ရှမ်းပြည်နယ် ‘၀’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း မက်မန်းခရိုင် ပန်ဆန်း (ပန်ခမ်း) မြို့၌ COVID-19 ရောဂါတွေ့ရှိမှုကြောင့် တတိယအကြိမ် တစ်မြို့လုံးကို COVID-19 စစ်ဆေးရန် ငါးရက်ကြာ Lockdown ချကာ အာခေါင်တို့ဖတ်ယူ၍ စစ်ဆေးမှု ထပ်မံစစ်ဆေးရာတွင် ပန်ခမ်းမြို့ တစ်မြို့လုံးနေရာအများအပြားတွင် ရောဂါကူးစက်မှု ပျံ့နှံ့တွေ့ရှိခြင်းကြောင့် Lockdown ကာလကို ဒီဇင်ဘာ ၂ ရက်ထိ ထပ်မံတိုးမြှင့်လိုက်ကြောင်း ပန်ခမ်းမြို့ ကူးစက်ရောဂါကာကွယ် ထိန်းချုပ်ရေးအဖွဲ့၏ နိုဝင်ဘာ ၂၄ ရက် အထူးအသိပေးကြေညာချက်အရ သိရသည်။
အဆိုပါ ကြေညာချက်၌ COVID-19 ကူးစက်ရောဂါ ပြန့်ပွားမှုကြောင့် ဗဟိုရောဂါ ကာကွယ်ထိန်းချုပ်ရေး ဦးဆောင်အဖွဲ့မှ ပန်ခမ်းမြို့အတွင်း ၂၀၂၁ခုနှစ်၊ နိုဝင်ဘာ ၁၀ ရက် ည ၁၂ နာရီတွင် Lockdown ချ၍ တစ် မြို့လုံး အာခေါင်တို့ဖတ်စစ်ဆေးမှု ပြုလုပ်ခဲ့ရာမှာ ပန်ခမ်းမြို့ တစ်မြို့လုံးနေရာအများအပြား တွင် ရောဂါကူးစက်မှု ပျံ့နှံ့တွေ့ရှိခြင်းကြောင့် ‘၀’ပြည်နယ် ရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုခေါင်းဆောင်အဖွဲ့၏ လမ်းညွှန်ချက်အရ ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၄ ရက်မှစ၍ Lockdown ကာလကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂ ရက်အထိ တိုးမြှင့်မည်ဖြစ်ပြီး Lockdown ကာလအတွင်း ရောဂါကာကွယ်ထိန်းချုပ်ရေး အဖွဲ့မှ ရောဂါတားဆီးကာကွယ်ရေးဆိုင်ရာလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ကာ Lockdown ကာလအတွင်း အရေး ပေါ်လိုအပ်ခဲ့ပါက ယခင်ထုတ်ပြန်ထားသည့် ဖုန်းနံပါတ်များ ဆက်သွယ်အကြောင်းကြားရန် အထူးသတိပေးချက်ကို ပန်ခမ်းမြို့ ရောဂါကာ ကွယ်ထိန်းချုပ်ရေးအဖွဲ့က နိုဝင်ဘာ ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ပန်ခမ်းမြို့ ဒုတိယအကြိမ် တစ်မြို့လုံး Lockdown ချ၍ အာခေါင်တို့ဖတ်စစ်ဆေးမှု လုပ်ငန်းစဉ်ကို သြဂုတ် ၂၁ ရက်တွင် အောင်မြင်စွာပြီးမြောက်ခဲ့ပြီး စုစုပေါင်းစစ်ဆေးသူ ၅၂,၉၂၂ ဦးနှင့် စစ်ဆေးမှု ရလဒ်အားလုံးမှာ Negative ထွက်ရှိခဲ့ကြောင်း သိရသည်။
ထိုသို့ ပန်ခမ်းမြို့ဒုတိယအကြိမ် တစ်မြို့ လုံး COVID-19 ရောဂါပိုးအဖြေ Negative အဖြေထွက်ရှိမှုကြောင့် ပန်ခမ်းမြို့ COVID-19ရောဂါကာကွယ်ထိန်းချုပ်ရေးဌာန၏ ခွင့်ပြုချက်အရ ပန်ခမ်းမြို့အတွင်း သြဂုတ် ၂၁ ရက် ည ၈နာရီမှစ၍ ပုံမုန်သွားလာနိုင်ခဲ့ ကြောင်း သိရပြီး နိုဝင်ဘာ ၁၀ ရက်ည ၁၂ နာရီတွင် တစ်မြို့လုံး ငါးရက်ကြာ Lockdown ချခြင်းမှာ တတိယအကြိမ်ဖြစ်ကာ နိုဝင်ဘာ ၂၄ ရက်၌ထပ်မံ၍ Lockdown ကာလရက် တိုးခဲ့ခြင်းဖြစ်သည်။
ရှမ်းပြည်နယ် ‘၀’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းအတွင်းတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေက သတ်မှတ်ပေးထားသောဒေသများ မှာ ဟိုပန်ခရိုင်အတွင်း ဟိုပန်မြို့နယ်၊ မိုင်းမော မြို့နယ်၊ ပန်ဝိုင်မြို့နယ်၊ နမ့်တစ်မြို့၊ ပန်လုံမြို့ နှင့် မက်မန်းခရိုင်အတွင်း မက်မန်းမြို့နယ်၊ နားဖန်းမြို့နယ်နှင့် ပန်ဆန်း (ပန်ခမ်း)မြို့နယ် တို့ပါဝင်သည်။
ပန်ခမ်းမြို့တစ်မြို့လုံး ဒုတိယအကြိမ် ူသခိုသတည ချ၍ အာခေါင်တို့ဖတ်စစ်ဆေးမှု ပြုလုပ်ခဲ့စဉ် ( Photo: WSTV)















