ကိုဗစ်တုပ်ကွေးနှင့် ရောဂါပိုးမဝင်အောင် တားဆီးအစာများ

ကိုဗစ်တုပ်ကွေးနှင့် ရောဂါပိုးမဝင်အောင် တားဆီးအစာများ
Published 6 February 2022
ဒေါက်တာလွင်သန့်

၂၀၁၉ ခုနှစ် ဒီဇင်ဘာလက တရုတ်နိုင်ငံ ဝူဟန်မြို့ကစတင်ခဲ့တဲ့ ကိုဗစ်ကပ်ရောဂါဟာ အိုမီခရွန်ဗီဇသစ် ကူးစက်မှုတွေနဲ့အတူ ကမ္ဘာတစ်လွှား ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၃ ရက် အထိ လူသား ၃၈၂ သန်းတွင် ကူးစက်ဖြစ်ပွားပြီး သေဆုံးသူ ၅ ဒသမ ၇ သန်းရှိကာ မြန်မာနိုင်ငံမှာ ရောဂါပိုးတွေ့ရှိသူ ၅၃၆၉၀၄ ဦး၊ ရောဂါကြောင့်သေဆုံးသူ ၁၉၃၁၀ ဦးရှိပြီဖြစ် ပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၃ ရက်အထိ အိုမီခရွန်ဗီဇပြောင်းကိုဗစ်ပိုးတွေ့ရှိသူ ၃၄၈ ဦး ရှိလာပြီဖြစ်ပါတယ်။ တုပ်ကွေးရောဂါလည်း ကူးစက်မှုများလာလို့ အသက် ၅၀ နှစ်နဲ့ အထက် တုပ်ကွေးကာကွယ်ဆေးထိုးနှံဖို့ပြင် ဆင်နေကြပါတယ်။

ခန္ဓာကိုယ်ခုခံစွမ်းအားကောင်းမွန်မှသာ ရောဂါကူးစက်မှုမရှိနိုင်မှာပဲဖြစ်ပါတယ်။ ကို ဗစ်ကာကွယ်ဆေး၊ တုပ်ကွေးကာကွယ်ဆေးထိုးနှံထားတာကရောဂါဖြစ်ဖို့၊ အခွင့်အလမ်း နည်းသွားစေသလို အာဟာရဖြစ်အောင် စား သောက်နေထိုင်မှုကလည်း ခန္ဓာကိုယ်ခုခံအား စနစ် ကောင်းမွန်စေလို့ ရောဂါပိုးတွေခန္ဓာ ကိုယ်ထဲ မဝင်နိုင်စေပါဘူး။

ငါးစားသုံးပေးဖို့ လိုအပ်ပါတယ်။ ဆီလီနီယမ်ဓာတ်ကြွယ်ဝတဲ့ ကမာကောင်၊ ပုစွန် တုပ်၊ ကဏန်းစတာတွေက သွေးဖြူဥတွေက နေ ဆိုက်အိုတိုင်းပရိုတင်းကိုထုတ်လုပ်စေပြီး  တုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်စ်တွေကို ခန္ဓာ ကိုယ်ကနေ ဖယ်ရှားရှင်းလင်းပေးပါတယ်။ ဆဲလ်မွန်ငါး၊ မက်ကရယ်ငါးနဲ့ ဟာရင်းငါး စတဲ့ အိုမီဂါ (၃) ကြွယ်ဝတဲ့ ငါးတွေက ရောင် ရမ်းမှုကို လျှော့ချပေးပြီး အဆုတ်တွင်း လေ ဝင်လေထွက်ကို ကောင်းမွန်စေတာကြောင့် အဆုတ်တွင်း ဗိုင်းရပ်စ်ပိုးတွေဝင်ရောက်မှု မရှိအောင် ကာကွယ်ပေးပါတယ်။ တစ်ပတ်ကို အနည်းဆုံး ငါးဟင်းနှစ်ကြိမ်ပါအောင် ချက် စားသင့်ပါတယ်။

အကျိုးပြုဘက်တီးရီးယား (ဒိန်ချဉ်) ကို စားသုံးပေးသင့်ပါတယ်။ ဒိန်ချဉ်မှာပါတဲ့ဘက်တီးရီးယားတွေက ခန္ဓာကိုယ်က ရောဂါဖြစ် စေတဲ့ ပိုးမွှားတွေဝင်ရောက်တာကနေ အကောင်းဆုံး ကာကွယ်မှုပေးနိုင်ပါတယ်။ အကျိုးပြုဘက်တီးရီးယားတွေက ခန္ဓာကိုယ်မှာ ခုခံကာကွယ်မှုပေးတဲ့ ဆဲလ်တွေကို ၇၀ ရာခိုင်နှုန်းထိ တိုးတတ်များပြားစေပြီး အဆိုပါ ဆဲလ်တွေကနေ ခုခံဓာတ်တွေ ထုတ်လုပ်ပေး ပါတယ်။ ခန္ဓာကိုယ်မှာ ခုခံဓာတ်တွေရှိနေတာ ဟာ ခန္ဓာကိုယ်တွင်းကို တုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးတွေ မဝင်ရောက်နိုင်ဖို့ တွန်းလှန် နိုင်ပါတယ်။ ခန္ဓာကိုယ်ခုခံအားကို မြှင့်တင်ပေးတဲ့ဆေးတွေရှိပါတယ်။ ခန္ဓာကိုယ်အတွက် အသင့်တော်ဆုံးက သဘာဝကရတဲ့ ဒိန်ချဉ် ပဲဖြစ်ပါတယ်။ ဒိန်ချဉ်သောက်သုံးခြင်းက အကျိုးပြုဘက်တီးရီးယားတွေကို သဘာဝ အတိုင်းရရှိစေပါတယ်။

