ဘုရားသခင်က ဖန်ဆင်းခြင်းရဲ့ (၆)ရက် မြောက်နေ့မှာ ကမ္ဘာမြေနဲ့ သတ္တဝါတွေကို အုပ်ချုပ် ဖို့ လူသားကို ဖန်ဆင်းတယ်။ ဦးစွာ မြေမှုန့်ကိုယူပြီး လူယောင်္ကျားဖြစ်တဲ့ အာဒံကို စတင်ဖန်ဆင်း တယ်။ နောက်တော့ ဘုရားသခင်က လူယောင်္ကျား ဟာ တစ်ယောက်တည်း မနေထိုင်သင့်တာကြောင့် အာဒံရဲ့ နံရိုးတစ်ချောင်းကိုယူပြီး လူမိန်းမဖြစ်တဲ့ ဧဝကို ဖန်ဆင်းတယ်။ အဲဒီကစလို့ ယောင်္ကျား တွေဟာ မိန်းမနဲ့အတူ သေတပန်သက်တဆုံး အ ဖော်ပြုတဲ့အကျင့်ကို အစပြုခဲ့တယ်လို့ ခရစ်ယာန် ကမ္ဘာဦးကျမ်းစာမှာ ဖော်ပြခဲ့တယ်။ မိန်းမတွေရဲ့ လက်နှစ်ဖက်က သားချော့ပေးတယ်။ အစားအ သောက်တွေကို ချက်ပြုတ်ပေးတယ်။ နေထိုင်မ ကောင်း မမာမကျန်းသူတွေကို ပြုစုယုယပေး တယ်။ မိန်းမက ယောင်္ကျားတွေထက် နူးညံ့ပေမဲ့ စိတ်ဓာတ်ကတော့ ကြံ့ခိုင် သန်စွမ်းတယ်။ အဲဒီ ကြံ့ခိုင်သန်စွမ်းတဲ့စိတ်ဓာတ်ကြောင့်ပဲ အခက်အ ခဲအတားအဆီးတွေကို ကျော်ဖြတ်နိုင်စွမ်းရှိတယ်။ ဘယ်ပြဿနာရပ်ကိုမဆို အကြောင်းအကျိုး ဆီလျော်အောင် တွေးခေါ်တတ်ပြီး ညှိနှိုင်းဖြေရှင်း မှုတွေကိုလည်း လုပ်ဆောင်တတ်တယ်။ မိန်းမ တွေမှာ ယောင်္ကျားတွေအံ့အားသင့်လောက်စေ မယ့် ခွန်အားတွေရှိတယ်။ မိန်းမတွေက အဲဒီခွန် အားတွေနဲ့ မိသားစုအရေးဒုက္ခတွေကို ကြံ့ကြံ့ခံ ဖြေရှင်းပေးနိုင်တယ်။ မိသားစုဝန်ထုပ်ဝန်ပိုးတွေ ကိုလည်း ကူညီသယ်ပိုးပေးတယ်။ မိန်းမတွေက ယောင်္ကျားတွေထက် မျက်ရည်ပိုလွယ်တယ်။ အဲ ဒီမျက်ရည်တွေက သူ့ဘဝရဲ့ ဝမ်းနည်းကြေကွဲမှု၊ အထီးကျန်မှု၊ နာကျင်မှု၊ မုန်းတီးမှု၊ ပျော်ရွှင်မှု၊ ဂုဏ်ယူမှု၊ ကြည်နူးမှုနဲ့ ချစ်ခြင်းမေတ္တာတရားတွေ ရဲ့ စိတ်ခံစားမှုတွေကို ထုတ်ဖော်ပြရာလည်းဖြစ် တယ်။ မိန်းမတွေက မိသားစုကို သိပ်ခင်တွယ် တယ်။ သိပ်မြတ်နိုးတယ်။ သိပ်ချစ်တယ်။ မိသား စုသာလျှင် သူ့ရဲ့ဘုရားသခင်ပဲ။ မိသားစုပျော်ရွှင်ဖို့ အတွက်ဆို သူကိုယ်တိုင် စတေးခံနိုင်တယ်။ မိ သားစုဒုက္ခနဲ့ ကြုံတွေ့ချိန်မှာ အပြုံးမပျက်ဘဲ ရှေ့ ထွက်ရင်ဆိုင်နိုင်စွမ်းရှိတယ်။ ဘာလို့လဲ။
တချို့ဒဏ်ရာတွေကို အချိန်က ကုစားမပေးနိုင်ဘူး
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။
ဝယ်ယူထားပြီးဖြစ်ပါက Login လုပ်ရန်
Most Read
Most Recent
13 hours ago
13 hours ago
13 hours ago
13 hours ago