လှိုင်မြို့နယ် ၃ ရပ်ကွက်၊ လှိုင်မြစ်လမ်း ၁၁ လမ်း ရတနာမွန်ဈေး အရှေ့တွင် ယမန်နေ့ ညနေပိုင်းက အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

လှိုင်မြို့နယ် ၃ ရပ်ကွက်၊ လှိုင်မြစ်လမ်း ၁၁ လမ်း ရတနာမွန်ဈေး အရှေ့တွင် ယမန်နေ့ ညနေပိုင်းက အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ
သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် ၃ ရပ်ကွက်၊ ရတနာမွန်ဈေးရှေ့လှိုင်မြစ်လမ်း ၁၁ လမ်းအတွင်းအား တွေ့ရစဉ်
သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် ၃ ရပ်ကွက်၊ ရတနာမွန်ဈေးရှေ့လှိုင်မြစ်လမ်း ၁၁ လမ်းအတွင်းအား တွေ့ရစဉ်
Published 11 October 2021

လှိုင်မြို့နယ် ၃ ရပ်ကွက်၊ လှိုင်မြစ်လမ်း ၁၁ လမ်း ရတနာမွန်ဈေးရှေ့တွင် အောက်တိုဘာ ၁၀ ရက် ညနေ ၆ နာရီခွဲခန့်တွင်  အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း အဆိုပါမြို့နယ်နေသူများထံမှ သိရသည်။ 

ပစ်သတ်ခံရသူမှာ  ဦးဇေလတ်ဆိုသူဖြစ်ပြီး သေနတ်ဖြင့် ၄ ချက်ထက်မနည်း ပစ်ခတ်ခံရကြောင်း အဆိုပါမြို့နယ် ၃ ရပ်ကွက် အတွင်း နေထိုင်သူတစ်ဦးက ပြောကြားခဲ့သည်။ 

လှိုင်မြို့နယ်၊ ၃ ရပ်ကွက်တွင်နေထိုင်သူတစ်ဦးက " မနေ့က ညနေတုန်းက ရတနာမွန်ဈေး အရှေ့က သူ့နေတဲ့ တိုက်အပေါ်ထပ်ကနေ အောက်ကိုအဆင်းမှာ ပစ်သတ်ခံရတာ။ သတင်းပေးဆိုပြီး နာမည်ထွက်နေတာ။ပြန်ရောက်တာတော့ မကြာသေးဘူး " ဟု ပြောကြားခဲ့သည်။ 

အဆိုပါ ဦးဇေလတ်ဆိုသူသည် လွန်ခဲ့သည့် ၈ လခန့် ဖေဖော်ဝါရီလအတွင်းက ရန်ကုန်မြို့လယ်တွင် ဆန္ဒထုတ်ဖော်နေသည့် အမျိုးသားတစ်ဦးကို ဓားဖြင့်ဝင်ရောက်ထိုးကာ လွတ်မြောက်နေသူ တစ်ဦးဖြစ်ကြောင်းလည်း လူမှုကွန်ယက် Facebook တွင် ပျံ့နှံလျှက်ရှိကြောင်း သိရသည်။ 

Most Read

Most Recent