ကြက်စွပ်ပြုတ် သောက်သုံးပေးသင့်ပါတယ်။ ကြက်စွပ်ပြုတ်က ပိုးမွှားကာကွယ်နိုင်ရုံမက ခုခံစွမ်းအား မြှင့်တင်ပေးနိုင်ပါတယ်။ကြက်စွပ်ပြုတ်နဲ့ တုပ်ကွေးရောဂါရဲ့ဆက်စပ်မှုကို သုတေသီက လေ့လာကြည့်တဲ့အခါ ကြက်သားကို ချက်ပြုတ်နေချိန် အမိုင်နိုအက် ဆစ်တစ်မျိုးဖြစ်တဲ့ စစ္စတင်းထွက်လာပါတယ်။ စစ္စတင်းက လေပြွန်လေးတွေရောင် ရမ်းမှုကျစေတဲ့ ဆေးအတိုင်း စစ္စတင်းရဲ့အာနိ သင်တူတာတွေ့ရှိရပါတယ်။ အသက်ရှူလမ်း ကြောင်းကတစ်ဆင့် ဝင်ရောက်နိုင်တဲ့ပိုးမွှား တွေကို ကာကွယ်နိုင်ပါတယ်။ ကြက်စွပ်ပြုတ် ထဲထည့်တဲ့ ကြက်သွန်ဖြူ၊ ကြက်သွန်နီတွေက ခုခံအား မြင့်တက်စေပါတယ်။ တုပ်ကွေးအ အေးမိဖြစ်တော့မယ့် လက္ခဏာခံစားရပါရင် ကြက်စွတ်ပြုတ်တစ်ခွက်ကို ငရုတ်ကောင်းနိုင် နိုင်နဲ့သောက်သုံးပေးသင့်ပါတယ်။ ကြက်စွပ် ပြုတ်၊ ဆိတ်စွပ်ပြုတ်က ရိုးတွင်းချဉ်ဆီကောင်း မွန်စေပြီး အာဟာရလည်းဖြစ်ကာ ကိုယ်ခံစွမ်း အားမြင့်စေပါတယ်။

ဗီတာမင်စီ စားပေးသင့်ပါတယ်။ ဗီတာ မင်စီက အအေးမိဖျားနာခြင်းမှ အမြန်ပျောက် ကင်းနိုင်ပါတယ်။ ဗီတာမင်စီကအအေးမိဖျား နာတာကို အကောင်းဆုံးကာကွယ်ပေးနိုင် တယ်လို့ နိုဗယ်ဆုရ သိပ္ပံပညာရှင်လီမက်ပေါ လင်းက ဆိုပါတယ်။ အော်ရီဂွန်တက္ကသိုလ်မှ  သိပ္ပံပညာရှင် ဂျိန်းဟစ်ဒင်းက သုတေသန အများစုမှာ ဗီတာမင်စီက အအေးမိဖျားနာ တာကို ကာကွယ်ပေးတယ်ဆိုတာ မတွေ့ရပါ ဘူးဆိုပါတယ်။ သုတေသနအချို့မှာ တွေ့ရ တာက အအေးမိဖျားနာဖြစ်ချင်တဲ့ လက္ခဏာ တွေပြလာချိန်မှာ ဗီတာမင်စီကိုသုံးစွဲမယ်ဆို ရင် ဖျားတဲ့ရက်တိုစေတယ်ပြောပါတယ်။

ဗီတာမင်စီနဲ့ သတ္တုဓာတ်မျိုးစုံရရှိနိုင်ဖို့  သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေ နေ့စဉ်စား သုံးပေးသင့်ပါတယ်။ ဗီတာမင်စီဓာတ်ပါ လုံ လုံလောက်လောက်ရရှိနိုင်ပါတယ်။ အအေးမိ ဖျားနာဖြစ်ချင်တဲ့ အစောဆုံးလက္ခဏာတွေ ပြလာပြီဆိုရင် ဗီတာမင်စီဆေးပြားဖြည့်စွက် သောက်သုံးဖို့ လိုအပ်ပါတယ်။

ဇင့်ဓာတ်လည်း လိုအပ်ပါတယ်။ ဇင့် ဓာတ်ဟာ အအေးမိဖျားနာခြင်း ရောဂါလက္ခ ဏာများ ပျောက်ကင်းဖို့နဲ့ အအေးမိဖျားနာ ခြင်းဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးကို ကာကွယ်တား ဆီးနိုင်ဖို့ဖြစ်ပါတယ်။ သတ္တုဓာတ်တစ်မျိုး ဖြစ်တဲ့ ဇင့်ဓာတ်က နှာရည်ယို၊ နှာပိတ်တာ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အအေး မိဖျားနာဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးက နှာခေါင်းထဲ  ဝင်ရောက်ပြီး မော်လီကျူးနဲ့ ပေါင်းနေတတ် တယ်။ ဇင့်က ဗိုင်းရပ်စ်ပေါင်းမယ့် မော်လီကျူး နဲ့ပေါင်းလိုက်ကာ ဗိုင်းရပ်စ်ပိုးတွယ်ကပ်တာ ကို တားဆီးပေးပါတယ်လို့ လော့အိန်ဂျလိစ်မှ  နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ အထူးကု  မာရေးဂရော့ဆန်က ဆိုပါတယ်။

ဇင့်ဓာတ်များများရရှိအောင် အစားအစာတွေ စားသုံးသင့်ပါတယ်။ ဇင့်ဓာတ်ပါတဲ့ နှာခေါင်းတွင်းရှူဆေးက ထိရောက်မှုရှိပေမဲ့  ဘေးထွက်ဆိုးကျိုးရှိတာကြောင့် ဆရာဝန်နဲ့ တိုင်ပင်ပြီး ညွှန်ကြားချက်ယူကာ သောက်သင့် ပါတယ်။

အင်တီအောက်ဆီဒင့်ပါတဲ့ အစားအစာ စားသုံးပေးသင့်ပါတယ်။ အင်တီအောက်စီဒင့် ကြွယ်ဝတဲ့ အစာတွေက ခန္ဓာကိုယ်ထဲမှာဖြစ် ပေါ်နေတဲ့ ဓာတ်တိုးဖြစ်စဉ်များတားဆီးပေး ပါတယ်။ ဓာတ်တိုးမှုဖြစ်စဉ်တွေက အသက် အရွယ်ကို အိုမင်းရင့်ရော်စေတယ်။ အရောင် စုံတဲ့ အသီးအရွက်တွေဖြစ်တဲ့ ဘယ်ရီသီး၊ မုန် လာဥဝါ၊ သင်္ဘောသီး၊ မုန်လာဥနီ၊ စတော် ဘယ်ရီသီး၊ ရွှေဖရုံသီး၊ ခရမ်းချဉ်သီးတွေက နေရရှိနိုင်ပါတယ်။ သင့်တင့်မျှတတဲ့အာဟာရ ကို စားသုံးတာကြောင့် ကင်ဆာ၊ နှလုံးနဲ့ ဆီးချို ဖြစ်ပွားမှုကနေ ကာကွယ်နိုင်ပါတယ်။

သံလွင်ဆီကို ထည့်ချက်သင့်ပါတယ်။ သံလွင်ဆီ၊ မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီတွေမှာ မိုနိုမပြည့်ဝဆီ ပါဝင်ပြီး ဦးနှောက်မှတ်ဉာဏ် အတွက် အကျိုးရှိလှပါတယ်။ ဒြပ်ပေါင်းတစ် မျိုးဖြစ်တဲ့ စတီးရွိုက်လို အကိုက်အခဲပျောက် ဆေးပုံစံ ရောင်ရမ်းမှုနဲ့ နာကျင်မှုတွေလျော့ နည်းစေတဲ့ အာနိသင်ရှိပါတယ်။ လေ့လာမှု အရ သံလွင်ဆီမှာ ခန္ဓာကိုယ်တွင်းကောင်းတဲ့ အဆီဓာတ်များစေပြီး သွေးကြောနံရံတွေမှာ  အဆီတွေကပ်နေမှုကို လျော့နည်းစေလို့ သွေး ကြောအဆီခဲ ပိတ်ဆို့နိုင်ခြေ လျော့နည်းစေပါ တယ်။

နို့နဲ့နို့ထွက်ပစ္စည်းအမျိုးမျိုး စားသုံးပေး သင့်ပါတယ်။ ဗီတာမင်ဒီဖြည့်စွက်ထားတဲ့နွားနို့ကို သောက်သုံးရင် အရိုးသန်မာဖို့လိုအပ်တဲ့ ကယ်ဆီယမ်စုပ်ယူမှုကို အားပေးပါတယ်။ ဗီ တာမင်ဒီက အူမကြီးကင်ဆာ၊ရ င်သားကင် ဆာ၊ ဆီးကျိတ်ကင်ဆာဖြစ်ပွားနိုင်ခြေ လျော့ နည်းစေတယ်။ ကောက်နှံပါတဲ့ထမင်း၊ ဆန် လုံးညို၊ ပေါင်မုန့်ချော၊ ပေါင်မုန့်ညို၊ ပြောင်း၊ လူး၊ ဆပ်တို့က အမျှင်ဓာတ်နဲ့အာဟာရတန်ဖိုး များရရှိစေကာ ဝမ်းချုပ်တာမဖြစ်အောင် ကာ ကွယ်ပေးလို့ စားသုံးသင့်တယ်။

Most Read

Most Recent