အထောက်အထား ပြုလုပ်ပေးမယ်ဆိုတဲ့သတင်း၊ ပွဲစားတွေရဲ့လှုံ့ဆော်မှုနဲ့ အစုလိုက်အပြုံလိုက် ဖမ်းဆီးခံနေရတဲ့ မြန်မာလုပ်သားများ

အထောက်အထား ပြုလုပ်ပေးမယ်ဆိုတဲ့သတင်း၊ ပွဲစားတွေရဲ့လှုံ့ဆော်မှုနဲ့ အစုလိုက်အပြုံလိုက် ဖမ်းဆီးခံနေရတဲ့ မြန်မာလုပ်သားများ
Published 28 November 2021
ကိုရွှေသိန်း (မြဝတီ)

အထောက်အထားမဲ့ မြန်မာလုပ်သားများကို ထိုင်းတာဝန်ရှိသူတို့က ဖမ်းဆီးထားစဉ်

မုန့်ဆီကြော် ဘယ်နေမှန်းမသိ ပါးစပ်က တပြင်ပြင် ဆိုသလိုပေါ့။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဝန်းကျင်မှာ အလုပ်လုပ်ကိုင်နေကြတဲ့ အထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သားတွေကို အထောက်အထား ပြုလုပ်ပေးမယ်ဆိုတဲ့သတင်းနဲ့အတူ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံ သားဖမ်းဆီးခံရမှုတွေလည်း ပိုမိုများပြားနေပါတယ်။

စက်တင်ဘာလ ပထမပတ်ကတည်းက  ထိုင်းနိုင်ငံကနေ လွင့်လာလိုက်တဲ့  ဒီသတင်း ဟာ အပြောကြွယ်သူ ကိုရွှေပွဲစား လူကယ်ရီ သမားတွေရဲ့ စွမ်းပကားကြောင့် ခုဆိုရင် မြို့ တွေအပြင် ကျေးလက်တောရွာတွေအထိ တစ်ဟုန်ထိုးပျံ့နှံ့လို့နေရဲ့။

နှစ်နှစ်နီးပါး ရှည်ကြာလာတဲ့ ကိုဗစ်လှိုင်း ဂယက်အတားအဆီး ကန့်သတ်ပိတ်ပင် တား မြစ်မှု၊ နိုင်ငံရေးအပြောင်းအလဲတွေကြောင့် မိသားစု ထမင်းဝိုင်းမှာ လူမစုံတော့တဲ့ အနေ အထားနဲ့ မိသားစုနပ်မမှန်တဲ့အခြေအနေမှာ ဒီသတင်းက ရေငတ်တုန်း ရေတွင်းထဲပြုတ်ကျ ဆိုသလိုပေါ့။

ဒါတောင်မကသေး။ ထိုင်းနိုင်ငံအတွင်းက စပါးစိုက်တဲ့လယ်ယာလုပ်ငန်းခွင်တွေ၊ သစ်သီးဝလံ ပန်းမန်စိုက်ပျိုးတဲ့ စိုက်ပျိုးရေး လုပ်ငန်းခွင်တွေ၊ တည်ဆောက်ရေးလုပ်ငန်း ခွင်ဖြစ်တဲ့ ပန်းရံ၊ လက်သမား၊ အလုပ်ကြမ်း သမား လုပ်ငန်းခွင်တွေ၊ သားငါးပုစွန် အအေး ခန်းလုပ်ငန်းခွင်တွေမှာ လုပ်သားလိုအပ်ချက် တွေမြင့်တက်နေပါတယ်။ အလုပ်သမားရှား ပါးမှုကိုဖြေလျှော့နိုင်ဖို့ အတွက် မြန်မာအပါ အဝင် လာအို၊ ကမ္ဘောဒီးယားနိုင်ငံတွေဆီက  ရွှေ့ပြောင်းလုပ်သား လေးသိန်းခေါ်ယူခွင့်ပြု မယ်ဆိုတဲ့သတင်းကလည်း ကူကယ်ရာမဲ့ ဖြစ်နေရတဲ့သူအဖို့ ရေနစ်တုန်းဝါးကူနိုင်ပါ ရဲ့လို့ ယုံကြည်မှုမြင့်မားလာကြပါတယ်။

