကြည့်၍ ကမ္ဘာ့စျေးကွက် အခြေအနေသည် ရေနံစျေးနှုန်းကို ပြဋ္ဌာန်းလျက်ရှိနေ သည်ကိုတွေ့ရသည်။ ကမ္ဘာ့စျေး ကွက်ထဲမှ ရုရှားပို့ကုန်ရေနံများကို ဖယ်ထုတ်လိုက်ပါက ကမ္ဘာ့ရေနံ ရောင်းလိုအား အပြောင်းအလဲဖြစ် လာမည်။ ရေနံစျေးနှုန်းကို သက် ရောက်လာမည်။ ထို့အတူ အမေရိ ကန်ကလည်း ၎င်းင်း၏ရေနံဝယ်လို အားကို လျှော့ချရန်ကြိုးစားပါ ဝယ် လိုအားအပေါ် သက်ရောက်လာ မည်။
သို့သော် ကမ္ဘာရေနံစျေးကွက် များထဲမှ ရရှားရေနံရောင်းလိုအားကို ဖယ်ထုတ်ထားခြင်း၊ အမေရိကန် ရေနံဝယ်လိုအားလျှော့ချခြင်းများ သည် ခေတ္တခဏသာ ဖြစ်နိုင်ပြီး ကမ္ဘာ့ရေနံ ရောင်းလိုအား ဝယ်လို အား အခြေအနေကို အနည်းငယ် သာ အပြောင်းအလဲဖြစ်ပေလိမ့် သည်။ လတ်တလော လက်တွေ့ကျ ကျ မြင ်တွေ့ရသည့်အခြေအနေမှာမူ ကမ္ဘာ့ရေနံစျေးနှုန်း အလှုပ်အရှား များလာလျက် ရုတ်တရက်မြင့်တက် သွားတတ်ခြင်းဖြစ်သည်။
(၆)
ကမ္ဘာကြီးသည် ကိုဗစ်ကပ် ရောဂါအဆုံးမသတ်သေးချိန်၊ တစ်ကမ္ဘာလုံး စီးပွားရေး နာလန်ပြန်ထနိုင်ရေး ရုန်းကန်နေကြသည့်အခြေ အနေ။ ဖျားနာနေဆဲ ကမ္ဘာကြီး ပြန် လည်ရုန်းထနိုင်ရေး အားယူနေ သည့်အချိန်၌ ရုရှား-ယူကရိန်း ပဋိပက္ခဖြစ်ပွားခဲ့၏။ ကမ္ဘာသူ ကမ္ဘာ သားတို့အတွက် ထိချက်ဒဏ်ရာ၊ ဝေဒနာ ကြာရှည်နိုင်မည်လော။ စိုး ရိမ်စရာဖြစ်လာသည်။ ကိုဗစ်ကပ် ရောဂါ ဟိုတစ်စ ဒီတစ်စ ကြွင်းကျန် နေဆဲဖြစ်သောကြောင့် တရုတ်နိုင်ငံ သည် စိုးရိမ်ကြီးစွာ လော့ဒ်ဒေါင်းများ ပြုလုပ်နေရပြန် သည်။ အမေရိကန် သမ္မတဂျိုးဘိုင်ဒင်၏စီးပွားရေးနိုးဆွ မှုအစီအစဉ်များနှင့် ကပ်ရောဂါ ပျံ့နှံ မှု မည်သို့ရှိနေသနည်း။ အလုပ် လက်မဲ့ပြဿနာဖြေရှင်းရေးကိစ္စ များကလည်း များစွာရှိနေဆဲ။ ရောင်းလို အားကွင်းဆက် အခက် အခဲများကိုလည်း ရင်ဆိုင်နေဆဲဖြစ် သည်။ အခြေအနေအားလုံးတွင် အင်ဖလေးရှင်း အကြောင်းတရား သည် မပါမဖြစ်ပါဝင်နေသည်။
(၇)
