တရုတ်တွင် သီတင်းပတ်ခြောက်ပတ်အတွင်း ပြည်တွင်း၌ နေ့အလိုက် COVID-19 ကူးစက်ခံရသူဦးရေ စံချိန်တင် မြင့်တက်

တရုတ်တွင် သီတင်းပတ်ခြောက်ပတ်အတွင်း ပြည်တွင်း၌ နေ့အလိုက် COVID-19 ကူးစက်ခံရသူဦးရေ စံချိန်တင် မြင့်တက်
အောက်တိုဘာ ၂၉ ရက်က တရုတ်နိုင်ငံ ဂန်ဆုပြည်နယ်တွင် COVID-19 စစ်ဆေးရန် ကျန်းမာရေးဝန်ထမ်းများက အမျိုးသားများထံမှ အာခေါင်တို့ဖတ်ရယူနေစဉ်
အောက်တိုဘာ ၂၉ ရက်က တရုတ်နိုင်ငံ ဂန်ဆုပြည်နယ်တွင် COVID-19 စစ်ဆေးရန် ကျန်းမာရေးဝန်ထမ်းများက အမျိုးသားများထံမှ အာခေါင်တို့ဖတ်ရယူနေစဉ်
Published 30 October 2021
Ref: Reuters

တရုတ်နိုင်ငံသည် ၎င်း၏မြောက်ပိုင်းပြည်နယ်များတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု  မြင့်တက်နေသည့်အခြေအနေနှင့် ရင်ဆိုင်နေရချိန်တွင် အောက်တိုဘာ ၂၉ ရက်က သီတင်းပတ်ခြောက်ပတ်အတွင်း ပြည်တွင်း၌နေ့အလိုက် COVID-19 ကူးစက်ခံရသူဦးရေ အမြင့်ဆုံးအထိ စံချိန်တင်ရောက်ရှိခဲ့သည်။

တရုတ်တွင် အောက်တိုဘာ ၂၉ ရက်က ပြည်တွင်းကူးစက်ခံရသူသစ် ၅၉ ရှိခဲ့ပြီး အောက်တိုဘာ ၂၈ ရက်က ကူးစက်ခံရသူ ၄၈ ဦးရှိသည့်အတွက် ကူးစက်ခံရသူဦးရေမြင့်တက်ခဲ့ကြောင်း အမျိုးသားကျန်းမာရေး ကော်မရှင်က အောက်တိုဘာ ၃၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အောက်တိုဘာ ၂၉ ရက် နေ့အလိုက် ပြည်တွင်းကူးစက်ခံရသူ အရေအတွက်သည် စက်တင်ဘာ ၁၆ ရက်နောက်ပိုင်း ပြည်တွင်းကူးစက်ခံရသူ အမြင့်ဆုံးဖြစ်လာခဲ့သည်။

ပြည်တွင်းကူးစက်မှု ဖြစ်စဉ်အသစ် အများစုမှာဟေးလုံကျင်း၊အင်းနားမွန်ဂိုလီးယား၊ ဂန်ဆု၊ ပေကျင်းနှင့် နင့်ရှားဒေသမှ ကူးစက်မှုဖြစ်စဉ်များအပါအဝင် နိုင်ငံမြောက်ပိုင်းမှ အများစုဖြစ်သည်။

ပြည်ပမှ ဝင်ရောက်လာသည့် ဗိုင်းရပ်စ်ကူးစက်မှု ဖြစ်စဉ်များအပါအဝင် တရုတ်နိုင်ငံတွင် အောက်တိုဘာ ၂၉ ရက်က နေ့အလိုက် ဗိုင်းရပ်စ်ကူးစက်ခံရသူသစ် ၇၈ ဦးစံချိန်တင် မြင့်တက်ခဲ့ပြီး အောက်တိုဘာ ၂၈ ရက်က ကူးစက်ခံရသူသစ် ၆၄ ဦးအထိ ရှိလာခဲ့သည်။