တကယ်တမ်းမှာတော့ မည်သည့်  အထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သားတွေ ကိုမှ အထောက်အထား ပြုလုပ်ပေးတာမရှိ သေးသလို သြ့ လုပ်သားအဖြစ် တရားဝင် ခေါ်ယူဖို့ကလည်း အလုပ်သမားဝန်ကြီးဌာနနဲ့ ြဥနင်္ဗ၊ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေက ဆွေးနွေးညှိနှိုင်းမှုတွေ ဆောင်ရွက်ဆဲဖြစ်ပါတယ်။

သို့ပေမဲ့ ဟုန်းခနဲ တောက်လောင်လာ တဲ့ကောက်ရိုးမီးလို နိုင်ငံတစ်လွှားပျံ့နှံ့သွားတာကလည်း ထိုင်းနိုင်ငံဘက်မှာ မြန်မာနိုင်ငံ သားတွေဖမ်းဆီးခံရမှုမြင့်တက်လာဖို့ အကြောင်းဖန်လာတယ်လို့ပဲ ဆိုရမလား။ ထိုင်းနိုင်ငံဘက်သို့ ယခုလအတွင်း မြန်မာ လုပ်သားတွေ တရားမဝင်  ဝင်ရောက်မှု၊ ဖမ်း ဆီးခံရမှု ပိုမိုများပြားလာတာနဲ့ ပတ်သက်လို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ (JCBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက

“နယ်စပ်ကနေ ထိုင်းဘက်ကို တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေဟာ ယခုရက်ပိုင်းအတွင်း ပိုမိုများပြားလာသလို ဖမ်းဆီးရမိမှုတွေလည်း နေ့စဉ်လိုလို ရှိနေပါ တယ်။ အခုလို ဝင်ရောက်မှုများပြား လာတာ ကတော့ ထိုင်းနိုင်ငံထဲမှာ အထောက်အထား ပြုလုပ်ပေးမယ်ဆိုတဲ့ သတင်းပျံ့နှံ့မှုရယ်၊ ပွဲစားတွေရဲ့ လှုံ့ဆော်မှုတွေကြောင့်လည်း ပါဝင်ပါတယ်။ ကျွန်တော်တို့ ဘယ်လိုပင် သတိပေးပေး ခုတော့ ဖမ်းဆီးခံရတာတွေက များနေပါပြီ။ တားမနိုင်၊ ထိန်းမရ အခြေအနေ မှာ ဥပဒေအတိုင်း အရေးယူခံရမှသာ ဖမ်းဆီး ခံရသူတွေနဲ့ နောက်ထပ် လာချင်တဲ့သူတွေ အသိသတိလေးတွေ ဝင်လာကြမှာဖြစ်ပါ တယ်” လို့ဆိုပါတယ်။

ထိုင်းနိုင်ငံဘက်သို့ တရားမဝင် နယ်စပ် ဖြတ်ကျော်ဝင်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံသားတွေ ဖမ်းဆီးခံရမှုအများဆုံးက မွန်ပြည်နယ် ဘုရားသုံးဆူနယ်စပ် ကန်ချနပူရီ ခရိုင်ဖြစ်ပြီး တော့ ဒုတိယအများဆုံးကတော့ ကရင်ပြည် နယ် မြဝတီနယ်စပ်  တာ့ပြည်နယ် မဲဆောက် ပတ်ဝန်းကျင်ဖြစ်ပါတယ်။

