နှစ်နိုင်ငံ အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် အပြည့်အဝလေးစားရန် အယ်လ်ဂျီးရီးယားသမ္မတက ပြင်သစ်ကို တောင်းဆို

နှစ်နိုင်ငံ အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် အပြည့်အဝလေးစားရန် အယ်လ်ဂျီးရီးယားသမ္မတက ပြင်သစ်ကို တောင်းဆို
၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်က အယ်လ်ဂျီးရီးယားနိုင်ငံ အယ်ဂျီရာမြို့တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သမ္မတအဗ္ဗဒယ်မာဂျစ်တက်ဘုန်းကို တွေ့ရစဉ်
၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်က အယ်လ်ဂျီးရီးယားနိုင်ငံ အယ်ဂျီရာမြို့တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သမ္မတအဗ္ဗဒယ်မာဂျစ်တက်ဘုန်းကို တွေ့ရစဉ်
Published 11 October 2021
Ref: AFP

ပြင်သစ်နှင့်ဖြစ်ပွားခဲ့သည့် ဗီဇာကိစ္စအငြင်းပွားမှုနှင့် ထိရှလွယ်သော မှတ်ချက်စကားများအတွက် ပြင်သစ်၏ အပြည့်အဝလေးစားမှုကို အောက်တိုဘာ ၁၀ ရက်တွင် အယ်လ်ဂျီးယားသမ္မတ အဗ္ဗဒယ်မာဂျစ်တက်ဘုန်းက တောင်းဆိုလိုက်သည်။

အယ်လ်ဂျီးယားသည် လွန်ခဲ့သောသီတင်းပတ်ကုန်တွင် မိမိသံအမတ်ကို ပြင်သစ်မှ ပြန်လည်ခေါ်ယူခဲ့ပြီးတောင်ဘက် ဆာဟယ်ဒေသရှိဂျီဟတ်များကို တိုက်ခိုက်နေသော ပြင်သစ်တပ်ဖွဲ့များကို ပို့ဆောင်ပေးရန် ပြင်သစ်ကပုံမှန်အသုံးပြုနေသော ၎င်း၏ဝေဟင်ပိုင်နက်မှ ပြင်သစ်စစ်လေယာဉ်များကိုတား မြစ်ခဲ့သည်။

ပြင်သစ်သမ္မတအီမန်နျူရယ် မက်ခရွန်က အယ်လ်ဂျီးရီးယား၏ ၁၉၅၄-၁၉၆၂ လွတ်လပ်ရေးစစ်ပွဲမှ ဆင်းသက်လာသူများကို  အယ်လ်ဂျီးရီးယားသမိုင်းအား အလုံးစုံပြန်လည်ရေးသားခဲ့သည့် နိုင်ငံရေး-စစ်ရေးစနစ်က အုပ်ချုပ်ခဲ့သည်ဟုပြောကြားခဲ့ကြောင်း မီဒီယာသတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် အယ်လ်ဂျီးယား၏ အထက်ပါလုပ်ရပ်များ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

ငြင်း၍မရသော မှတ်ချက်စကားများသည် နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှုတစ်ခု ဖြစ်သည်ဟု ပြောကြားကာ အယ်လ်ဂျီးရီးယားသမ္မတရုံးက တုံ့ပြန်ခဲ့သည်။

အောက်တိုဘာ ၁၀ ရက်တွင် တက်ဘုန်းသည် အငြင်းပွားမှုကို အများပြည်သူအား ပထမဆုံးပြောကြားခဲ့ပြီး ပြင်သစ်နိုင်ငံဆိုင်ရာ အယ်လ်ဂျီးယားသံအမတ် ပြန်လာခြင်းမှာ အယ်လ်ဂျီးယားနိုင်ငံတော်ကို အပြည့်အဝ လေးစားရေးဆိုင်ရာ ခြွင်းချက်သဘောဖြစ်သည်ဟု ပြည်တွင်းသတင်းမီဒီယာများကို ပြောကြားခဲ့သည်။

“အယ်လ်ဂျီးရီးယားဟာ တစ်ခါတုန်းက ပြင်သစ်ကိုလိုနီ ဖြစ်ခဲ့တယ်ဆိုတာကို ကျွန်တော်တို့မေ့နေခဲ့ပါတယ်။ သမိုင်းကို လိမ်လို့မရပါဘူး” ဟု ၎င်းကဖြည့်စွက်ပြောကြားခဲ့သည်။ “ဘာမှ မဖြစ်ခဲ့ဘူးဆိုတဲ့ပုံစံမျိုးနဲ့ ကျွန်တော်တို့ ပြုမူလို့မရပါဘူး” ဟု တက်ဘုန်းက ပြောကြားခဲ့သည်။

လွန်ခဲ့သော သီတင်းပတ်က ပြင်သစ်နေ့စဉ်ထုတ်သတင်းစာ Le Monde သို့ မက်ခရွန်ပြောခဲ့သော မှတ်ချက်စကားများကို အယ်လ်ဂျီးယားမီဒီယာများက ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့ကြပြီး မက်ခရွန်၏စကားများကို အမနာပပြောသောစကားများအဖြစ် အယ်လ်ဂျီးယားမီဒီယာက ပြင်းထန်စွာ ဝေဖန်ခဲ့သည်။      

တရားဝင်သမိုင်းကို အယ်လ်ဂျီးယားက မိမိဘာသာရေးထားခြင်းဖြစ်ပြီး ထိုသမိုင်းသည် အမှန်တရားကို အခြေခံထားခြင်းမဟုတ်ဟု ပြင်သစ်သမ္မတက  ကြိမ်ဖန်များစွာ ဝေဖန်ပြောကြားခဲ့သည်။

“ပြင်သစ်က ကိုလိုနီမပြုခင် အယ်လ်ဂျီးရီးယားနိုင်ငံရှိခဲ့သလား။ ဒါဟာ မေးခွန်းဖြစ်ပါတယ်” ဟု ၎င်း၏စကားကို အယ်လ်ဂျီးရီးယားမီဒီယာက ကိုးကားဖော်ပြခဲ့သည်။

ထို့ပြင် သမ္မတတက်ဘုန်းသည် အလွန်တင်းကျပ်သောစနစ်တွင် ထောင်ချောက်မိနေသူအဖြစ် မက်ခရွန်က ဝေဖန်ခဲ့သည်။

နှစ်နိုင်ငံဆက်ဆံရေးများသည် မကြာခဏအစွန်းအထင်းများ ရှိခဲ့သည်ဆိုသော်လည်း မကြာသေးမီက ရက်ပိုင်းအတွင်း ဖြစ်ပေါ်ခဲ့သည့် ဆက်ဆံရေးကဲ့သို့ တင်းမာခဲ့ခြင်းမရှိပေ။

အယ်လ်ဂျီးရီးယား၊ တူနီးရှားနှင့် မော်ရိုကိုတို့၏ နိုင်ငံသားများကို ခွင့်ပြုပေးထားသော ဗီဇာအရေအတွက်ကို သိသိသာသာ ကန့်သတ်မည်ဟု စက်တင်ဘာလကုန်ပိုင်းတွင် ပြင်သစ်က ပြောကြားခဲ့ပြီး အဆိုပါ နိုင်ငံများသည် တရားမဝင်ရွှေ့ပြောင်းများ ပြန်လာစေရန် အလုံအလောက်လုပ်ဆောင်ပေးခြင်း ရှိဟုထည့်သွင်းပြောကြားခဲ့သည်။ 

Most Read

Most Recent