မူဆယ် နှင့် လားရှိုး မြို့တို့တွင် အသံမိုင်း ပေါက်ကွဲမှုဖြစ်

မူဆယ် နှင့် လားရှိုး မြို့တို့တွင် အသံမိုင်း ပေါက်ကွဲမှုဖြစ်
Published 4 November 2021
သတင်း -  ပြည့်စုံ(မူဆယ်)

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နှင့် လားရှိုးမြို့တို့၌ နိုဝင်ဘာ ၃ ရက်နေ့၌ အသံမိုင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

မူဆယ်မြို့ ဟိုမွန်ရပ်ကွက်  ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ  ရဲစခန်းနှင့် တစ်ဖါလုံခန့်အကွာ ဟိုမွန်ရပ်ကွက် အုပ်ချုပ်ရေးမှုးရုံးနှင့် ပေ ၈၀၀ ခန့်အကွာ MBT WiFi ရုံးအရှေ့၌ ယနေ့ည ၆ နာရီခွဲအချိန်ခန့်က အသုံမိုင်းတစ်လုံးပေါက်ကွဲခဲ့ရာ ရုံအရှေ့ အမိုးအဖီတစ်ခု ထိခိုက်ပျက်စီးခဲ့ပြီး လူသူအထိအခိုက်မရှိကြောင်း အနီးအနားနေသူ မူဆယ်ဒေသခံများထံက သိရသည်။

“ရုံးက ညနေ ၄နာရီခွဲဆိုပိတ်တာ ၊အခုအချိန်က COVID ကာလဆိုတော့ အများသူငှာလာရင် အပြင်မှာထိုင်ရအောင် ကြိုးတန်ပြီး ကာထားတဲ့နေရာ၊ပေါက်တာကတော့ ၆ နာရီခွဲအချိန်ခန့်မှာ၊အသံကတော့တော်တော်ကျယ်တယ်၊အဲ့ရုံးရဲ့အပြင်မှာကာထားတဲ့အမိုးဘဲထိခိုက်တာ လူထိခိုက်မှုတော့မရှိပါဘူး” ဟု အနီးအနားနေသူများကပြောသည်။

 ထိုပြင် လားရှိုးမြို့ လားရှိုးမန္တလေး ပြည်ခောင်စုလမ်းမကြီးပေါ် ပြည်‌ ‌ထောင်စုကြံခိုင်‌ရေးနှင့်ဖွံ့ဖြိုး‌ ရေးပါတီ ရုံးအနီး၌  ယနေ့ နေ့နိုဝင်ဘာလ ၃ ရက် နံနက် ၇ နာရီခွဲအချိန်ခန့်က ‌အသံမိုင်းတစ်လုံးပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း နှင့် လူသူအထိအခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း

 လားရှိုးမြို့ခံသူတစ်ဦးက ပြောကြားသည်။

 

Most Read

Most Recent