လန်ဒန်မှာ မွေးခဲ့တဲ့ အင်္ဂလန်သား ဟာရီကိန်းအတွက် စပါးတိုက်စစ်မှူး ဖြစ်လာဖို့၊ အင်္ဂလန် တိုက်စစ်မှူး ဖြစ်လာဖို့က မခက်ခဲသလိုပါပဲ။ (၁၁) နှစ်အရွယ်ကတည်းက စပါးလူငယ်အသင်းကို ရောက်ရှိခဲ့ပြီး (၁၆)နှစ်အရွယ်မှာပဲ အသင်းကြီးဆီ ခေါ်ယူခြင်းခံခဲ့ရပါတယ်။ အင်္ဂလန်အသင်းမှာလည်း သက်တမ်းအလိုက် လူငယ်အသင်းအဆင့်ဆင့်မှာ ရွေးချယ်ခံခဲ့ရသူဖြစ်ပါတယ်။ ဒါပေမဲ့ ဟာရီကိန်းရဲ့ ကစားသမားဘဝက ထင်သလောက်တော့ မချောမွေ့ခဲ့ပါဘူး။ စပါးအသင်းမှာ နေရာအခိုင်အမာရလာတာ ၂၀၁၄-၁၅ ရာသီမှဖြစ်ပြီး အစောပိုင်းမှာ အကြိမ်ကြိမ်အငှားချခံခဲ့ရတာပါ။ ဒီလိုအနေအထားမှာပဲ စပါးအသင်းကို မလွတ်တမ်းဖက်တွယ်ထားခဲ့တာကြောင့် အသင်းအပေါ် သူ့ရဲ့ သံယောဇဉ်ကြီးမားမှုကို မြင်သာပါတယ်။ နောက်ပိုင်း ဆုဖလားအောင်ပွဲတွေနဲ့ ဝေးပြီးရင်းဝေးနေခဲ့ချိန်မှာလည်း ဒီအတိုင်းပါပဲ။ ဒါပေမဲ့ ခုနှစ်တွေ အကြိမ်ကြိမ် ပြောင်းလဲသွားတဲ့နောက် အသက်(၂၈)နှစ် အရွယ်ကို ရောက်လာချိန်မှာတော့ ဟာရီကိန်းက ဆုဖလားလက်မဲ့ဘဝနဲ့ ကစားသမားဘဝ အဆုံးသတ်လိုက်ရမှာကို တွေးကြောက်လာပုံရပါတယ်။
ဟာရီကိန်းရဲ့ နေပျော်တဲ့ ကမ္ဘာတစ်ခြမ်း
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။
ဝယ်ယူထားပြီးဖြစ်ပါက Login လုပ်ရန်
Most Read
Most Recent
13 hours ago
13 hours ago
13 hours ago
13 hours ago