ထိုင်းနိုင်ငံဘက်မှာ ယခုလအတွင်း ဖမ်း ဆီးခံရမှုအနေအထားအရ နိုဝင်ဘာ ၁ ရက် က ဘုရားသုံးဆူနယ်စပ် တစ်ဖက်ကမ်း ကန်ချ နပူရီခရိုင်အတွင်းမှာ ဦးရေ ၁၀၀၊ ထားဝယ် ခရိုင်နယ်စပ် တစ်ဖက်ကမ်း ပကျွတ်ခရီခမ် ခရိုင်အတွင်းမှာ ၄၅ ဦး၊ နိုဝင်ဘာ ၅ ရက်က မြဝတီတစ်ဖက်ကမ်းတာ့ခ်ပြည်နယ် အတွင်း မှာ ၆၈ ဦး၊ နိုဝင်ဘာ၆ရက်က ဖုတ်ဖရာ့ခရိုင် အတွင်းမှာ ၁၁ ဦး၊ နိုဝင်ဘာ ၈ ရက်က ကန်ချ နပူရီခရိုင်အတွင်းမှာ ၁၃၂ဦး၊ နိုဝင်ဘာ ၁၀ ရက်က ကန်ချနပူရီခရိုင်ဆုံခလာ မြို့နယ်မှာ ၂၁၈ ဦး၊ မဲဆောက်ခရိုင်အတွင်းမှာ ဦးရေ ၂၀၊ ချင်းမိုင်ခရိုင်အတွင်းမှာ ၆၁ ဦး၊ နိုဝင်ဘာ ၁၁ ရက်က ဆန်ခလဘူရီခရိုင်အတွင်းမှာ ၁၀၁ ဦး၊ နိုဝင်ဘာ ၁၂ ရက်က မယ်ရာမက် မြို့နယ်ထဲမှာ၁၃ဦး၊ နိုဝင်ဘာ ၁၈ ရက်က နယ်စပ်ငါးနေရာမှာ၉ရဦး၊ နိုဝင်ဘာ ၂၃ ရက် က ကန်ချနပူရီခရိုင်အတွင်းမှာ ၉၅ ဦး၊ ချင်းမိုင်ခရိုင်အတွင်းမှာ၄၅ ဦး၊ နိုဝင်ဘာ၂၄ ရက်က ဖုန်ဖရာ့မြို့နယ်မှာ ၁၈၄ ဦး၊ မဲဆောက် မြို့နယ်မှာ ခုနစ်ဦး၊ မယ့်ရာ့မက်မြို့နယ်မှာ ကိုးဦး ဖမ်းဆီးခံခဲ့ရတဲ့အတွက် ယခုလအတွင်း ၁၂၀၀ ကျော်ဖမ်းဆီးခံခဲ့ရတာလည်းဖြစ်ပါတယ်။

 “တရားမဝင် ဝင်ရောက်လာတဲ့အဓိက အကြောင်းခြင်းရာ ခြောက်ချက်ရှိပါတယ်။ မြန်မာ့နိုင်ငံရေး မတည်ငြမ်တာရယ်၊လွန်ခဲ့တဲ့တစ်နှစ်ကျော်က အိမ်ပေါင်ခြံပေါင်အတိုး ကြီးတွေပေးပြီး ထိုင်းကိုဝင်ဖို့ စိုင်းပြင်းနေတဲ့  သြ့ လုပ်သားတွေရယ်၊ ပြည်တွင်းမှာ အလုပ်အကိုင်ရှားပါးတာ ဝင်ငွေမရှိတာ ကြောင့်  ဝင်ငွေရှိတဲ့နေရာကို ဝင်လာကြ တယ်။ ပွဲစားတွေရဲ့စကားကိုအယုံလွယ်သူတွေ၊ ထိုင်းနိုင်ငံမှာပဲ အလုပ်အကိုင်များနေ သယောင် ပွဲစားတွေရဲ့စကားနားယောင်ပြီး ဝင်လာသူတွေနဲ့ ဘယ်သူဘာပြောပြော သွား မှာပဲဆိုပြီး ဇွတ်အတင်းလာသူတွေများပြား နေတာဖြစ်ပါတယ်။ ခုနေခါမှာ ပြည်တွင်း နိုင်ငံရေး အခြေအနေအရ ဖမ်းဆီခံရမှုတွေ  များလာတဲ့အခါကျတော့ မရှိမဲ့ရှိမဲ့စုဆောင်း၊ရောင်းချ ပေါင်နှံပြီးလာကြသူတွေလည်းများနေပါတယ်။ ဘယ်အကြောင်းနဲ့ပဲ သွားရောက် သူ ဖြစ်နေပါစေ ဖမ်းဆီးခံနေရတာဖြစ်ပါ တယ်။ သူတို့တွေဟာ ထိုင်းဥပဒေပါ ပြဋ္ဌာန်း ချက်အတိုင်းအရေးယူခံရမယ်။ ဘဝသင်ခန်း စာရကြမှာဖြစ်ပါတယ်”ဟု ဦးမိုးကြိုးက ဆို ပါတယ်။

