ဟိုပင်မြို့ လက်ဖက်ဆိုင်တွင် လက်ဖက်ရည်သောက်နေသူများကို လာရောက်ပစ်ခတ်ခဲ့သည့် လက်နက်ကိုင်လူတစ်စုကို သေနတ်ပစ်ခတ်တိုက်ခိုက်မှု၊ လူသတ်မှု၊ နာကျင်စေမှု၊ ပူးပေါင်းကြံစည်မှုများဖြင့် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။
နိုဝင်ဘာ ၇ ရက် နံနက် ၈ နာရီ ၃၅ မိ နစ်ခန့်တွင် ဟိုပင်မြို့ မြို့မတောင်ရပ်ကွက်၊ နယ်မြေ ၄ ရှိ ထူးထိုက်စံ လက်ဖက်ရည်ဆိုင်သို့ နို့နစ်ရောင် ဗင်ဖင်ကောက်အမျိုးအစား ကားဖြင့် အမျိုးသားနှစ်ဦးက အသင့်ပါလာသည့် M 22 လက်နက်ဖြင့် ဆိုင်အတွင်းသို့ အချက် ၃၀ ခန့်ပစ်ခဲ့ကြောင်း၊ ထိုသို့ပစ်ခတ်မှုကြောင့် ဆိုင်အတွင်းရှိ ၂၃ ဦးအနက် သံဃာတစ်ပါးအပါအဝင် သေဆုံးသူခြောက်ဦးနှင့် ဒဏ်ရာရရှိသူ ရှစ်ဦးအထိ ရှိခဲ့သည်။ ယင်းပစ်ခတ်မှုနှင့် ပတ်သက်၍ ဟိုပင်မြို့နယ်မြေရဲစခန်းတွင် (ပ)၅၆/၂၀၂၁၊ အမှုကြီးအမှတ်စဉ် (၁၁/ ၂၀၂၁ )၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၂/ ၃၀၇/၁၁၄ ဖြင့် မြို့မတောင်အုပ်ချုပ်ရေးမှူး ဦးကျော်သူရက တရားလိုပြုလုပ်ကာ အမှုစစ် အဖြစ် စခန်းမှူး ရဲအုပ်တင်လှိုင်က စစ်ဆေး ဆောင်ရွက်နေကြောင်း သိရသည်။
ဟိုပင်စခန်းမှူး ရဲအုပ်တင်လှိုင်က “အမှု က ထူးခြားမှုမရှိသေးပါဘူး။ စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။ သေနတ်ကို ကားပေါ်ကဆင်း ပစ်တာလား။ ကားပေါ်က ပစ်တာလား။ တစ် ယောက်ပစ်တာလား။ နှစ်ယောက် ပစ်တာ လား ဆိုတာတွေလည်း စုံစမ်းဆဲဖြစ်ပါတယ်။ ရုတ်တရက်ဖြစ်တော့ ထွက်ပြေးကြပြီး မမှတ် မိဘူးဖြစ်တဲ့သဘောပေါ့” ဟု ပြောကြားသည်။
ယင်းဖြစ်စဉ်တွင် သေဆုံးသူများမှာ နန့် ရင်းကျေးရွာ ဘုန်းကြီးကျောင်းမှ သက်တော် ၅၄ နှစ်ရှိ ဦးသုဇာတ၊ နန့်ရင်းကျေးရွာမှ အ သက် ၅၀ နှစ်ရှိ ဦးစိုင်းမင်းထွန်း၊ မောင်ညီညီ အောင်၊ ဦးညွန့်အောင်၊ နန့်ရင်းကျေးရွာမှအ သက် ၂၀ နှစ်ရှိ ကျောင်းသူ မညိုပြာအောင်၊ နန့်ရင်းကျေးရွာမှ အသက် ၅၀ အရွယ်ရှိ ဦး သက်ချိုတို့ သေဆုံးခဲ့သည်။
ဒဏ်ရာရသူ ရှစ်ဦးကို မြစ်ကြီးနားပြည် သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားပြီး ခုနစ်ဦးမှာ အတွင်းလူနာအဖြစ် ကုသမှုခံယူနေရပြီး ၎င်းင်း တို့အနက် ဒဏ်ရာရသူတစ်ဦးမှာ နိုဝင်ဘာ ၈ ရက် နံနက်အစောပိုင်းတွင် မြစ်ကြီးနားဆေး ရုံကြီးတွင် ကွယ်လွန်ခဲ့သည်။
လက်ဖက်ရည်ဆိုင်ပိုင်ရှင် ဦးအောင်သူ မြင့်နှင့် ဇနီး မရွှေဝိုင်းတို့မှာ ပေါင်နှင့် ခြေကျင်း ဝတ်တွင် ဖောက်ဝင်ဒဏ်ရာများရရှိခဲ့ပြီး ၎င်းင်း တို့၏ အသက်ငါးနှစ်အရွယ်ရှိ မမိစုမှာ တင် ပါးတွင် ဖောက်ဝင်ဒဏ်ရာများရရှိခဲ့သည်။
