အာဖဂန်နစ္စတန်တွင် မင်္ဂလာဆောင်တစ်ခု၌ သီချင်းဖွင့်မှုကြောင့် တာလီဘန်အဖွဲ့က ဝင်ရောက်ပစ်ခတ်ရာ သုံးဦးထက်မနည်း သေဆုံး

အာဖဂန်နစ္စတန်တွင် မင်္ဂလာဆောင်တစ်ခု၌ သီချင်းဖွင့်မှုကြောင့် တာလီဘန်အဖွဲ့က ဝင်ရောက်ပစ်ခတ်ရာ သုံးဦးထက်မနည်း သေဆုံး
PHOTO: REUTERS
PHOTO: REUTERS
Published 31 October 2021
Ref: AFP

အာဖဂန်နစ္စတန်နိုင်ငံအရှေ့ပိုင်းရှိ မင်္ဂလာပွဲတစ်ခုတွင် ဖွင့်ထားသော သီချင်းကို ပိတ်ရန် ၎င်းတို့ကိုယ်ကို တာလီဘန်အဖွဲ့မှဟု  ကြေညာထားသည့် လက်နက်ကိုင်များက ဝင်ရောက်ပစ်ခတ်ခဲ့သဖြင့် လူသုံးဦးထက် မနည်းသေဆုံးခဲ့သည်ဟု အစိုးရက အောက်တိုဘာ ၃၀ ရက်တွင် ပြောကြားခဲ့သည်။

တာလီဘန်အစိုးရပြောရေးဆိုခွင့်ရှိသူ ဇာဘီဟူလာ မူဂျာဟစ်ကမူ ယင်းလက်နက်ကိုင် သုံးဦးအနက် နှစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ပြောကြားခဲ့ပြီး ၎င်းတို့သည် တာလီဘန်လှုပ်ရှားမှုကို ကိုယ်စားပြုသည်ဆိုခြင်းကို ငြင်းဆို ခဲ့သည်။

ပစ်ခတ်မှုဖြစ်ပွားသည့်နေရာမှာ နန်ဂါဟာပြည်နယ် ရှမ်စပါမာဂူအန်ဒီ ကျေးရွာ တွင်ဖြစ်ပြီး သုံးဦးသေဆုံးကာ လူအနည်းငယ် ဒဏ်ရာရရှိသွားသည်ဟု ဆိုသည်။

အာဖဂန် နစ္စတန်ကို တာလီဘန်တို့ နောက်ဆုံးအုပ်ချုပ်ခဲ့သည့် ၁၉၉၆ ခုနှစ်မှ ၂၀၀၁ ခုနှစ်ကာလ များတွင် နိုင်ငံအတွင်း ဂီတကို တားမြစ်ပိတ်ပင်ခဲ့ပြီး လက်ရှိ အစိုးရအဖွဲ့သစ်သည် ယင်း ကဲ့သို့ ပိတ်ပင်သည့် အမိန့်မျိုးမထုတ်ပြန်သေးဘဲ ခေါင်းဆောင်ပိုင်းများသည် ဖျော်ဖြေရေးကို သဘောကျနှစ်သက်ခြင်းမရှိကာ ယင်း သည် အစ္စလာမ္မာစ်ဥပဒေကို ချိုးဖောက်မှုအဖြစ် ရှုမြင်ထားသည်။          

 

Most Read

Most Recent