ထိုင်းနိုင်ငံမှာ ပန်းရောင်ကတ်အသစ် ရိုက်ပေးမယ်။ CI လည်းအသစ်ထုတ်ပေး မယ်ဆိုတာတွေကို မြန်မာနိုင်ငံတစ်နံတစ် လျားက ပွဲစား တွေကလည်းအပီအပြင်အခွင့် ကောင်းရယူပြီး ထိုင်းနိုင်ငံထဲကို မရရအောင် ဝင်ကြဖို့လိုက်လံဆော်သြနေကြတာပါပဲ။

ကိုဗစ် ဂယက်ကြောင့် ရွှေ့ပြောင်းလုပ် သား ခေါ်ယူရေးကို နှစ်နှစ်နီးပါးရပ်ဆိိုင်း ထားသလို နေရပ်ပြန်ရွှေ့ပြောင်းလုပ်သား တွေလည်းပြန်လည်ဝင်ရောက်နိုင်ခြင်းမရှိ တဲ့အတွက် ထိုင်းနိုင်ငံရဲ့ လုပ်သားလိုအပ်ချက် ကို ဖြည့်ဆည်းနိုင်စေရေး  ထိုင်းအလုပ်သမား ဝန်ကြီးဌာနက  မကြာမီ ကာလအတွင်း လုပ် သား ၄၀၀၀၀၀  ခေါ်ယူဖို့ ကြေညာချက် ထုတ် ပြန်ခဲ့တာဖြစ်ပါတယ်။

ထိုင်းအလုပ်သမားဝန်ကြီးဌာနရဲ့ စစ် တမ်းအရ ရွှေ့ပြောင်းအလုပ်သမားလိုအပ် ချက်မှာ မြန်မာအလုပ်သမား ၂၅၆၀၂၉ ဦး၊ ကမ္ဘောဒီးယား ၁၃၀၁၃၈ ဦး၊  လာအို ၃၈၅၃၆ ဦး ခေါ်ယူသွားဖို့လျာထားတယ်လို့ဆိုပါ တယ်။

လုပ်သား လိုအပ်ချက်အများဆုံးရှိတဲ့ ခရိုင်တွေကတော့  ချင်းမိုင်၊ ဘန်ကောက်၊ ကျန် ထပူရီ၊ စမွတ်စခွန်းနဲ့ လယောင်းစတဲ့ခရိုင်  ငါးခုတို့ဖြစ်ပါတယ်။

ယခုအခါထိုင်းနိုင်ငံအတွင်းမှာ CI အပါ အဝင်အထောက်အထားပြုလုပ်ပေးမယ်။ လုပ်သားလိုအပ်ချက်တွေမြင့်တက်နေတယ်  ဆိုတဲ့ သတင်းတွေကြောင့်  နယ်စပ်ဝင်ပေါက်တွေက တရားမဝင်ဝင်ရောက်လာသူများ ပြားလာပြီး အစုလိုက်အပြုံလိုက်ဖမ်းဆီးခံရမှုရှိလာပါတယ်။