ဟိုပင်မြို့တွင် ပစ်ခတ်တိုက်ခိုက်မှုများရှိ ခဲ့သော်လည်း ယခုဖြစ်စဉ်ကဲ့သို့ ပရမ်းပတာ ပစ်ခတ်မှုမရှိခဲ့ကြောင်း၊ ဖြစ်ပွားသည့် လက် ဖက်ရည်ဆိုင်မှာ မူလကတည်းက NLD ပါတီ ကို ထောက်ခံသည့်ဆိုင်တစ်ဆိုင်ဖြစ်ကြောင်း၊ ဆိုင်ပိုင်ရှင်နှင့် ပစ်ခတ်မှုအတွင်း သေဆုံးသူ အချို့ကို ပစ်မှတ်ထားဟန်ရှိကြောင်း မြို့ခံရပ် မိရပ်ဖအချို့က သုံးသပ်ကြသည်။
“အခုဆိုင်ကတော့ NLD အားပေးတဲ့ ဆိုင်ပဲ။ တစ်မြို့လုံးသိတယ်။ ဆန္ဒတွေပြတုန်း ကတောင်မှ တချို့နေ့တွေမှာ အဲဒီဆိုင်က စု ရပ်ဖြစ်နေတာ။ လက်ဖက်ရည်ဆိုင်က ကောင်းလည်း ကောင်းတယ်။ လမ်းလည်း သာတယ်လေ။ လာသောက်တာကတော့ ခရီးသွားတွေ၊ မြို့ခံတွေက အားပေးကြတယ်ဗျ။ ကျွန်တော်တို့ ဒီမှာသုံးသပ်နေကြတာက လက်ဖက်ရည်ဆိုင် ကိုလည်း ရည်ရွယ်မယ်။ အခုသေသွားတဲ့သူ တွေတချို့ကိုလည်း ရည်ရွယ်မယ်လို့ယူဆ တယ်။ ဒါမှမဟုတ် တစ်ယောက်ယောက်ရမ်း သမ်းပစ်ခတ်ဖို့ အမိန့်ပေးခိုင်းစေတာပဲ။ အား လုံးကို ရမ်းသွားတယ်။ အများစုက နိုင်ငံရေး နောက်ခံမှမရှိတာ။ ပစ်တဲ့လူကတော့ လေ့ကျင်ပြီး ကျွမ်းကျင်ပြီးသား၊ လက်နက်နဲ့ ယဉ်ပါးသူပဲဖြစ်မယ်” ဟု ပြောကြားသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၉ ရက် နံနက် ၁၀ နာရီခန့်က ဟိုပင်မြို့လယ်တွင် အသက် ၄၇ နှစ်အရွယ်ရှိ ဦးထွန်းထွန်းဝင်းဆိုသူကို ပြည်ထောင်စုကားလမ်းပေါ်ရှိ စံပယ်ဖြူထ မင်းဆိုင်ရှေ့တွင် ဆိုင် ကယ်စီးနင်းလာသည့် အမျိုးသားနှစ်ဦးက သေနတ်ဖြင့် ကျောဘက် မှ အနီးကပ်ပစ်ခတ်သဖြင့် သေဆုံးခဲ့သည်။
ပြီးခဲ့သည့် အောက်တိုဘာ ၁၂ ရက်က လည်း ဟိုပင်မြို့အထွက် သဲဂုဏ်ရေထွက် ပေါက်၌ သဲဂုဏ်ကျေးရွာမှ အသက် ၃၇ နှစ် အရွယ်ရှိ ဒေါ်မြင့်မာဝင်းဆိုသူမှာ ဟိုပင်မြို့မှ ဆိုင်ကယ်ဖြင့် ပြန်လာစဉ် သေနတ်ဖြင့် ပစ် သတ်ခံခဲ့ရကြောင်း သိရသည်။
ကချင်ပြည်နယ်တွင် မေ ၉ ရက်နောက် ပိုင်းမှ စတင်ကာ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ကျေးရွာတာဝန်ခံများ၊ အရပ်သားများ လုပ် ကြံခံရမှုရှိခဲ့ပြီး လုပ်ကြံခံရသူများမှာ မိုးညှင်း မြို့နယ် မှော်ဟန်ဒေသတွင် နှစ်ဦး၊ ဟိုပင်ဒေ သတွင် ကိုးဦး၊ နန်းမားဒေသတွင် သုံးဦး၊ ဖား ကန့်ဒေသတွင် ခြောက်ဦး၊ မြစ်ကြီးနားမြို့နယ် တာလောကြီးဒေသတွင် ငါးဦး၊ မြစ်ကြီးနားမြို့ တွင် တစ်ဦး၊ တနိုင်းဒေသတွင် နှစ်ဦး၊ ကာမိုင်း ဒေသတွင် သုံးဦး၊ မိုးမောက်မြို့နယ်တွင် နှစ်ဦး ရှိခဲ့ပြီး လေးလအတွင်း လုပ်ကြံသတ်ဖြတ်ခံ ရသူ ၃၄ ဦးရှိခဲ့ပြီဖြစ်သည်။ ယင်းသေဆုံးမှု များတွင် လုယက်မှုများကြောင့် အသက်ဆုံးရှုံး ခဲ့ရသူများ ပါဝင်ခြင်းမရှိကြောင်း သိရသည်။















