ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီအနေဖြင့် ဒေါ်လာ ၁၁ သန်းရှိသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ငါးခု၊ ဒေါ်လာခုနစ်သန်းနီးပါးအပါအဝင် ကျပ် ၃၁၆၂၀ သန်းကျော်ရှိသည့် နိုင်ငံသားလုပ်ငန်း ၁၃ ခု ခွင့်ပြုထား

ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီအနေဖြင့် ဒေါ်လာ ၁၁ သန်းရှိသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ငါးခု၊ ဒေါ်လာခုနစ်သန်းနီးပါးအပါအဝင် ကျပ် ၃၁၆၂၀ သန်းကျော်ရှိသည့် နိုင်ငံသားလုပ်ငန်း ၁၃ ခု ခွင့်ပြုထား
Published 26 April 2022

ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီအနေဖြင့် ဒေါ်လာ ၁၁ သန်းရှိသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ငါးခု၊ ဒေါ်လာခုနစ် သန်းနီးပါးအပါအဝင် ကျပ် ၃၁၆၂၀ သန်းကျော်ရှိသည့် နိုင်ငံသားလုပ်ငန်း ၁၃ ခု ခွင့်ပြုထားကြောင်း သိရသည်။

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၂) ကြိမ်မြောက်အစည်းအဝေးကို  ၂၀၂၂ ခုနှစ် ဧပြီ ၂၁ ရက်က ကျင်းပခဲ့သည်။

ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီအနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ငါးခု ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁၁ သန်း ခွင့်ပြုထားပြီး မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၃ ခု ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၆ ဒသမ ၉၀၄ သန်းအပါအဝင် ကျပ်သန်း ၃၁၆၂၀ ဒသမ ၇၅ ကို ခွင့်ပြုထားပြီးဖြစ်သည်။ အဆိုပါလုပ်ငန်းများမှ ရှမ်းပြည်နယ်အတွင်း အလုပ်အကိုင်အခွင့်အလမ်းအနေဖြင့် ပြည်တွင်း ၉၉၄ ဦးနှင့် ပြည်ပ ၅၃ ဦးကို ဖန်တီးပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

လျှပ်စစ်ယာဉ်များထုတ်လုပ်သည့် လုပ်ငန်း၊ ဆေးဝါးနှင့် ကျန်းမာရေးဆိုင်ရာပစ္စည်းထုတ်လုပ်မှုလုပ်ငန်း အပါအဝင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအမျိုးအစား ရှစ်မျိုးကို ဦးစားပေးဆောင်ရွက်မည်ဖြစ်သဖြင့်  မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ထားသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများတွင် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရန်အတွက် အောက်ပါရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအမျိုးအစားများကို အဆိုပြုလွှာတင်ပြလာပါက ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်သဖြင့် လုပ်ငန်းရှင်များအနေဖြင့်  အဆိုပြုလွှာတင်ပြရန် ဖိတ်ခေါ်ထားသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအနေဖြင့် လျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၃၁၂၁ သန်းကျော်ဖြင့် အများဆုံးဖြစ်ပြီး စက်မှုကဏ္ဍ၌ ဒေါ်လာ ၂၈၆ သန်းကျော်ဖြင့် ဒုတိယအများဆုံးဖြစ်ကာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင် ဒေါ်လာ ၁၃၃ သန်းကျော်ဖြင့်  တတိယအများဆုံးဖြစ်သည်။

 

Most Read

Most Recent