လက်ကျန်ရှစ်ပွဲစလုံးကို ဗိုလ်လုပွဲကဲ့သို့ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း စပါးအသင်းနည်းပြ ကွန်တီ ကြုံးဝါး

လက်ကျန်ရှစ်ပွဲစလုံးကို ဗိုလ်လုပွဲကဲ့သို့ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း စပါးအသင်းနည်းပြ ကွန်တီ ကြုံးဝါး
Photo: Getty Images
Photo: Getty Images
Published 6 April 2022

 

နယူးကာဆယ်အသင်းကို အိမ်ကွင်း၌ ငါးဂိုးသွင်းယူပြီး သုံးပွဲဆက် နိုင်ပွဲရရှိပြီးနောက် မိမိအသင်းအနေဖြင့် ချန်ပီယံလိဂ်ဝင်ခွင့် ပြေးလမ်းပေါ် ရောက်ရှိလာပြီဖြစ်ကြောင်း စပါးအသင်းနည်းပြ အန်တိုနီယိုကွန်တီက ကြုံးဝါးပြောဆိုခဲ့သည်။

စပါးအသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် ၃၁ အဖြစ် တနင်္ဂနွေနေ့က နယူးကာဆယ် အသင်းနှင့် ယှဉ်ပြိုင်ကစားရာ နောက်မှလိုက် ကစားရသော်လည်း (၅-၁) ဂိုးဖြင့် အနိုင်ရခဲ့သည်။ စပါးအသင်းသည် ပရီးမီးယား လိဂ်သုံးပွဲဆက် နိုင်ပွဲရရှိခဲ့ခြင်းဖြစ်ပြီး နောက် ဆုံးရှစ်ပွဲတွင် ခြောက်ပွဲအထိ အနိုင်ရထား သည်။ သို့ဖြစ်ရာ ပွဲ ၃၀ ကစား၊ ၁၇ ပွဲနိုင်၊ သုံးပွဲသရေ၊ ၁၀ ပွဲရှုံး၊ ၅၄ မှတ်ရရှိထားပြီး (ပဲလေ့စ်-အာဆင်နယ်ပွဲမတိုင်မီ) လန်ဒန်ဒါဘီပြိုင်ဘက် အာဆင်နယ်အသင်းအား နှစ်ပွဲပို၊ ရမှတ်တူ၊ ဂိုးကွာခြားချက် နှစ်ဂိုးအသာဖြင့် ချန်ပီယံလိဂ်ဝင်ခွင့် အဆင့် ၄ နေရာသို့ တက်ရောက်လာနိုင်ခဲ့သည်။

ကွန်တီက "ကျွန်တော် ရောက်တဲ့အချိန်မှာ အခြေအနေတစ်ခုကို တွေ့ခဲ့ရတယ်။ အဲဒီအချိန်တုန်းက ချန်ပီယံလိဂ်ဝင်ခွင့်ပြိုင်ပွဲမှာ ပါဝင်လာမယ်လို့ ယုံ ကြည်ဖို့ဆိုတာ အရမ်းခက်ပါတယ်။ ဒါပေမဲ့ နောက်ဆုံးကာလမှာ မြင်တွေ့ရတဲ့ ကျွန်တော့် အသင်းရဲ့ပုံစံက အခုအချိန်ကစပြီး ဒီပြိုင်ပွဲမှာ ပါဝင်လာပြီလို့ ထင်ပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ ကြီးမားတဲ့ တိုးတက်မှုတွေကို ကျွန်တော်မြင်ခဲ့ရလို့ပါ။ အခုအချိန်မှာ ခင်ဗျားအနေနဲ့ ထူးခြားမှုလက္ခဏာတွေရှိနေတဲ့ အသင်းတစ်သင်းကို မြင်တွေ့နေရပါပြီ။ အဲဒါကြောင့်လည်း ကျွန်တော်တို့က ချန်ပီယံလိဂ်ဝင်ခွင့်ပြိုင်ပွဲမှာ ပါဝင်ခွင့်ရဖို့ ကြိုးစားနေ ပြီလို့ ပြောနိုင်တာပါ" ဟု ပြောကြားခဲ့သည်။

ထို့ပြင် ၎င်းက ချန်ပီယံလိဂ်ဝင်ခွင့်အိပ် မက်အတွက် လက်ကျန်ရှစ်ပွဲစလုံးကို ဗိုလ်လု ပွဲကဲ့သို့ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။ "အခု ကျွန်တော် တို့မှာ ဗိုလ်လုပွဲရှစ်ပွဲရှိနေပါပြီ။ ပွဲစဉ်တိုင်းက  ကျွန်တော်တို့အတွက် အရေးပါပြီး ရမှတ်တွေ ယူရပါမယ်။ ဒီရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် နဲ့အတူ အဆုံးသတ်နိုင်ဖို့ အိပ်မက်ကို ဆက်ပြီး မက်သွားမှာပါ။ အားလုံးက ကိုယ့်အဆင့် အလိုက် တိုးတက်နေကြပါတယ်။ တော့တင် ဟမ်ကလည်း အထက်ကို တစ်ဆင့်ပြီးတစ် ဆင့် ရောက်လာပါပြီ။ ဒီလိဂ်ပြိုင်ပွဲက တော် တော်လေး ခက်ခဲပါတယ်။ ဒါပေမဲ့ ကျွန်တော် ပျော်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကြိုးစား အားထုတ်မှုဆိုတာ ဆုလဒ်တစ်ခုဖြစ်ပြီး အဲဒါ က ကစားသမားတွေအတွက် အရမ်းအရေး ကြီးပါတယ်။ ဒီကစားသမားတွေက ကောင်း မွန်တဲ့ ကြိုးစားအားထုတ်မှု၊ ပေးဆပ်မှု၊ အပြု အမူကောင်းတွေရှိတယ်ဆိုတာ ကျွန်တော် မြင်နေရပါတယ်" ဟု ကွန်တီက ဆိုသည်။