အောက်တိုဘာ ၉ ရက် ည ၈ နာရီမှ အောက်တိုဘာ ၁၀ ရက် ည ၈ နာရီအထိ COVID-19 ဓာတ်ခွဲနမူနာ ၁၅၂၆၉ ခုအား စစ်ဆေးရာ အတည်ပြုလူနာသစ် ၁၃၁၈ ဦး တွေ့ရှိပြီး ၃၀ ဦး ထပ်မံသေဆုံးကြောင်း အောက်တိုဘာ ၁၀ ရက် ညပိုင်း ကျန်းမာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက် အရ သိရသည်။
အောက်တိုဘာ ၁၀ ရက် ည ၈ နာရီအထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၄၅၀၄၀၉၄ ခုအား စစ်ဆေးခဲ့ပြီး ဓာတ်ခွဲအတည်ပြုလူနာပေါင်း ၄၇၈၆၅၁ ဦး ရှိကာ သေဆုံးသူ ၃၀ ဦးရှိသဖြင့် သေဆုံးသူ စုစုပေါင်း ၁၈၁၃၄ ဦး ရှိကြောင်း သိရသည်။
ထို့ပြင် အောက်တိုဘာ ၁၀ ရက်တွင် ဆေးရုံဆင်းခွင့်ရရှိသူ ၁၁၀၃ ဦးရှိသဖြင့် ဆေးရုံဆင်းခွင့်ရရှိသူ စုစုပေါင်း ၄၃၁၂၇၅ ဦး ရှိပြီဖြစ် ကြောင်း သိရသည်။
ထိုသို့ ဓာတ်ခွဲစမ်းသပ်မှုများကို ကျန်းမားရေးဝန်ကြီးဌာန ဓာတ်ခွဲခန်းများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဆေးရုံများတွင် GeneXpert စက်များဖြင့် ဓာတ်ခွဲစမ်းသပ်မှုအခြေအနေ၊ ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော် ဆေးရုံ ကြီး(ခုတင် ၁၀၀၀) ၊နေပြည်တော် အမှတ်(၂)တပ်မတော်ဆေးရုံကြီး(ခုတင် ၁၀၀၀)၊ လားရှိုးမြို့ အမှတ်(၉) တပ်မတော်ဆေးရုံ (ခုတင် ၁၀၀ )၊ ပုဂ္ဂလိကဆေးရုံနှင့်ဓာတ်ခွဲခန်းများ၊ နေပြည်တော်ကောင်စီ၊တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဆေးရုံများနှင့်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန များမှာ COVID-19 Rapid Antigen Diagnostic Test ဖြင့်စမ်းသပ်စစ်ဆေး လျက်ရှိကြောင်း သိရသည်။