ဖမ်းဆီးခံနေရတဲ့ မြန်မာနိုင်ငံသား များတွေဟာ လူကယ်ရီ ပွဲစားတွေကို   တစ်ဦး လျှင် ဘတ် ၂၀၀၀၀  ခန့်ပေးကြရတဲ့အတွက် ယခုလအတွင်းမြန်မာနိုင်ငံသားတွေရဲ့ငွေကြေးဆုံးရှုံးမှုမှာ ထိုင်းဘတ်​​ငွေ၂၄သန်းကျော် (မြန်မာငွေနဲ့တွက်ရင် ကျပ်သန်းပေါင်း ၁၃၀၀ ကျော်) ဆုံးရှုံးနစ်နာမှုရှိခဲ့တာလည်းဖြစ်ပါတယ်။

မည်သို့ပင်ဆိုစေကာမူ မြဝတီမြို့နဲ့ သောင်ရင်းတစ်ဖက်ကမ်း ထိုင်းနိုင်ငံဘက်ကို တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာ မယ့်သူတွေကို ထိုင်းစစ်တပ်က အောက်တို ဘာ ၁၈ ရက်မှစပြီးတော့ လုံခြုံရေးတင်းကျပ် စွာ စောင့်ကြည့်ဖမ်းဆီးနေတာပါလို့ မဲ ဆောက်မြို့တွင်နေထိုင်သူ ကိုကြီးမန်းက ပြောပါတယ်။

 “လတ်တလောမှာ အထောက်အထား ပြုလုပ်ပေးမယ်ဆိုတဲ့ သတင်း တစ်ဟုန်ထိုး ပျံ့နှံ့သွားတယ်။ တရားမဝင် ဝင်လာလို့ဖမ်း ဆီးခံရတာလည်းနေ့တိုင်းပါပဲ။ မဲဆောက် ကိုဗစ်ကလည်း နေ့တိုင်း ပိုးတွေ့သူတွေ ရှိနေ တုန်းပဲ။ ဒီအတွက်လည်း တရားမဝင် ဝင် ရောက်မလာစေဖို့ ထိုင်းလုံခြုံရေးတပ်ဖွဲ့ကစောင့်ကြပ်ဖမ်းဆီးနေတာဖြစ်ပါတယ်။ ဘယ် လိုအကြောင်းနဲ့မှ ခုချိန်ခါမှာ မလာကြပါနဲ့” လို့ ကိုကြီးမန်းက ဆိုပါတယ်။

ထိုင်းနိုင်ငံရဲ့ ကိုဗစ်ကာလ နှစ်နှစ်ခန့် အတွင်းမှာ မြန်မာနိုင်ငံသားတွေဟာ ထိုင်း ဘက်မှ ဖမ်းဆီးခံရတာ ၄၅၀၀၀ ကျော်ရှိတဲ့ အနက် သုံးသောင်းကျော်ကို နယ်စပ်တစ် လျှောက်မှာဖမ်းဆီးခံရတာဖြစ်ပြီးကျန်တစ်သောင်းကျော်မှာ ထိုင်းနိုင်ငံအတွင်းပိုင်းမှာဖမ်းဆီး ခံရတာဖြစ်တယ်လို့ ကိုကြီးမန်းက ဆိုပါတယ်။

ထိုင်းနိုင်ငံထဲကိုတရားမဝင်  ဝင်ရောက် မှုကြောင့် အစုလိုက်အပြုံလိုက် ဖမ်းဆီးခံရ နေတာကို ထိန်းချုပ်ပြီး တရားဝင် လမ်းကြောင်းမှ ဝင်ရောက်ကြဖို့ တာဝန်ရှိသူတွေ ဆောင်ရွက်မှုအခြေအနေကိုလည်း မြန်မာ့ ရွှေ့ပြောင်းလုပ်သားတွေမည်ရွေ့မည်မျှ မျှော်လင့် ​​နေကြမလဲဆိုတာကိုတော့ဖြင့်.....။

Most Read

Most Recent