ပြေတီဦး၊ အိန္ဒြာကျော်ဇင်နှင့် ပိုင်တံခွန်တို့ နေအိမ်သို့ ပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။
" ကိုပိုင်တံခွန် အိမ်ပြန်ရောက်ပါပြီ" ဟု ပိုင်တံခွန်အမှုအား လိုက်ပါဆောင်ရွက်ပေးသည့် ရှေ့နေတစ်ဦးကဆိုသည်။
"မောင်လေးပြေတီဦးနဲ့ ညီမလေးအိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံ နေအိမ်ကို ကျန်းကျန်းမာမာနဲ့ ပြန်လည်ရောက်ရှိပါပြီ။ ဒီရက်ပိုင်း ဖုန်းတွေပြန်မဖြေဖြစ်ရင် နားလည်ပေးကြပါရှင်။ ဆုတောင်းမေတ္တာပို့သပေးတဲ့ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်ရှင်" ဟု အိကျော်ဇင်က လူမှုကွန်ရက်တွင် ရေးသားထားသည်။
ပုဒ်မ ၅၀၅-ကဖြင့် ထောင်ဒဏ်သုံးနှစ်စီ ချမှတ်ခံထားရသော အကယ်ဒမီ ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ သရုပ်ဆောင်လူမင်း၊ ပိုင်တံခွန်၊ မဝင်းမင်းသန်းတို့အပြင် ပြီးခဲ့သည့်လပိုင်းက ဖမ်းဆီးခံရသော ဒါရိုက်တာဝိုင်းတို့ကို ယနေ့တွင် ပြန်လွှတ်ပေးခြင်းဖြစ်သည်။
ယခုပြန်လွှတ်ပေးမှုတွင် သရုပ်ဆောင် ရဲတိုက်၊ အဆိုတော် စောဖိုးခွား၊ အဆိုတော် ပိုပိုတို့ ပါဝင်ခြင်း မရှိပေ။
■ Photo - Paing Takhon Facebook















