ဥရောပဘောလုံးရပ်ဝန်းမှာ နုပျိုသစ်လွင်ခြင်းများစွာနဲ့ လင်းလက်လာဦးမယ့် ကြယ်ပွင့်များ

ဥရောပဘောလုံးရပ်ဝန်းမှာ နုပျိုသစ်လွင်ခြင်းများစွာနဲ့ လင်းလက်လာဦးမယ့် ကြယ်ပွင့်များ
Photo: Getty Images
Photo: Getty Images
Published 20 April 2022
Zay Yar Htun

သူ့နာမည်က လူကာရိုမဲရိုး။ အသက် (၁၇)နှစ်သာရှိသေးပြီး လက်ရှိ လာဇီယိုအသင်းမှာ ကစားနေသူ။ ပရိုကစားသမားဘဝကို မာယော့ကာအသင်းမှာစတင်ခဲ့သူဖြစ်ပြီး အဲဒီအချိန်ကတည်းက မက္ကဆီကန်မက်ဆီလို့ ရိုမဲရိုး Nickname ပေးခံခဲ့ရတယ်။ သူ့ရဲ့ လှပတဲ့ ဘယ်ခြေကစားဟန်ကြောင့်ဖြစ်ပြီး အခုရာသီအစမှာတော့ လာဇီယိုအသင်းရဲ့ ကမ်းလှမ်းမှုကိုလက်ခံခဲ့ပြီး ရိုမဲရိုးဟာ အီတလီမြေကို စတင်ခြေချခဲ့ပါတယ်။ ရိုမဲရိုးဟာ လာလီဂါပြိုင်ပွဲရဲ့ အသက်အငယ်ဆုံးကစားခွင့်ရတဲ့ ကစားသမားအဖြစ်မှတ်တမ်းဝင်ခဲ့ဖူးသလို၊ လာဇီယိုအသင်းအတွက် အသက်အငယ်ဆုံးကစားခွင့်ရသူလည်း ဖြစ်လာခဲ့တယ်။ သူကို မာယော့ကာအသင်းမှာကတည်းက ဥရောပထိပ်သီးတွေဖြစ်တဲ့ မန်ယူနဲ့ ဘာစီလိုနာတို့က ချိတ်ဆက်ခဲ့ဖူးပြီး ပြောင်းရွှေ့ ကြေးညှိနှိုင်းမှု အဆင်မပြေခဲ့လို့ ပျက်ပြယ်ခဲ့တာလည်း ဖြစ်ပါတယ်။

 

Most Read

Most Recent