မန်ယူအတွက်၊ ဆိုးလ်ရှားအတွက် 

မန်ယူအတွက်၊ ဆိုးလ်ရှားအတွက် 
Photos: Getty Images & AFP
Photos: Getty Images & AFP
Published 16 October 2021
Phoe Thar

ဆိုးလ်ရှား ကိုင်တွယ်တဲ့ကာလအတွင်း မန်ယူအသင်းရဲ့ အမြင့်ဆုံးအောင်မြင်မှုက ပရီးမီးယားလိဂ်အဆင့် (၂)နဲ့ ယူရိုပါလိဂ်ဒုတိယဖြစ်ပြီး ဆုဖလားတွေနဲ့ တော့ ဝေးကွာဆဲပါ။ မန်ယူလို ကိန်းခန်းကြီးမားတဲ့အသင်းအတွက် လက်ခံနိုင်စရာမရှိတဲ့ ဖလားလက်မဲ့ရာသီတွေဆိုပေမဲ့ အသင်းတာဝန်ရှိသူတွေဟာ ဆိုးလ်ရှားရဲ့အနာဂတ်နဲ့ပတ်သက်ပြီး အမြဲ အာမခံချက်ပေးခဲ့တယ်။ လိုအပ်တဲ့အားဖြည့်မှုတွေကို ခြွင်းချက်မရှိ ဆောင်ရွက်ပေးခဲ့တဲ့။ အပြောင်းအရွှေ့ကျွမ်းကျင်သူ အီတလီဂျာနယ်လစ် ရိုမာနိုရဲ့နောက်ဆုံးဖော်ပြမှုအရ မန်ယူအသင်းဟာ လက်ရှိရလဒ်ဆိုးတွေနဲ့ ဖိအားများနေချိန်မှာတောင် ဆိုးလ်ရှားအပေါ် ထောက်ခံဆဲဖြစ်ပြီး နည်းပြသစ်ခန့်အပ်ဖို့အတွက် ဆွေးနွေးမှု တစ်စုံတစ်ရာမရှိဘူးလို့ သိရတယ်။ ဘောလုံးကျွမ်းကျင် သူတွေနဲ့ ပရိသတ်တွေဘက်က ဝေဖန်မှုတွေရှိနေပေမဲ့ ဆိုးလ်ရှားရဲ့ မန်ယူနည်းပြထိုင်ခုံဟာ တည်ငြိမ်နေဆဲလို့ ဆိုရပါမယ်။