Eleven Media Group ဝန်ထမ်းမိသားစုက ၀ါဆိုသင်္ကန်းနှင့် ဆွမ်းဆန်အစရှိသော လှူဒါန်းဖွယ်ရာများကို တိပိဋက ရွှေပါရမီကျောင်းတော်တွင် ဆက်ကပ်လှူဒါန်း

Eleven Media Group ဝန်ထမ်းမိသားစုက ၀ါဆိုသင်္ကန်းနှင့် ဆွမ်းဆန်အစရှိသော လှူဒါန်းဖွယ်ရာများကို တိပိဋက ရွှေပါရမီကျောင်းတော်တွင် ဆက်ကပ်လှူဒါန်း
Published 13 October 2021

၀ါဆိုသင်္ကန်းနှင့် ဆွမ်းဆန်အစရှိသော လှူဒါန်းဖွယ်ရာများကို တိပိဋကရွှေပါရမီကျောင်းတော်တွင် ဆက်ကပ်လှူဒါန်းစဉ်

Eleven Media Group ဝန်ထမ်းမိသားစုက ၀ါဆိုသင်္ကန်းနှင့် ဆွမ်းဆန်အစရှိသော လှူဒါန်းဖွယ်ရာများကို မင်္ဂလာဒုံမြို့နယ် ရှမ်းစုရပ်ရှိ မဟာအတုလဝေယံဘုံသာ တိပိဋက ရွှေပါရမီကျောင်းစာသင်တိုက်တွင် အောက် တိုဘာ ၁၃ ရက်က ဆက်ကပ်လှူဒါန်းခဲ့ ကြောင်း သိရသည်။

၂၀၂၁ ခုနှစ် အောက်တိုဘာ ၁၃ ရက်တွင် Eleven Media Group ဝန်ထမ်းမိသားစုက မင်္ဂလာဒုံမြို့နယ်ရှိ မဟာအတုလဝေယံ ဘုံသာ တိပိဋကရွှေပါရမီကျောင်း စာသင်တိုက်၌ သီတင်းသုံးတော်မူကြသည့် စာချ စာသင် သံဃာတော်အရှင်သူမြတ်များအတွက် ဆန်၊ ဆီ၊ အာလူး၊ ကြက်သွန်၊ ကြက်ဥ၊ ကုလားပဲအစရှိသည့် ဆွမ်းနှင့်ဆွမ်းဟင်း အတွက် လှူဒါန်းဖွယ်ရာများကို ဆက်ကပ် လှူဒါန်းခဲ့ခြင်းဖြစ်သည်။

အဆိုပါလှူဒါန်းမှုနှင့် ပတ်သက်ပြီး မဟာအတုလဝေယံဘုံသာ တိပိဋကရွှေပါ ရမီ ကျောင်းတော်မှ ဆရာတော် အရှင်သကျ ဝံသက အနုမောဒနာတရားချီးမြှင့်ခဲ့သည်။

၂၀၂၁ ခုနှစ် အောက်တိုဘာ ၅ ရက်ကလည်း Eleven Media Group ဝန်ထမ်းမိသား စုက ကမ္ဘာအေးတိပိဋက မဟာဂန္ဓာရုံစာသင် တိုက်၌ သီတင်းသုံးတော်မူကြသည့် စာချစာသင် သံဃာတော်အရှင်သူမြတ်များ အတွက် ဆန်၊ ဆီ၊ အာလူး၊ ကြက်သွန်၊ ကြက် ဥ၊ ကုလားပဲ အစရှိသည့် ဆွမ်းနှင့်ဆွမ်းဟင်း အတွက် လှူဒါန်းဖွယ်ရာများကို ဆက်ကပ်လှူ ဒါန်းခဲ့သည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၈ ရက်ကလည်း ၀ါဆိုသင်္ကန်းနှင့် ဆွမ်းဆန်အစရှိသော လှူ ဒါန်းဖွယ်ရာများကို ရန်ကုန်တိုင်းဒေသကြီး ပုလဲမြို့သစ်၊ ကုန်းတလပေါင်ကျေးရွာရှိ တန့် ကြည့်တောင် ပရိယတ်၊ ပဋိပတ် သာသနာပြု ကျောင်းတိုက်တွင် ဆက်ကပ်လှူဒါန်းခဲ့သည်။

Eleven Media Group ဝန်ထမ်း မိသားစုက ယခုနှစ် ၀ါတွင်းကာလအလှူတော် အဖြစ် သံဃာတော်များ၏ နေ့စဉ် ဆွမ်းနှင့် ဆွမ်းဟင်းကိစ္စအတွက် အထောက်အပံ့ဖြစ် စေရန် ၀ါဆိုသင်္ကန်းနှင့် ဆွမ်းဆန်အစရှိသော လှူဒါန်းဖွယ်ရာများ လှူဒါန်းနေခြင်းဖြစ်သည်။

ပြီးခဲ့သော စက်တင်ဘာ ၂၀ ရက်က လည်း ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့ နယ်ရှိ ပဥ္စနိကာယ်စာသင်တိုက်တွင် Eleven Media Group ဝန်ထမ်းမိသားစု၏ ၀ါတွင်း ကာလ ၀ါဆိုသင်္ကန်းနှင့် ဆွမ်းဆန်အစရှိ သော လှူဒါန်းဖွယ်ရာများ ဆပ်ကပ်လှူဒါန်းခဲ့သည်။

စက်တင်ဘာ ၁၃ ရက်ကလည်း Eleven Media Group ဝန်ထမ်းမိသားစုက ၀ါဆို သင်္ကန်းနှင့် ဆွမ်းဆန်အစရှိသော လှူဒါန်း ဖွယ်များကို ရန်ကုန်တိုင်းဒေသကြီး ရွှေပြည် သာမြို့နယ် ဘုံရှည်ကုန်းကျေးရွာရှိ ခေမာ သိဒ္ဓိမင်းကျောင်း ပရိယတ္တိစာသင်တိုက်၌ ဆက်ကပ်လှူဒါန်းခဲ့သည်။

စက်တင်ဘာ ၅ ရက်ကလည်း ရန်ကုန် တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ် ပါရမီ (၂) ၀ိုင်းရှိ စိန်ရတနာ (မိတ္ထီလာ) ပရိ ယတ္တိစာသင်တိုက်တွင် Eleven Media Group ဝန်ထမ်းမိသားစုက ၀ါဆိုသင်္ကန်းနှင့် ဆွမ်းဆန်အစရှိသော လှူဒါန်းဖွယ်ရာများကို ဆက်ကပ်လှူဒါန်းခဲ့သည်။

ယင်းအပြင် သြဂုတ် ၇ ရက်က ဧရာဝတီ တိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်ရှိ သကြားဟင်းအိုးကျေးရွာ မုန်တိုင်းဒဏ်ခံ သဒ္ဓမ္မရံသီအဆောက်အအုံ ဘုန်းတော်ကြီး ကျောင်းတွင် ၀ါဆိုသင်္ကန်းနှင့် ဆွမ်းဆန်အစ ရှိသော လှူဒါန်းဖွယ်ရာများကို ဆက်ကပ် လှူဒါန်းခဲ့သည်။ သကြားဟင်းအိုးကျေးရွာ မုန်တိုင်းဒဏ်ခံ သဒ္ဓမ္မရံသီ အဆောက်အအုံကို ၂၀၀၈ ခုနှစ် မေလဆန်းတွင် ဖြစ်ပေါ်ခဲ့သော နာဂစ် ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် ဒုက္ခ ရောက်ကြရသော ပြည်သူများအတွက် Eleven Media Group က ဆောက်လုပ် လှူ ဒါန်းထားခြင်း ဖြစ်ပါတယ်။

သြဂုတ် ၂၂ ရက် ၀ါခေါင်လပြည့်နေ့က လည်း မကွေးတိုင်းဒေသကြီး စေတုတ္တရာမြို့ နယ် ပွင့်တောက်ကျေးရွာ ရွာဦးဘုန်းတော် ကြီးကျောင်းတွင် Eleven Media Group ဝန်ထမ်းမိသားစု၏ ၀ါတွင်းကာလအလှူ တော်အဖြစ် ၀ါဆိုသင်္ကန်းနှင့် ဆွမ်းဆန်အစ ရှိသော လှူဒါန်းဖွယ်ရာများကို ဆက်ကပ် လှူဒါန်းခဲ့သည်။ ၂၀၁၅ ခုနှစ်က မုန်းချောင်း ရေကြီးမှုကြောင့် ရွာလုံးကျွတ် ပြောင်းရွှေ့ခဲ့ ရသော စေတုတ္တရာမြို့နယ် ပွင့်တောက်ကျေး ရွာ၌ Eleven Media Group နှင့် စေတနာ ရှင်အလှူရှင်များက သီတဂူသိမ်တော် တည် ဆောက်လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

Eleven Media Group ဝန်ထမ်း မိသား စုက နှစ်စဉ်နှစ်တိုင်း ၀ါတွင်းကာလတွင် ၀ါဆို သင်္ကန်း၊ နေ့ဆွမ်းနှင့် ကထိန်အလှူတော်တို့ကို ပြုလုပ်နေခြင်းဖြစ်သည့်အပြင် ပြီးခဲ့သည့် သင်္ကြန်ကာလ၌လည်း ဆွမ်းဆန်အစရှိသော လှူဒါန်းဖွယ်ရာများကို ဆက်ကပ်လှူဒါန်းမှု များ ပြုလုပ်ခဲ့သည်။                          

Most Read

Most Recent