လျှပ်စစ်မီး ပုံမှန်မရရှိမှုနှင့် ကုန်ကြမ်းရှားပါးမှုဆိုင်ရာ စိန်ခေါ်မှုများ

လျှပ်စစ်မီး ပုံမှန်မရရှိမှုနှင့် ကုန်ကြမ်းရှားပါးမှုဆိုင်ရာ စိန်ခေါ်မှုများ
 ရန်ကုန်မြို့လယ်တစ်နေရာတွင် လျှပ်စစ်မီးပြတ်တောက်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
ရန်ကုန်မြို့လယ်တစ်နေရာတွင် လျှပ်စစ်မီးပြတ်တောက်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
Published 9 May 2022
နီလာ

၂၀၂၂ ခုနှစ်၏ အဖွင့်လဖြစ်သည့် ဇန်နဝါရီလတွင် မြန်မာနိုင်ငံ၏ထုတ်လုပ်ရေးကဏ္ဍအတွင်း လုပ်ကိုင်မှုအခြေအနေများ ပိုမိုမြန်ဆန်စွာ ဆုတ်ယုတ်လာကြောင်း မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်ငန်းများနှင့် ပတ်သက်၍ ဖေဖော်ဝါရီ ၁ ရက်က ထုတ်ပြန်သည့် HIS Markit မြန်မာထုတ်လုပ်မှု PMI အညွှန်းကိန်း (Manufacturing Purchasing Managers’ Index) စစ်တမ်းတွင် ဖော်ပြခဲ့သည်။

“၂၀၂၂ ခုနှစ်ရဲ့အဖွင့်လက မြန်မာနိုင်ငံ ထုတ်လုပ်ရေးကဏ္ဍအတွင်း ရုန်းကန်ရမှုတွေ နဲ့ PMI မှာ  ၁၇ လဆက်တိုက်ကျဆင်းမှု နယ်ပယ်ထဲမှာရှိနေခြင်းကို ဆက်ညွှန်ပြလိုက်ပါတယ်။ နိုင်ငံရေးမတည်ငြိမ်မှုက ထုတ်လုပ်မှု နဲ့ ပြည်တွင်းဝယ်လိုအားကို ထပ်မံခြိမ်းခြောက်နေကာ  လျှပ်စစ်မီးပြတ်တောက်မှုတွေနဲ့ ကုန် ကြမ်းပစ္စည်း ရှားပါးမှုတွေကြောင့်  လက်ကျန် အလုပ်များ စံချိန်တင်စုစည်းလာစေခဲ့ပါတယ်။ ထည့်ကုန်တွေ ရှားပါးနေတာ၊ ပို့ဆောင်ခနှုန်းတွေ မြင့်တက်လာတာနဲ့ ဒေါ်လာနဲ့ယှဉ်ရင် ကျပ်ငွေနှုန်း ကျဆင်းလာနေခြင်းတို့က စျေး နှုန်းရဲ့ဖိအားပေးမှုများမှာ မြင့်မားလျက် ကျန်ရှိနေပါတယ်” ဟု IH Markit ၏ စီးပွားရေး ပညာရှင် Shreeya Patel က ပြောကြားခဲ့သည်။

နိုင်ငံရေးအခြေအနေက ထုတ်လုပ်မှုနှင့် အော်ဒါအသစ်များကို ထိခိုက်စေပြီး လျှပ်စစ်မီး ပြတ်တောက်မှုများ၊ ကုန်ကြမ်းရှားပါးမှုများ နှင့် ငွေသားပြတ်တောက်မှုများကို ကုမ္ပဏီများ က မကြာခဏ ထောက်ပြနေကြသည်ဟု စစ်တမ်းတွင် ဖော်ပြခဲ့သည်။

၂၀၂၂ ခုနှစ် ဧပြီလအတွက် ထုတ်ပြန်သည့် S&P Global မြန်မာထုတ်လုပ်မှု PMI အညွှန်းကိန်းများအရမူ မြန်မာနိုင်ငံ၏ကုန် ထုတ်လုပ်ရေးကဏ္ဍတွင် ၂၀၂၀ ပြည့်နှစ် သြဂုတ်လမှစပြီး ပထမဆုံးအကြိမ်အဖြစ် တိုး တက်လာကြောင်း သိရသည်။

ဧပြီလအတွင်း ထုတ်လုပ်မှုရော အော်ဒါ အသစ်များပါ အသစ်တစ်ဖန်တိုးလာချိန်တွင် မြန်မာနိုင်ငံ၏ ထုတ်လုပ်မှုကဏ္ဍသည် ဒုတိယသုံးလပတ်အစတွင် ၎င်း၏လုပ်ငန်းလည်ပတ်မှုအခြေအနေများ ပထမဦးဆုံးအကြိမ် တိုးလာကြောင်း မှတ်တမ်းတင်ခဲ့သည်။ ဧပြီလ ဒေတာက အလုပ်သမားဦးရေ အခိုင်အမာတိုးလာကြောင်းဖော်ပြခဲ့ပြီး အလုပ်နေရာဖန်တီးမှုနှုန်းမှာ မှတ်တမ်းထဲတွင် ပူးတွဲအမြင့်ဆုံး ဖြစ်လာသည်။

“ကုန်ထုတ်လုုပ်မှုကဏ္ဍဟာ ဧပြီလ မတိုင်ခင်အထိ အချိန်အတော်ကြာ ကျဆင်းမှု ကာလထဲမှာ ရှိလာခဲ့ရာကနေပြီး ၂၀၂၀ ပြည့်နှစ် သြဂုတ်လမှစပြီး ပထမဦးဆုံးအကြိမ် တိုးတက်ထုတ်လုပ်မှုကို မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ နောက်ဆုံးလရဲ့စစ်တမ်းက ပြင်းထန်တဲ့နိုင်ငံတကာစိန်ခေါ်မှုများ နောက်ခံကြားမှာ ရုန်းကန်နေခဲ့ရတဲ့ကဏ္ဍတွင် အတော်အသင့် တိုးတက်မှုရှိလာကြောင်းကို မီးမောင်းထိုးပြနေပါတယ်။ ဧပြီလမှာ အော်ဒါအသစ်များ၊ ထုတ်လုပ်မှုနဲ့ အလုပ်နေရာအားလုံး တိုးတက်လာကြောင်း မြင်ရခြင်းက အပြုသဘော လက္ခဏာများဖြစ်ပါတယ်” ဟု S&P Global မှ စီး ပွားရေးပညာရှင် Myaryam Baluch က ပြောကြားခဲ့သည်။

ယင်းအတောအတွင်း ပေးသွင်းပစ္စည်းများ ရှားပါးမှုပြဿနာမှာ နောက်ဆုံးစစ်တမ်း ဒေတာ၏ အဓိကအကြောင်းအရာအဖြစ် ဆက်လက်ရှိနေခဲ့ပြီး အချို့ကုမ္ပဏီများက ၎င်းတို့၏စက်ရုံများကို ပိတ်သိမ်းရန် ဆုံးဖြတ်ခဲ့ကြရကြောင်း၊ သို့ဖြစ်၍ လက်ကျန်အလုပ်များမှာ  ကြီးမားသောနှုန်းဖြင် ့ဆက်လက်မြင့်မားကာ သွင်းကုန်ပစ္စည်းကြာမြင့်ချိန်များ တိုးလာခဲ့ပြီး စျေးနှုန်းဖိအားပေးမှုများ ဆက်လက် မြင့်မားလျက်ရှိနေခဲ့ကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။

S&P Global မြန်မာကုန်ထုတ်ရေး PMI အညွှန်းကိန်း- ကုန်ထုတ်လုပ်မှုလုပ်ကိုင် နိုင်စွမ်းကို ဖော်ပြပေးသည့် ပေါင်းစပ်ထားသည့် တစ်ခုတည်းသော ကိန်းဂဏန်းမှ မတ်လ တွင် ၄၇ ဒသမ ၁ ရှိခဲ့ရာမှ ဧပြီတွင် ၅၀ ဒသမ ၄ သို့ မြင့်တက်လာကြောင်း ဖော်ပြခဲ့သည်။

အပြောင်းအလဲမရှိ အမှတ် ၅၀ ဒသမ ၀ အထက်တွင်ရှိနေသည့် နောက်ဆုံးစစ်တမ်း ဒေတာမှ ကုန်စည်ထုတ်လုပ်ရေးကဏ္ဍ၏ အခြေအနေသည် ၂၀၂၀ ပြည့်နှစ် သြဂုတ်လ မှ စပြီး ပထမဦးဆုံးအကြိမ် တိုးတက်လာကြောင်း ညွှန်ပြနေသည်။ PMI ထဲက အကြီးမားဆုံး အစိတ်အပိုင်းသုံးခုမှာ အော်ဒါသစ်များ၊ ထုတ်လုပ်မှုနှင့် အလုပ်ခန့်အပ်မှုနှင့် ကဏ္ဍ၏အခြေအနေဆိုင်ရာ အဓိက စံအတိုင်း အတာများဖြစ်ကြပြီး ၎င်းတို့အားလုံးက နောက်ဆုံး တိုးတက်မှုကို ပံ့ပိုးပေးခဲ့ကြသည် ဟု သိရသည်။

ပါဝင်ဖြေကြားသူတို့၏အဆိုအရ ဖောက်သည်များဘက်မှ ဝယ်လိုအား အနည်းအကျဉ်း တိုးလာမှုက ကုန်ထုတ်လုပ်ရေးကဏ္ဍ ပြန်လည်နာလန်ထူလာရေးကို တွန်းအားပေးခဲ့သည်။

အော်ဒါသစ်များတိုးလာမှုမှာ ဒသမ ဂဏန်းမျှသာဖြစ်သော်လည်း ထုတ်လုပ်မှုပမာဏများကို မြှင့်တင်ပေးနိုင်ခဲ့သည့်အတွက် နောက်ဆုံး စစ်တမ်းဒေတာက ထုတ်လုပ်မှု အသင့်အတင့်တိုးလာခြင်းကို ညွှန်ပြလာကြောင်း၊ အော်ဒါမှာယူမှုများ တိုးရခြင်းကို မကြာခဏဆိုသလိုပင် ပြည်တွင်းစျေးကွက် အခြေအနေများ ပိုကောင်းလာခြင်းနှင့် ဆက်စပ်ရှင်းပြကြသည်ဟု သိရသည်။

မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှုကဏ္ဍတစ်ဝန်း၏ တိုးတက်ထုတ်လုပ်မှုကို ကုန်ကြမ်း ရှားပါးမှုများနှင့် လျှပ်စစ်ဓာတ်အား မမှန်မှုကဲ့ သို့သော ပစ္စည်းပေးသွင်းမှုဆိုင်ရာ စိန်ခေါ်မှုများက ဟန့်တားခဲ့ကြကြောင်း၊ အချို့သော ပါဝင်ဖြေကြားသူတို့က သွင်းကုန်ဖြည့်သွင်းမှု ဆိုင်ရာအခက်အခဲများကြောင့် ၎င်းတို့၏ ဖောက်သည်များ အဆိုပါလတွင် ထုတ်လုပ်မှုကို ရပ်စဲလာခဲ့ကြရာ လုပ်ငန်းသစ်များ လက်ခံယူမှု ကျဆင်းလာခဲ့ကြသည်ဟု ဆိုကြသည်။

ပစ္စည်းပေးသွင်းမှု ကြန့်ကြာလာခဲ့ရာ ပစ္စည်းပေးသွင်းရေး ပျမ်းမျှကြာမြင့်ချိန်များမှာ ဧပြီလတွင် သိသိသာသာကြာမြင့်လာပြီး လပေါင်း ၂၀ အထိ ဆက်တိုက်ကြာမြင့်လာသည်။  သို့သော်လည်း ပစ္စည်းပေးသွင်းသူတို့၏ စွမ်းဆောင်ရည်ဆုတ် ယုတ်လာမှုမှာမူ မတ်လတွင် စံချိန်တင်နှုန်းထက် မသိမသာ အားနည်းခဲ့ ကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။

သို့သော် ပစ္စည်းပေးသွင်းမှုဆိုင်ရာ အခက်အခဲများအကြားတွင် နောက်ဆုံးစစ်တမ်းဒေတာက ဧပြီလအတွင်း နောက်ထပ် လက်ကျန်အလုပ်များ သိသိသာသာတိုးလာခဲ့ခြင်းကို အချက်ပြနေသည်။

အချို့သော ကိစ္စရပ်များတွင် ကုန်ကြမ်း ပစ္စည်းရှာဖွေရမှု အခက်အခဲများကြောင့် ကုမ္ပဏီများက ၎င်းတို့၏စက်ရုံများကို ပိတ်သိမ်းခဲ့ကြရကြောင်း လုပ်ငန်းရှင်များက ဆိုသည်။

သို့သော်လည်း နောက်ဆုံးဒေတာက မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှုကဏ္ဍတစ်ဝန်းတွင် အလုပ်နေရာများ အားကောင်းစွာတိုးလာခဲ့ကြောင်း ညွှန်ပြနေသည်။ အလုပ်နေရာသစ်ဖန်တီးမှုနှုန်းမှာ မှတ်တမ်းထဲတွင် ပူးတွဲအမြင့် ဆုံးဖြစ်လာသည်ဟု သိရသည်။

ပို့ဆောင်ခများနှင့် လောင်စာစျေးနှုန်းများ မြင့်တက်နေမှုအပြင် ကုန်ပစ္စည်းများ ရှားပါးမှုကြောင့် ဒုတိယသုံးလပတ်၏ အစပိုင်းတွင် သွင်းကုန်စျေးနှုန်းများ ထိုးတက်သွားခဲ့ကြောင်း၊ ထို့ကြောင့် ကုမ္ပဏီများက မြင့်တက် လာသည့်ကုန်ကျစရိတ်များကို စျေးဝယ်များ ထံသို့ လွှဲချနိုင်ရန် ၎င်းတို့၏ စက်ရုံရောင်းစျေးများကို တစ်ဟုန်ထိုး မြှင့်တင်ခဲ့ကြကြောင်း၊ သွင်းကုန်များနှင့် ထုတ်ကုန်စျေးနှုန်း နှစ်ခုစလုံး၏ ငွေကြေးဖောင်းပွမှုနှုန်းများမှာ ဧပြီလတွင် သမိုင်းဝင်မြင့်မားလာခဲ့ပြီး ဒေတာကို စတင်ကောက်ယူခဲ့သည့် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလမှစပြီး အမြန်ဆုံးတစ်ခုဖြစ်လာခဲ့ကြောင်း ဖော်ပြထားသည်။

“ဒါပေမဲ့ ပစ္စည်းပေးသွင်းမှုဆိုင်ရာ အခက်အခဲများနဲ့ ငွေကြေးဖောင်းပွမှုရဲ့ဖိအားပေးမှုများက တိုးတက်မှုအရှိန်အဟုန်ကို ဆက်လက် အဟန့်အတားဖြစ်စေခဲ့ပါတယ်။ ကုမ္ပဏီတချို့က လျှပ်စစ်နှင့် ကုန်ကြမ်းပစ္စည်း ပြတ်တောက်မှုများကို တု့ံပြန်တဲ့အနေနဲ့ ၎င်းတို့ရဲ့ စက်ရုံ တွေကို ပိတ်သိမ်းဖို့ ရွေးချယ်ခဲ့ကြ တယ်။ တရုတ်နိုင်ငံမှာ ကိုဗစ်ကြောင့် ဆိပ်ကမ်းများ ပိတ်ထားမှုများကပါ စက်မှုကဏ္ဍကို ရှေ့ဆက်ထိုးနှက်နေဆဲ အန္တရာယ်များ ဖြစ်လာခဲ့ပါတယ်” ဟု S&P Global မှ စီးပွား ရေးပညာရှင် Myaryam Baluch က ပြောကြားခဲ့သည်။

နိုင်ငံရေးမတည်ငြိမ်မှုကို တစ်နိုင်ငံလုံး ပြင်းထန်စွာ ရင်ဆိုင်နေရခြင်းကြောင့် အခြေအနေများမှာ ပို၍ဆိုးရွားလာခဲ့ကြောင်း၊ မည်သို့ပင်ဆိုစေကာမူ နောက်ဆုံးစစ်တမ်းဒေတာ က ကုန်ထုတ်လုပ်မှုကဏ္ဍ အစိတ်အပိုင်းများ အတွင်း ကြံ့ကြံ့ခံနိုင်စွမ်း မျှော်လင့်ချက်အချို့ ကို ဖော်ပြနေသည်ဟုဆိုနိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

နောက်ဆုံးအနေဖြင့် လုပ်ငန်းများအပေါ် ယုံကြည်မှုအဆင့်မှာ ယခင်စစ်တမ်းကာလတွင် အားနည်းခဲ့ပြီးနောက် ဧပြီလတွင် မသိမသာ အားကောင်းလာခဲ့ကြောင်း၊ ထုတ်ကုန်သစ်များ ထုတ်လုပ်လာနိုင်ခြင်းနှင့်ကုမ္ပဏီ ကိုတိုးချဲ့ရန် စီမံကိန်းများက အကောင်း မြင်စိတ်ကို ပံ့ပိုးပေးခဲ့သည်။ သို့သော်လည်း ယုံကြည်မှုအဆင့်မှာမူ စစ်တမ်းသမိုင်းတွင်  မှတ်တမ်းတင်ထားသည့် ပျမ်းမျှထက် နိမ့်နေကြောင်းလည်း ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှုကဏ္ဍအနေဖြင့် ၂၀၂၂ ခုနှစ် ဧပြီလအတွင်း အော်ဒါ အသစ်များ ထပ်မံတိုးတက်လာနေချိန်တွင် ထုတ်လုပ်မှုမြင့်တက်လာခြင်း၊ အလုပ်နေရာ ဖန်တီးမှုမှာ ဧပြီလတွင် စစ်တမ်း၏ ပူးတွဲအမြင့်ဆုံးသို့ အရှိန်မြင့်လာခြင်းနှင့် စျေးနှုန်းဖိအားပေးမှုများမှာ ကုန်ကြမ်းရှားပါးမှုအကြား ဆက် လက်မြင့်မားနေကြောင်း  သိရသည်။

 

Most Read

Most Recent