တရုတ်နိုင်ငံတွင် အောက်တိုဘာ ၂၈ ရက်က ရောဂါလက္ခဏာမပြသည့် ကူးစက်ခံရသူ ၂၃ ဦးအထိရှိပြီး အောက်တိုဘာ ၂၉ ရက်တွင် ရောဂါလက္ခဏာမပြသည့် ကူးစက်ခံရသူသစ် ၂၄ ဦးရှိသည်။ဗိုင်းရပ်စ်ကြောင့် သေဆုံးသူသစ်မရှိသည့်အတွက် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူစုစုပေါင်း ၄,၆၃၆ အရေအတွက်မှာ ပြောင်းလဲခြင်းမရှိပေ။

တရုတ်၏ ဗိုင်းရပ်စ်ကူးစက်ခံရသူ စုစုပေါင်းအရေအတွက်သည် ကမ္ဘာတစ်ဝန်းရှိ အခြားနိုင်ငံများနှင့်နှိုင်းယှဉ်လျှင်များစွာ လျော့နည်းနေသော်လည်း မကြာသေးမီက ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့သည့် ကူးစက်မှုဖြစ်စဉ် အသစ်များကြောင့် ကန့်သတ်ချက်များကို တင်းကျပ်ခဲ့သည့်အတွက် ခရီးသွားကဏ္ဍနှင့် မင်္ဂလာဧည့်ခံပွဲအကျွေးအမွေး ကုမ္ပဏီများ အပါအဝင် ဝန်ဆောင်မှုကဏ္ဍများ၌ ထိခိုက်ခဲ့သည်။

ပြည်ပနိုင်ငံမှ ကူးစက်နိုင်ခြေမြင့်တက်မှုနှင့် ရင်ဆိုင်နေရသည့် တရုတ်နယ်စပ်မြို့များတွင် ချမ်းသာသောမြို့များထက် ပိုမိုဆိုးရွားသည့် အနှောင့်အယှက်နှင့် ရင်ဆိုင်ကြုံတွေ့နေရသည်။

ပေကျင်းဒေသခံများအနေဖြင့် မင်္ဂလာဧည့်ခံပွဲများ ရွှေ့ဆိုင်းရန်နှင့် အသုဘအခမ်းအနားများကို အကျဉ်းချုံးသာ မြန်မြန်ဆန်ဆန် ဆောင်ရွက်ရန် တာဝန်ရှိသူများက တိုက်တွန်းထားသည်။

“ဒေသခံတွေအနေနဲ့ မင်္ဂလာအခမ်းအနားတွေကို ရွှေ့ဆိုင်းသင့်ပြီး အသုဘအခမ်းအနားတွေကို အကျဉ်းချုံးသာ လုပ်သင့်ပါတယ်။ဂုဏ်ပြုထမင်းစားပွဲတွေ၊ မလိုအပ်တဲ့ စုဝေးမှုတွေကို မလုပ်သင့်ပါဘူး” ဟု ပေကျင်းရောဂါ ထိန်းချုပ်ရေးစင်တာမှ လက်ထောက်အကြီးအကဲ ဖန်းရှောင်ဟိုကသတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ကမ္ဘာလှည့်ခရီးသွားများ လာရောက်လေ့ရှိသည့် နေရာများကို နောက်ထပ်ကန့်သတ်သွားမည်ဖြစ်ပြီး အသစ်ဖွင့်လှစ်ထားသည့် Universal Studios အပန်းဖြေဥယျာဉ်ကို အရေးပေါ် ကူးစက်ရောဂါကာကွယ်ရေး အခြေအနေတစ်ရပ်အတိုင်း ဝင်ရောက်လည်ပတ်ခွင့်ပြုမည်ဟု ပေကျင်း၏လက်ထောက် သတင်းထုတ်ပြန်ရေးမှူး ဟူဟေးကျန်က ပြောကြားခဲ့သည်။                          

Most Read

Most Recent