ကျိုက်ထိုမြို့နယ် မုက္ခမူကျေးရွာရှိ Mytel တာဝါတိုင်၌ မိုင်းပေါက်ကွဲမှုဖြစ်ပွား

ကျိုက်ထိုမြို့နယ် မုက္ခမူကျေးရွာရှိ Mytel တာဝါတိုင်၌ မိုင်းပေါက်ကွဲမှုဖြစ်ပွား
Published 1 January 2022

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်၊ မုက္ခမူ ကျေးရွာရှိ Mytel တာဝါတိုင်၌ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်၊ ည ၁၁ နာရီ ၄၅ မိနစ် အချိန်ခန့်က မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရ သည်။

 အဆိုပါ Mytel တာဝါတိုင်၌ မိုင်းပေါက် ကွဲမှုဖြစ်ပွားခဲသော်လည်း ပျက်စီးမှုအခြေအ နေကို မသိရကြောင်း ဒေသခံများ၏ပြောကြား ချက်များအရ သိရသည်။

“ မနေ့ည ၁၁ နာရီ ၄၅ မိနစ် အချိန် လောက်က တာဝါတိုင်မှာ ပေါက်ကွဲဖြစ်တဲ့ အသံကြားလိုက်တယ်။ အဲဒီနေရာကို သွားမ ကြည့်ရဲကြတော့ ပျက်စီးမှုအခြေအနေတော့ မသိရဘူး။ မနက်ကတော့ လုံခြုံရေးတပ်ဖွဲ့ဝင် တွေ လာစစ်သွားတာတော့ တွေ့လိုက်ရ တယ်” ဟု ဒေသခံတစ်ဦးကပြောကြားသည်။

မွန်ပြည်နယ်အတွင်း ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်က ကျိုက်ထိုမြို့ နယ် အင်္ဂဘိုကျေးရွာအနီးရှိ Mytel တာဝါ တိုင်၊ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၇ ရက်ညပိုင်း က ရေးမြို့နယ် ကျောက်မိချောင်း (တောင်) ကျေးရွာအနီးရှိ Mytel တာဝါတိုင်နှင့် ဘီး လင်းမြို့ နယ် ကော့ကဒွတ်ကျေးရွာရှိ  Mytel တာဝါတိုင်၊ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၈ ရက်က ရေးမြို့နယ် ခေါဇာမြို့မှ ကဗျာဝကျေး ရွာသို့ သွားသည့်လမ်းဘေးရှိ Mytel တာဝါ တိုင် နှင့် ရေးမြို့နယ် အောင်သပြေကျေးရွာရှိ Mytel တာဝါတိုင်တို့ ဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။

အလားတူ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၂၂ ရက် ညပိုင်းက ရေးမြို့နယ် ကနင်းကမော့ ကျေးရွာရှိ Mytel တာဝါတိုင်၊ ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁ ရက် ညပိုင်းက သံဖြူဇရပ် မြို့နယ် စခန်းကြီးကျေးရွာရှိ  Mytel တာဝါ တိုင်နှင့် ၂၀၂၁ခုနှစ် အောက်တိုဘာ ၄ ရက် ညပိုင်းက သိမ်ဇရပ်မြို့ ၀ါးဒက်ကွင်းကျေးရွာ ရှိ Mytel တာဝါတိုင်တို့ ဖျက်ဆီးခံခဲ့ရသည့် အပြင်  ပြီးခဲ့သည့်  ၂၀၂၁ ခုနှစ် အောက်တိုဘာ  ၃၀ ရက် နံနက်ပိုင်းကလည်း ပေါင်မြို့နယ် ကျွဲ ခြံကျေးရွာနှင့် ကော့ကရင်ကျေးရွာချင်းဆက် လမ်းပိုင်းရှိ Mytel တာဝါတိုင်မှာ အချိန်ကိုက် မိုင်းဖြင့် ဖောက်ကွဲဖျက်ဆီးခံခဲ့ရကြောင်း သိရ သည်။

ထို့ပြင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၃ ရက် နံနက်အစောပိုင်းကလည်း မွန်ပြည်နယ် ပေါင်မြို့နယ် မှောဘီကျေးရွာအုပ်စု ကော့ပ လိန်ကျွန်းကျေးရွာရှိ Mytel တာဝါတိုင်မှာ အချိန်ကိုက်မိုင်းဖြင့် ဖောက်ခွဲဖျက်ဆီးခံခဲ့ရ ကြောင်း ဒေသခံများ၏ ပြောကြားချက်များ အရ သိရသည်။

Most Read

Most Recent