ယူကရိန်းကို ဘက်ပေါင်းစုံမှ ချီတက် ဝင်ရောက်ရန် ရုရှားစစ်တပ် အမိန့်ထုတ်ပြန်

ယူကရိန်းကို ဘက်ပေါင်းစုံမှ ချီတက် ဝင်ရောက်ရန် ရုရှားစစ်တပ် အမိန့်ထုတ်ပြန်
ဖေဖော်ဝါရီ ၂၆ ရက်က ယူကရိန်းနိုင်ငံ လူဟန့်စ်ဒေသရှိ လမ်းမတစ်ခုပေါ်တွင် မောင်းနှင်နေသည့် ယူကရိန်းတင့်ကားများကို တွေ့ရစဉ်
ဖေဖော်ဝါရီ ၂၆ ရက်က ယူကရိန်းနိုင်ငံ လူဟန့်စ်ဒေသရှိ လမ်းမတစ်ခုပေါ်တွင် မောင်းနှင်နေသည့် ယူကရိန်းတင့်ကားများကို တွေ့ရစဉ်
Published 27 February 2022
Ref: AFP

ယူကရိန်းနိုင်ငံထဲသို့ ဘက်ပေါင်းစုံမှ ချီတက်ဝင်ရောက်ရန် ရုရှားအစိုးရက ၎င်း၏ စစ်သားများကို အမိန့်ပေးခဲ့ပြီး အနောက်နိုင်ငံများက ရုရှား၏ဘဏ်စနစ်ကို ဖြတ်တောက်ရန် ကြိုးပမ်းသည့် ပိတ်ဆို့မှုများဖြင့် ဖေဖော်ဝါ ရီ ၂၆ ရက်က တုံ့ပြန်ခဲ့သည်။

ယူကရိန်းအရာရှိများ၏ပြောကြားချက် အရ ရုရှား၏ကျူးကျော်မှုစတင်သည့် ဖေဖော်ဝါရီ ၂၄ ရက်မှစပြီး ကလေးငယ် သုံးဦးအပါအ ဝင် အရပ်သား ၁၉၈ ဦးသေဆုံးခဲ့ကြောင်းနှင့်  မြေအောက်ဘူတာရုံများထဲသို့ ဒေသခံများ ထွက်ပြေးတိမ်းရှောင်စေခဲ့သည့် ပေါက်ကွဲမှု များဖြစ်ပွားနေသည့် ကိယက်ဗ်မြို့တော်တွင် ရုရှားအဖျက်သမားများ လှုပ်ရှားနေသည်ဟု  သတိပေးခဲ့သည်။

ရုရှားအစိုးရကမူ ယူကရိန်းသည် ဆွေး နွေးမှုများပြုလုပ်ရန် ငြင်းပယ်ခဲ့ကြောင်း စွပ်စွဲ ခဲ့ပြီးနောက် ၎င်းင်း၏ထိုးစစ်ကို ဆက်လက်လုပ် ဆောင်နေကာ စစ်ဘက်ဆိုင်ရာပစ်မှတ်များ ကို ခရုစ်ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့သည်ဟု ပြောကြားခဲ့သည်။

ရုရှား၏ကျူးကျော်မှုစတင်သည့် သုံးရက်မြောက်နေ့တွင် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက ၎င်း၏နိုင်ငံသည် ရုရှား ကို အညံ့ခံမည်မဟုတ်ကြောင်း ကတိပြုခဲ့ပြီး အမေရိကန်ကမူ ကျူးကျော်ဝင်ရောက်သည့် တပ်ဖွဲ့များသည် အရှိန်အဟုန်ကင်းမဲ့ကြောင်း ပြောကြားခဲ့သည်။

ယူကရိန်းစစ်တပ်က ၎င်းတို့တပ်ဖွဲ့များ သည် မြို့တော်ကိယက်ဗ်ကို တိုက်ခိုက်နေ သည့် ခံစစ်လိုင်းကို ထိန်းထားနိုင်ခဲ့သော်လည်း မြို့တော်အတွင်းသို့ ထိုးဖောက်ဝင်ရောက်နှင့် ပြီးဖြစ်သည့် ရုရှားအဖျက်အုပ်စုများကိုလည်း  တိုက်ခိုက်နေရကြောင်း ပြောကြားခဲ့သည်။

“ကျွန်တော်တို့နိုင်ငံ လွတ်မြောက်တဲ့ အချိန်အထိ ကျွန်တော်တို့ တိုက်ခိုက်သွားမှာ ပါ” ဟု ဇယ်လန်စကီးက ဗီဒီယိုမက်ဆေ့ချ်တစ် ခုတွင် ပြောကြားခဲ့သည်။

၎င်းအားဖြုတ်ချလိုသည့် ရုရှားအစိုးရ၏ အစီအစဉ်ကို ယူကရိန်းက လမ်းချော်စေရန် လုပ်ဆောင်နိုင်ခဲ့ကြောင်းနှင့် ရုရှားနိုင်ငံသားများအနေဖြင့် ပဋိပက္ခကို ရပ်တန့်ရန်အတွက် ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ဖိအားများပေးရန် ဇယ်လန်စကီးက တိုက်တွန်းခဲ့သည်။

ရုရှား၏ကျူးကျော်မှုကို တုံ့ပြန်သည့် အ နေဖြင့် အနောက်နိုင်ငံများက ရုရှား၏ဘဏ် များကို နိုင်ငံတကာ အဆက်အသွယ်ဘဏ် များနှင့် တိုက်ရိုက်ချိတ်ဆက်သည့် SWIFT ဘဏ်စနစ်မှ ဖယ်ရှားသွားမည်ဟု ပြောကြားခဲ့ ပြီး ရုရှားဗဟိုဘဏ်၏ ပိုင်ဆိုင်မှုများကို ထိန်း ချုပ်ကြောင်း ပြောကြားခဲ့သည်။

ထိုအချိန်အတောအတွင်း အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက မကြာသေးမီ လများအတွင်းက ယူကရိန်းနယ်စပ်တွင်ဖြန့် ကြက်ချထားသည့် ရုရှားကျူးကျော်တပ်ဖွဲ့ဝင် ၁၅၀၀၀၀ ကျော်အနက် ထက်ဝက်ခန့်မှာ ယူ ကရိန်းနိုင်ငံအတွင်းသို့ ရောက်ရှိနေပြီဟု ခန့် မှန်းခဲ့သည်။

သို့သော်လည်း ပြီးခဲ့သည့် ၂၄ နာရီအ တွင်း ရုရှားတပ်ဖွဲ့များ၏အရှိန်အဟုန်မှာ လျော့ကျခဲ့ပြီး ရုရှားစစ်တပ်သည် ယူကရိန်း ကို လေကြောင်းအသာစီးမရသေးကြောင်း အမေရိကန်အရာရှိတစ်ဦးက ပြောကြားခဲ့ သည်။

ကျူးကျော်စစ်ဖြစ်ပွားသည့် လေးရက် မြောက်နေ့ဖြစ်သည့် ဖေဖော်ဝါရီ ၂၇ ရက်တွင် မူ ရုရှားစစ်သားများသည် ယူကရိန်း၏ ဒုတိယ မြို့ဖြစ်သည့် ခါခိဗ်မြို့ထဲသို့ဝင်ရောက်လာခဲ့ ပြီး တိုက်ခိုက်မှုများဆက်လက်ဖြစ်ပွားနေ သည်ဟု ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့က ပြော ကြားခဲ့သည်။

                                                         

Most Read

Most Recent