ဦးဖြိုးမင်းသိန်း၏ ထွက်ဆိုချက်အရ ​ဒေါ်​အောင်ဆန်းစုကြည်အား အဂတိဖြင့်  တရားစွဲထားသည့်အမှုကို  စွဲချက်တင်သင့် မသင့် နှစ်ဖက်​ရှေ့နေများ လျှောက်လဲချက်ပေးခဲ့ပြီး လာမည့်ရုံးချိန်းတွင် စွဲချက်တင်    မတင် အမိန့်ချမည်

ဦးဖြိုးမင်းသိန်း၏ ထွက်ဆိုချက်အရ ​ဒေါ်​အောင်ဆန်းစုကြည်အား အဂတိဖြင့်  တရားစွဲထားသည့်အမှုကို  စွဲချက်တင်သင့် မသင့် နှစ်ဖက်​ရှေ့နေများ လျှောက်လဲချက်ပေးခဲ့ပြီး လာမည့်ရုံးချိန်းတွင် စွဲချက်တင်    မတင် အမိန့်ချမည်
Published 25 February 2022

အတိုင်ပင်ခံ ပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်အား ရွှေနှင့်ဒေါ်လာများ ပေးခဲ့ ရသည်ဆိုသော ရန်ကုန်တိုင်းဒေသကြီး ဝန် ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်း၏ ထွက်ဆို ချက်များအရ ဒေါ်အောင်ဆန်းစုကြည်အ ပေါ် အဂတိလိုက်စားမှုတိုက်ဖျက်​​ရေးဥပဒေ ဖြင့် တရားစွဲဆိုထားသည့် ရာဇဝတ်ကြီး အမှု အမှတ် (၂) အား စွဲချက်တင်သင့် မသင့် နှစ် ဖက်ရှေ့နေများက လျှောက်လဲချက်ပေးခဲ့ ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာ သည့်သတင်းများအရ သိရ သည်။

နေပြည်တော်ကောင်စီဝန်းအတွင်းရှိ အထူးတရားရုံးတွင် ဖေဖော်ဝါရီ ၂၅ ရက်က အထက်ပါအမှုနှင့်ပတ်သက်၍ စစ်ဆေးခဲ့ ခြင်းဖြစ်ပြီး  လာမည့်ရုံးချိန်းတွင် စွဲချက် တင်၊ မတင်အမိန့်ချမှတ်မည်ဖြစ်ကြောင်း အမှုနှင့် ပတ်သက်၍ ထွက်ပေါ်လာသည့် သတင်းများ အရ သိရသည်။

ဖေဖော်ဝါ ရီ ၂၅ ရက်ရုံးချိန်း၌ နေပြည်တော်တွင်ဒေါ်ခင်ကြည်ဖောင်းဒေးရှင်းအ တွက် မြေနေရာများရယူမှု၊ ရန်ကုန်မြို့ရှိ ဒေါ် ခင်ကြည်ဖောင်ဒေးရှင်းရုံးချုပ်ဖွင့်လှစ်ရန် မြေနေရာနှင့် အဆောက်အအုံငှားရမ်းမှု၊နေ ပြည်တော်ရှိ လ​​ရောင်တောတွင် တစ်ထပ်အ​​ဆောက်အအုံဆောက်လုပ်ခြင်းများနှင့်ပတ် သက်၍ ဒေါ်အောင်ဆန်းစုကြည်အား အဂတိ လိုက်စားမှုတိုက်ဖျက်​​ရေးဥပဒေများဖြင့် တ ရားစွဲဆိုထားသည့်အမှုများကို စစ်ဆေးရန် ချိန်းဆိုထားသော်လည်း တရားလိုပြသက်​​သေ ဒေါက်တာပွင့်သန္တာကျော်ရုံးရှေ့သို့ ​​​ရောက်ရှိလာခြင်းမရှိသောကြောင့် အမှုများ အား စစ်ဆေးနိုင်ခဲ့ခြင်းမရှိ​​ကြောင်း အမှုနှင့် ပတ်သက်၍ ထွက်ပေါ်လာသည့် သတင်းများ အရ သိရသည်။

ထို့ပြင် ဖေဖော်ဝါရီ ၂၅ ရက်ရုံးချိန်းတွင်  ဒေါ်အောင်ဆန်းစုကြည်အား အခြားပုဂ္ဂိုလ် များနှင့်ပူးတွဲစွဲဆိုထားသည့်အမှုများများကို အပတ်စဉ်ရုံးထုတ်စစ်ဆေးမည့်ရက်များအား ပြောင်းလဲသတ်မှတ်ခဲ့ကြောင်း အမှုနှင့်ပတ် သက်၍ ထွက်ပေါ်လာသည့်သတင်းများအရ သိရသည်။

