ဥရောပဘောလုံးရပ်ဝန်းမှာ နုပျိုသစ်လွင်ခြင်းများစွာနဲ့ လင်းလက်လာဦးမယ့် ကြယ်ပွင့်များ

ဥရောပဘောလုံးရပ်ဝန်းမှာ နုပျိုသစ်လွင်ခြင်းများစွာနဲ့ လင်းလက်လာဦးမယ့် ကြယ်ပွင့်များ
Photo: Getty Images
Photo: Getty Images
Published 20 April 2022
Zay Yar Htun

ပြီးခဲ့တဲ့ ရက်ပိုင်းက ကစားခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ ဒေါ့မွန်က ဝုလ်ဖ်ဘတ်ကို အိမ်ကွင်းမှာ (၆-၁)ဆိုတဲ့ရလဒ်နဲ့ ဂိုးပြတ် နိုင်ပွဲရယူခဲ့ပါတယ်။ အဲဒီပွဲမှာ ဒေါ့မွန်အသင်းအတွက် ပရိုကစား သမားဘဝ ပထမဆုံး ပွဲထွက်ခွင့်ရခဲ့သူက (၁၇)နှစ်ကျော်အရွယ် သာရှိသေးတဲ့ ဂျာမန်ဘယ်နောက်ခံလူငယ်ကစား တွမ်ရိုသန်ဆို သူပါပဲ။ သူက ပရိုကစားသမားဘဝ ပထမဆုံးပွဲထွက်ခွင့်ရချိန်မှာပဲ ဒေါ့မွန်အသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့တယ်။  ဂိုးသွင်းချိန်မှာ ရိုသန်အသက်က (၁၇)နှစ်၊ (၁၆၉)ရက်သာ ရှိသေးတာပါ။ ဒါကြောင့်လည်း ရိုသန်ဟာ ဘွန်ဒစ်လီဂါသမိုင်းမှာ ပွဲဦးထွက် ဂိုးသွင်းယူနိုင်တဲ့ အသက်အငယ်ဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တယ်။

 

Most Read

Most Recent