တစ်ကမ္ဘာလုံးတွင် ကုန်ပစ္စည်း အားလုံး၏ စျေးနှုန်းအရပ်ရပ် မြင့် တက်နေသည်။ ကိုဗစ်နိုင်တင်းကပ် ရောဂါကြောင့်လော။ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင် စီးပွားရေးနှိုးဆွမှု အစီအစဉ်များကြောင့်လော။ကမ္ဘာ့ စက်ရုံကြီးဟုခေါ်သည့် တရုတ်နိုင်ငံ ၏ ဟန့်တားပိတ်ဆို့မှုများ အကျိုး ဆက် ရောင်းလိုကွင်းဆက် အနှောင့် အယှက်များကြောင့်လော။ ရုရှား-ယူကရိန်းပဋိပက္ခများ ကြောင့်လော။ အကြောင်းတရားများက ရှာဖွေလေ တွေ့ရှိလေဖြစ်သည်။
တွေးတောရင်း နောက်ဆုံး ပေါ်လာနိုင်သည့် မေးခွန်းမှာ အကယ်၍ ထိုအကြောင်းတရား မဖြစ်ခဲ့ပါက အင်ဖလေးရှင်းမရှိနိုင်ပြီ လော။ လူသားတို့လိုအပ်သော၊ လူ သားတို့ လိုချင်သော သယံဇာတ အရင်းအမြစ်များကို အကန့်အသတ် ဖြင ့်သာပေးနိုင်သည့် ကမ္ဘာကြီးနှင့် မည်သည့် အခါမှ အဆုံးမသတ်နိုင်၊ အမြဲတမ်းတိုးပွားလျက်ရှိသော လူ သားတို့၏လိုအင်ဆန္ဒတို့ကြား ရှား ပါးမှု ပြဿနာမှာ အမြဲရှိနေသည်။ ရှားပါးမှုနှင့်အတူ အင်ဖလေးရှင်း သည်လည်း မွေးရာပါကဲ့သို့ရှိနေ မည်ဖြစ်သည်။ အင်ဖလေးရှင်း ဝေဒနာသည် ပြဿနာမဟုတ်။ ထိ ခိုက်ပျက်စီးမှုဖြစ်သည့်အထိ ဆိုး ရွား ကြီးမားသည့် အင်ဖလေးရှင်း သည်သာ တကယ့်ပြဿနာဖြစ် သည်။ ၂၁ ရာစု၏ ဒုတိယဆယ်စုနှစ် အကုန်မှ စခဲ့သည့် အင်ဖလေးရှင်း သည် ကမ္ဘာ့လူသားအားလုံးအတွက် တကယ့် ဂလိုဘယ်ပြဿနာဖြစ် သည်။ အားလုံး ပေါင်းစည်း၍ ဟန် ချက် ညီညီလုပ်ဆောင်မှသာ။ အထူး သဖြင့် ကမ္ဘာ့စီးပွားရေး အင်အားကြီး နိုင်ငံများ ခေါင်းချင်းဆိုင်ဖြေရှင်းမှ သာ အလုပ်ဖြစ်ပေမည်။
(၈)
နိုင်ငံများသည် မြင့်မားလွန်း သော အင်ဖလေးရှင်းအခြေအနေကို ရင်ဆိုင်နေရသောကြောင့် နိုင်ငံ့စီး ပွားရေးတွင် ခက်ခဲကျပ်တည်းမှုများ ဖြစ်ပေါ်လာလျက်ရှိနေသည်ဟု ဆို ကြသည်။ အကယ်၍ အင်ဖလေး ရှင်းနှုန်း နိမ့်ခဲ့ပါမူ လက်ရှိခက်ခဲမှု များကို ကျော်လွန်၍ပိုမိုကောင်းမွန် သော စီးပွားရေးအခြေအနေများ ရနိုင်မည်ဟု တစ်ထစ်ချ ပြောဆိုနိုင် ပါသလား။
အင်ဖလေးရှင်းပြဿနာကို ဖြေရှင်းရန် အထူးအာရုံစိုက်လုပ် ဆောင်နေသည့် အမေရိကန်စီးပွား ရေးအပေါ် နမူနာ မေးခွန်းထုတ်လာ သည်။ အမေရိကန်တွင် အင်ဖလေး ရှင်း ခပ်နိမ့်နိမ့် အခြေအနေနှင့်ပင် နောက်ထပ် လူပေါင်းသုံးသန်း အလုပ်လက်မဲ့ ဖြစ်သွားခဲ့ပါလျှင် ပိုမိုကောင်းမွန်သည့် အခြေအနေဟု ဆိုနိုင်ပါမည်လား။ မူဝါဒသမား များက အင်ဖလေးရှင်းပြဿနာကို နည်းလမ်းအမျိုးမျိုးဖြင့် ဖြေရှင်းရန် ကြိုးစားနေကြလိမ့်မည်။ သို့သော် ယခုအထိ အားလုံးမြင်တွေ့နေရဆဲ မှာ မြင့်မားသော အင်ဖလေးရှင်း သာ။
(၉)
လွန်ခဲ့သောနှစ် ၆၀ ကျော်က နယူးဇီလန်စီးပွားရေးပညာရှင် ဝီလျံ ဖိလစ် (William Phillips)) ဆိုသူက အင်ဖလေးရှင်းနှင့် အလုပ်လက်မဲ့ အခြေအနေသည် ပြောင်းပြန်ဆက် စပ်မှုရှိသည်ဟု သီအိုရီဖော်ထုတ်ခဲ့ ဖူးသည်။ မြင့်မားသော အင်ဖလေး ရှင်းသည် နိမ့်သော အလုပ်လက်မဲ့ အခြေအနေနှင့်ဆက်စပ်ရှိ သကဲ့သို နိမ့်ဆင်းနေသော အင်ဖလေးရှင်း အခြေအနေသည်လည်း မြင့်မားနေ သည့် အလုပ်လက်မဲ့ အခြေအနေနှင့် ဆက်စပ်မှုရှိသည်ဟု ဆိုထားသည်။
စီးပွားရေး အဆောက်အအုံ တစ်ခုအတွက် ကုန်စျေးနှုန်းများကို မြင့်တက်စေသော အင်ဖလေးရှင်း သည်ဆိုးရွား၏။
နိုင်ငံသားတို့အလုပ်အကိုင်မဲ့ ဖြစ်စေသည့်အခြေအနေသည် ပို၍ ဆိုးရွား၏။ မည်သည့်အရာကို ရွေး ချယ်ကြမည်နည်း။
ကမ္ဘာ့စီးပွားရေးသည် အခက် အခဲများ ရှိနေချိန်၊ နိုင်ငံအသီးသီး သည်လည်း ပြည်တွင်း အကြောင်း တရားအမျိုးမျိုးနှင့်အင်ဖလေး ရှင်း ဒဏ် ခံနေရချိန်ဖြစ်သည်။ အင်ဖ လေးရှင်းကို ဖြေရှင်းနိုင်ရေး တာဝန် ရှိသော သူတို့စဉ်းစားရကျပ်သည့် အနေအထားဖြစ်သည်။ အင်ဖလေး ရှင်းကို ဖြစ်နေသည့်အတိုင်း ဆက် လက်ထားမည်လား၊ ဟန့်တားနိုင် ရေး ကုစားကြမည်လား။ မေးခွန်း များ ရှိလာပါက မည်သူမျှ ယတိပြတ် တုံ့ပြန်ဖြေနိုင်မည်မဟုတ်ပေ။ သက် ဆိုင်ရာနိုင်ငံ၏ စီးပွားရေးအင်အား၊ ကုန်ထုတ်လုပ်မှု၊ ဝင်ငွေ၊ အလုပ်အ ကိုင်အခြေအနေ စသဖြင့် ရှုထောင့် ပေါင်းစုံကို အကဲဖြတ်စဉ်း စားပြီးမှ သာ ဆင်ခြင်တုံတရားရှိရှိဖြင့် ဖြေ နိုင်လိမ့်မည်ထင်သည်။