နေပြည်တော်တွင် ဒေါ်ခင်ကြည်ဖောင် ဒေးရှင်းကဆောင်ရွက်မည့် လရောင်တော  စီမံကိန်းများအတွက် မြေနေရာလျှောက်ထား ရယူသည့်ကိစ္စများနှင့်ပတ်သက်၍ ဒေါ် အောင်ဆန်းစုကြည်၊ နေပြည်တော်မြို့တော် ဝန်ဟောင်း ဒေါက်တာမျိုးအောင်၊ နေပြည် တော်ဒုတိယမြို့တော်ဝန်ဟောင်း ဦးရဲမင်းဦး၊  နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဝင်ဟောင်း ဦးမင်းသူတို့အား အဂတိဖြင့် တ ရားစွဲဆိုထားသည့်အမှုများနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်တစ်ဦးတည်းအား  အပတ်စဉ် တနင်္လာနေ့တိုင်း ပြောင်းလဲရုံး ထုတ်စစ်ဆေးမည်ဖြစ်​​ကြောင်း သိရသည်။

အထက်ပါအမှုများမှ ဒေါက်တာမျိုး အောင်၊ ဦးရဲမင်းဦးနှင့် ဦးမင်းသူတို့ကို အပတ် စဉ် ဗုဒ္ဓဟူးနေ့တိုင်း သီးခြားရုံးထုတ်စစ်ဆေး မည်ဖြစ်ကြောင်း သိရသည်။

အလားတူ  ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်းအပေါ် အဂတိဖြင့်တရား စွဲဆို ထားသည့် နေပြည်တော် လရောင်တောစီမံ ကိန်းတွင် တစ်ထပ်အဆောက်အအုံတစ်လုံး တည်ဆောက်ရာတွင် ယင်းအဆောက်အအုံ သည် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နေထိုင်ရန် အတွက် ဖောင်ဒေးရှင်းသို့ အများပြည်သူ လှူဒါန်းငွေ ဖြင့် အသုံးပြုတည်ဆောက်သည်ဆိုသည့်စွဲ ချက်ဖြင့်  တရားစွဲဆိုထားသည့်အမှု၊ ဒေါ် အောင်ဆန်းစုကြည်အား ရွှေနှင့်ဒေါ်လာ များပေးခဲ့ရသည်ဆိုသော ရန်ကုန်တိုင်းဒေ သကြီးဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်း ၏ထွက်ဆိုချက်များအရ တရားစွဲဆိုထား သည့်အမှု၊ ရန်ကုန်မြို့တက္က သိုလ်ရိပ်သာလမ်း ရှိ ခြံ အမှတ်(၆၀)အား ဒေါ်ခင်ကြည်ဖောင် ဒေးရှင်းရုံးချုပ်ဖွင့်လှစ်ရန်အတွက် မြေနှင့် အဆောက်အအုံငှားရမ်းရာတွင် လုပ်ထုံးလုပ် နည်းနှင့်မညီဘဲ ငှားရမ်းခဲ့သည်ဆိုသော စွဲ  ချက်ဖြင့် တရားစွဲဆိုထားသည့်အမှုတို့အား

အပတ်စဉ်တနင်္လာနေ့တိုင်း ပြောင်းလဲရုံး ထုတ်စစ်ဆေးမည်ဖြစ်​​ကြောင်း အမှုနှင့်ပတ် သက်၍ထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။

ထို့အတူရဟတ်ယာဉ် ငှားရမ်းခြင်း၊ ဝယ် ယူခြင်းများတွင် ဘဏ္ဍာငွေကြေးများ နစ်နာဆုံးရှုံးခဲ့သည်ဆိုသည့်စွဲချက်ဖြင့် သမ္မတ ဟောင်း ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစု ကြည်တို့အား အဂတိလိုက်စားမှုတိုက်ဖျက် ရေးဥပဒေဖြင့်အမှုဖွင့်ထားသည့်အမှုအား အပတ်စဉ် အင်္ဂါနေ့တိုင်းရုံးထုတ်စစ်ဆေး သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်၊ စီမံ/ဘဏ္ဍာ ဝန်ကြီးဟောင်းသုံးဦးနှင့် သြစတြေးလျနိုင်ငံသား ရှောင်တာနယ်တို့အား မြန်မာနိုင်ငံ အစိုးရလျှိုဝှက်ချက်များ အက်ဥပဒေတရားစွဲဆိုထားသည့်အမှု၊ ၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အပေါ် မလျော်သြဇာလွွှမ်းမိုးခြင်း စွဲချက်ဖြင့် ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစု ကြည်နှင့် ပြည်ထောင်စုဝန်ကြီးဟောင်းဦးမင်း သူတို့ကို  ရာဇသတ်ကြီး ပုဒ်မ ၁၃၀-ကဖြင့် တရားစွဲထားသည့်အမှုတို့အား အပတ်စဉ် သောကြာနေ့တိုင်း ရုံးထုတ်စစ်ဆေးရန် သတ် မှတ်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent