တောင်ကြီးမြို့နယ်ရှိ တိုက်ပွဲရှောင်ပြည်သူများအတွက် အလှူငွေနှင့် ထောက်ပံ့ရေးပစ္စည်းများ လက်ခံထောက်ပံ့ရေးကော်မတီက အလှူခံရရှိထားသော ကျပ်သိန်း ၁၀၀ ကျော်ကို တောင်ကြီးမြို့ရှိ စစ်ဘေးရှောင်စခန်း ၄၁ နေရာသို့ ဖြန့်ဝေလှူဒါန်း

တောင်ကြီးမြို့နယ်ရှိ တိုက်ပွဲရှောင်ပြည်သူများအတွက် အလှူငွေနှင့် ထောက်ပံ့ရေးပစ္စည်းများ လက်ခံထောက်ပံ့ရေးကော်မတီက အလှူခံရရှိထားသော ကျပ်သိန်း ၁၀၀ ကျော်ကို တောင်ကြီးမြို့ရှိ စစ်ဘေးရှောင်စခန်း ၄၁ နေရာသို့ ဖြန့်ဝေလှူဒါန်း
Published 2 February 2022

တောင်ကြီးမြို့နယ်ရှိ တိုက်ပွဲရှောင်ပြည်သူများအတွက် အလှူငွေနှင့် ထောက်ပံ့ရေးပစ္စည်းများ လက်ခံထောက်ပံ့ရေးကော်မတီက အလှူခံရရှိထားသော အလှူငွေ ကျပ်သိန်း ၁၀၀ ကျော်ကို တောင်ကြီးမြို့ရှိ စစ်ဘေးရှောင်စခန်း ၄၁ နေရာသို့ ဖြန့်ဝေလှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။

တောင်ကြီးမြို့နယ်ရှိ တိုက်ပွဲရှောင်ပြည်သူများအတွက် အလှူငွေနှင့် ထောက်ပံ့ရေး ပစ္စည်းများ လက်ခံထောက်ပံ့ရေးကော်မတီကို ဇန်နဝါရီ ၃၁ ရက်တွင် ယာယီရပ်နားပြီး ဖေဖော်ဝါရီ ၁ ရက်တွင် အလှူခံရသော ငွေများထဲမှ အလှူငွေ ၁၁၅ သိန်းကျော်ကို တိုက်ပွဲရှောင် စခန်း ၄၁ နေရာအတွက် မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာနှင့် တိုင်းရင်းသားပေါင်းစုံခရစ်ယာန်ကျောင်းတို့တွင် စုစည်း၍ လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။ အလှူခံဌာနကို လိုအပ်ချက်ရှိမှသာလျှင် ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း အစည်းအဝေးဆုံးဖြတ်ချက်အရ ထုတ်ပြန်ကြေညာထားခြင်းဖြစ်သည်။

တောင်ကြီးမြို့ပေါ်တွင်ရှိသော တိုက်ပွဲရှောင်စခန်းများနှင့် စစ်ဘေးရှောင်အရေအတွက်မှာ (၁) ကရင်နှစ်ခြင်းဘုရားကျောင်းတွင် ၁၀၅ ဦး၊ (၂) စိန့်ထရေဇာဘုရားကျောင်းတွင် လူဦးရေ ၁၃၇ ဦး၊ (၃) တိုင်းရင်းသားပေါင်းစုံ ခရစ်ယာန်ကျောင်းတွင် ၃၁ ဦး၊ (၄) ကရင်နှစ်ခြင်းဘုရားကျောင်းတွင် ၃၆ ဦး၊ (၅) အနှီးသာသနာကျောင်းတွင် ၂၈ ဦး၊ (၆) စိန်မိုက်ကယ်ကျောင်းတွင် ၉၆ ဦး၊ (၇) သူငယ်တော် ယေဇူးမိဘမဲ့ကျောင်းနှင့် (၈) ငြိမ်းချမ်းခြင်းသခင်မကျောင်းတွင် ၁၁၂ ဦး၊ (၉) အိပ်မက် အိမ်မူးယစ်ဆေးဖြတ်ဆေးခန်းတွင် ၇၀ ဦး၊ (၁၀) အောင်ချမ်းသာဘုန်းကြီးကျောင်း ၅၇ ဦး၊ (၁၁) ဘုရားဖြူခရစ်ယာန်ကျောင်း (နယ်မြေ-၅) တွင် ၃၅ ဦး၊ (၁၂) အောင်မြေသာစည် ဘုန်းကြီးကျောင်းတွင် ၅၆ ဦး၊ (၁၃) မတ်မူဒီယာအာရဗီကျောင်းတွင် ၁၃၀ ဦး၊ (၁၄) မဟာစည်သီလရှင်ကျောင်းတွင် ၁၅ ဦး၊ (၁၅) တောင်ဗလီတွင် ၁၀၀ ဦး၊ (၁၆) မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာတွင် ၁၆၁ ဦး၊ (၁၇) ဓမ္မသုခဘုန်းကြီးကျောင်းတွင် ၁၆ ဦး၊ (၁၈) ဓမ္မကျမ်းစာသင်ကျောင်း (နားဘောင်) တွင် ၄၀ ဦး၊ (၁၉) လွယ် ကောင်းနှစ်ခြင်းခရစ်ယာန်ကျောင်းတွင် ၈၀ ဦး၊ (၂၀) ဒဏ္ခိဏရာမ ပရိယတ္တိစာသင်တိုက်တွင် ၈၀ ဦး၊ (၂၁) စဉ့်ဟယ်နှစ်ခြင်းခရစ်ယာန် အသင်းတော်တွင် ၃၁ ဦး၊ (၂၂) သာသနာ့ဝန်ဆောင်ဘုန်းကြီးကျောင်းတွင် ၁၄၃ ဦး၊ (၂၃) စာကြည့်တိုက် အမှတ်(၉) ရပ်ကွက်တွင် ၇၄ ဦး၊ (၂၄) ဇောတိကရာမ (သစ်) တွင် ၄၄ ဦး၊ (၂၅) စိန့်အန်ထော်နီ ခရစ်ယာန်ကျောင်းတွင် ၂၅ ဦး၊ (၂၆) ကံကြီးပရိယတ္တိကျောင်းတွင် ၁၂ ဦး၊ (၂၇) YGW မိဘမဲ့ကျောင်းတွင် ၅၆ ဦး၊ (၂၈) မင်းကျောင်းစာသင်တိုက်တွင် ၂၉ ဦး၊ (၂၉) ပုံဆွေပင်ဘုန်းကြီးကျောင်းတွင် ၂၈ ဦး၊ (၃၀) စိန်အဲန်းဘုန်းကြီး၊ သီလရှင်ကျောင်းတွင် ၂၃ ဦး၊ (၃၁) ပညာရေးကောလိပ်တွင် ၆၇ ဦး၊ (၃၂) ဖောင်တော်ပေါက်ဘုန်းကြီးကျောင်းတွင် ၃၆ ဦး၊ (၃၃) ယေဟောဝါ (ကင်းမျှော်စင်) ဘုရားကျောင်းတွင် ၄၄ ဦး၊ (၃၄) တောင်ကျောင်းကြီးတွင် ရှစ်ဦး၊ (၃၅) ပန်သခွားခရစ်ယာန်ကျောင်းတွင် ၁၉၅ ဦး၊ (၃၆) ကျောက်တစ်လုံး (နတလရုံး) တွင် ခြောက်ဦး၊ (၃၇) အာကာသိပ္ပံတွင် ၅၀ ဦး၊ (၃၈) တရုတ်နှစ်ခြင်း (သစ်) တွင် ၁၅ ဦး၊ (၃၉) အမျိုးသမီး အဖွဲ့ချုပ်(အသစ်) တွင် ၁၀ ဦး၊ (၄၀) ရှစ်နှစ်ခြင်း (သစ်) တွင် ၁၆ ဦး၊ (၄၁) ခရစ်ယာန် အဆောက်အအုံ (သစ်) တွင် ၂၂ ဦး၊ စုစုပေါင်း အိမ်ထောင်စုပေါင်း ၆၃၃ စု၊ အမျိုးသား ၉၇၀ ဦး၊ အမျိုးသမီး ၁၃၄၉ ဦး၊ စုစုပေါင်း ၂၃၁၉ ဦးအတွက် တစ်ဦးလျှင် ကျပ် ၅၀၀၀ နှုန်းဖြင့် စုစုပေါင်း ကျပ် ၁၁၅၉၅၀၀၀ ကို လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးခရိုင်အတွင်းရှိ တောင်ကြီးမြို့နယ်၊ ညောင်ရွှေမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ပင်လောင်း မြို့နယ်၊ ဟိုပုံးမြို့နယ်၊ ကလောမြို့နယ်တို့တွင် စစ်ဘေးရှောင်ပေါင်း လေးသောင်းကျော် ခိုလှုံနေခြင်း ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent