လယ်ယာကုန်ထုတ်လုပ်ငန်းများတွင် အဓိကအသုံးပြုသည့် လယ်ယာသုံးစက်ကိရိယာများနှင့် လယ်ယာစီးပွားအခြေခံ စက်ရုံ၊ အလုပ်ရုံများ တည်ဆောက်နိုင်ရန် တောင်သူတစ်ဦးချင်း ကျပ်သိန်း ၇၀၀ အထိ ထုတ်ချေးလျက်ရှိ

လယ်ယာကုန်ထုတ်လုပ်ငန်းများတွင် အဓိကအသုံးပြုသည့် လယ်ယာသုံးစက်ကိရိယာများနှင့် လယ်ယာစီးပွားအခြေခံ စက်ရုံ၊ အလုပ်ရုံများ တည်ဆောက်နိုင်ရန် တောင်သူတစ်ဦးချင်း ကျပ်သိန်း ၇၀၀ အထိ ထုတ်ချေးလျက်ရှိ
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်တွင် စက်ကိရိယာများဖြင့် စပါးရိတ်သိမ်းနေသည်ကို တွေ့ရစဉ်
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်တွင် စက်ကိရိယာများဖြင့် စပါးရိတ်သိမ်းနေသည်ကို တွေ့ရစဉ်
Published 28 April 2022

လယ်ယာကုန်ထုတ်လုပ်ငန်းများတွင် အဓိကအသုံးပြုသည့် လယ်ယာသုံးစက်ကိရိယာများနှင့် လယ်ယာစီးပွားခြေခံစက်ရုံ၊ အလုပ်ရုံများ တည်ဆောက်နိုင်ရန် တောင်သူတစ်ဦးချင်း ကျပ်သိန်း ၇၀၀ ထိ ထုတ်ချေး လျက်ရှိကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမောင်မောင်ဝင်း က ပြောကြားသည်။

JICA,Two Step Loan ချေးငွေစီမံကိန်းကို ၂၀၁၇ ခုနှစ် ဇူလိုင်လတွင် စတင်ခဲ့ပြီး စီမံကိန်းတန်ဖိုး ကျပ်ဘီလျံ ၂၀၀ ခန့်ရှိကာ ဆိုင်းငံ့ကာလ ၁၀ နှစ်၊ ပြန်ဆပ်ကာလ နှစ် ၃၀၊ ပေါင်းနှစ်(၄၀)သက်တမ်းရှိကြောင်း၊ မြန်မာနိုင်ငံတစ်ဝန်းရှိ တောင်သူလယ်သမား များ၏ လယ်ယာကုန်ထုတ်လုပ်ငန်းများတွင် အဓိကအသုံးပြုသည့် လယ်ယာသုံးစက်ကိရိယာများနှင့် လယ်ယာစီးပွားအခြေခံစက်ရုံ၊ အလုပ်ရုံများတည်ဆောက်နိုင်ရန် အတိုးနှုန်းသက်သာသည့်ချေးငွေများကို  တောင်သူတစ်ဦးချင်း ကျပ်သိန်း ၇၀၀ အထိ နှစ်တိုသုံးနှစ်၊ နှစ်ရှည်ငါးနှစ် အရစ်ကျပြန်ဆပ်စနစ်ဖြင့် ထုတ်ချေးပေးလျက်ရှိကြောင်း ၎င်းက ဆက် လက်ပြောကြားသည်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကုန်အထိ  နေပြည်တောင်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် ၁၄ ခုရှိ မြို့နယ် ၁၈၇ ခုတို့မှတောင် သူ ၅၅၇၆ ဦးသို့ချေးငွေကျပ် ၂၂၉ ဒသမ ၉၇၉ ဘီလျံထုတ်ချေးပေးထားပြီးဖြစ်ကြောင်း၊ ချေးငွေရယူထားသည့် တောင်သူများမှ အချိန်စေ့အရစ်ကျ ပြန်ဆပ်သည့်ငွေကို ချေးငွေရယူလိုသည့်တောင်သူများသို့ စဉ်ဆက်မပြတ် ထုတ်ချေးပေးလျက်ရှိကြောင်း၊ ချေးငွေအစီအစဉ်ကောင်းမွန်စွာ လည်ပတ်နိုင်ခြင်းဖြင့် တောင်သူများ၏ ဝင်ငွေတိုးတက်လာစေပြီး လယ်ယာကဏ္ဍဖွံ့ဖြိုးရေးကို အထောက်အကူပြုမည်ဖြစ်ကြောင်းနှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ရုံးချုပ်နှင့်ဘဏ်ခွဲ အဆင့်ဆင့်အနေဖြင့် တာဝန်ခံမှု၊ တာဝန်ယူမှုဖြင့် စဉ်ဆက်မပြတ် Evaluation & Monitoring ပြုလုပ်ပြီး စီမံကိန်းအောင်မြင်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၊ ဆက်စပ်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရန် ဒုတိယဝန်ကြီးဦးမောင်မောင်ဝင်းက ပြောကြားခဲ့သည်။

 

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (Mini Budget) ဖေဖော်ဝါရီလကုန်အထိ မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် နိုင် ငံခြားရင်းနှီးမြှုပ်နှံမှုဒေါ်လာ ၅ ဒသမ ၀၄၃ သန်းဝင်ရောက်ထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရ သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်ကုန်အထိ မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဝင်ရောက်မှုမှာ စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၏ တစ်ရာခိုင်နှုန်းအောက်သာရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်သည့်စာရင်းများအရ သိရသည်။

“ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုပြုလုပ်နေတဲ့ကဏ္ဍများအနက် လယ်ယာစိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးရေးနဲ့ ရေလုပ်ငန်းကဏ္ဍတွေမှာ  နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဝင်ရောက်မှုက နှစ်အလိုက် စုစုပေါင်းရင်းနှီးမြှုပ်နှံမှုရဲ့ နှစ်ရာခိုင်နှုန်းအောက်ရောက်ရှိနေတာကို ကျွန် တော်တို့ဌာနရဲ့စာရင်းဇယားများအရ သိရပါတယ်။ဒါကြောင့် နိုင်ငံရဲ့အရေးပါတဲ့ ကဏ္ဍဖြစ်တဲ့ စိုက်ပျိုးမွေးမြူရေးကဏ္ဍကို ရေရှည် ဖွံ့ဖြိုးတိုးတက်မှုဖြစ်ပေါ်စေရေး နည်းလမ်းများရှာဖွေပြုပြင်ပြောင်းလဲပြုလုပ်ခြင်းဖြင့် ၎င်းကဏ္ဍတွေအတွက် ပိုမိုကောင်းမွန်လာ မှာဖြစ်ပါတယ်” ဟု ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောကြားထားသည်။

မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးရေးအခြေခံစီးပွားရေးစနစ်ကို ရောက်ရှိနိုင်ရန် စိုက်ပျိုးရေးကုန်ထုတ်စွမ်းအားနှင့်အရည်အသွေး တိုးတက်မှုရှိစေရေး အရေးတကြီးလိုအပ်နေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန DICA ညွှန်ကြားရေးမှူး ချုပ်ဦးသန့်စင်လွင်က ပြောကြားသည်။

 

 

Most Read

Most Recent