Eleven Media Group ဝန်ထမ်းမိသားစုက ဝါဆိုသင်္ကန်းနှင့် ဆွမ်းဆန်အစရှိသော လှူဒါန်းဖွယ်ရာများကို ကမ္ဘာအေးတိပိဋက မဟာဂန္ဓာရုံစာသင်တိုက်တွင် ဆက်ကပ်လှူဒါန်း

Eleven Media Group ဝန်ထမ်းမိသားစုက ဝါဆိုသင်္ကန်းနှင့် ဆွမ်းဆန်အစရှိသော လှူဒါန်းဖွယ်ရာများကို ကမ္ဘာအေးတိပိဋက မဟာဂန္ဓာရုံစာသင်တိုက်တွင် ဆက်ကပ်လှူဒါန်း
ဝါဆိုသင်္ကန်းနှင့် ဆွမ်းဆန်အစရှိသော လှူဒါန်းဖွယ်ရာများကို ကမ္ဘာအေးတိပိဋက မဟာဂန္ဓာရုံစာသင်တိုက်တွင် ဆက်ကပ်လှူဒါန်းစဉ်
ဝါဆိုသင်္ကန်းနှင့် ဆွမ်းဆန်အစရှိသော လှူဒါန်းဖွယ်ရာများကို ကမ္ဘာအေးတိပိဋက မဟာဂန္ဓာရုံစာသင်တိုက်တွင် ဆက်ကပ်လှူဒါန်းစဉ်
Published 5 October 2021
လူမော်နိုင်

Eleven Media Group ဝန်ထမ်းမိသားစုက ၀ါဆိုသင်္ကန်းနှင့် ဆွမ်းဆန်အစရှိသည့် လှူဒါန်းဖွယ်ရာများကို ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ ကမ္ဘာအေးတိပိဋက မဟာဂန္ဓာရုံစာသင်တိုက်တွင် အောက်တိုဘာ ၅ ရက်က ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

၂၀၂၁ ခုနှစ် အောက်တိုဘာ ၅ ရက်တွင် Eleven Media Group ဝန်ထမ်းမိသားစုက ကမ္ဘာအေးတိပိဋက မဟာဂန္ဓာရုံစာသင်တိုက်၌ သီတင်းသုံးတော်မူကြသည့် စာချစာသင် သံဃာတော် အရှင်သူမြတ်များအတွက် ဆန်၊ ဆီ၊ အာလူး၊ ကြက်သွန်၊ ကြက်ဥ၊ ကုလားပဲ အစရှိသည့် ဆွမ်းနှင့်ဆွမ်းဟင်းအတွက် လှူဒါန်းဖွယ်ရာများကို ဆက်ကပ်လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါ လှူဒါန်းမှုအစုစုနှင့် ပတ်သက်ပြီး တိပိဋကမဟာဂန္ဓာရုံစာသင်တိုက် ဆရာတော်အရှင်ကဝိဓဇက အနုမောဒနာတရား ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၈ ရက်ကလည်း ၀ါဆိုသင်္ကန်းနှင့် ဆွမ်းဆန်အစရှိသော လှူဒါန်းဖွယ်ရာများကို ရန်ကုန်တိုင်းဒေသကြီး ပုလဲမြို့သစ်၊ ကုန်းတလပေါင်ကျေးရွာရှိ တန့်ကြည့်တောင် ပရိယတ်၊ ပဋိပတ် သာသနာပြုကျောင်းတိုက်တွင် ဆက်ကပ်လှူဒါန်းခဲ့သည်။

Eleven Media Group ဝန်ထမ်း မိသားစုက ယခုနှစ် ၀ါတွင်းကာလအလှူတော်အဖြစ် သံဃာတော်များ၏ နေ့စဉ်ဆွမ်းနှင့် ဆွမ်းဟင်းကိစ္စအတွက် အထောက်အပံ့ဖြစ်စေရန် ၀ါဆိုသင်္ကန်းနှင့် ဆွမ်းဆန်အစရှိသော လှူဒါန်းဖွယ်ရာများကို ဆက်ကပ်လှူဒါန်းနေခြင်း ဖြစ်သည်။

ပြီးခဲ့သော စက်တင်ဘာ ၂၀ ရက်ကလည်း ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ်ရှိ ပဥ္စနိကာယ်စာသင်တိုက်တွင် Eleven Media Group ဝန်ထမ်းမိသားစု၏ ၀ါတွင်းကာလ ၀ါဆိုသင်္ကန်းနှင့် ဆွမ်းဆန်အစရှိသော လှူဒါန်းဖွယ်ရာများကို ဆပ်ကပ်လှူဒါန်းခဲ့သည်။

စက်တင်ဘာ ၁၃ ရက်ကလည်း Eleven Media Group ဝန်ထမ်းမိသားစုက ၀ါဆိုသင်္ကန်းနှင့် ဆွမ်းဆန်အစရှိသော လှူဒါန်းဖွယ်များကို ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် ဘုံရှည်ကုန်းကျေးရွာရှိ ခေမာသိဒ္ဓိမင်းကျောင်း ပရိယတ္တိစာသင်တိုက်၌ ဆက်ကပ်လှူဒါန်းခဲ့သည်။

စက်တင်ဘာ ၅ ရက်ကလည်း ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ် ပါရမီ (၂) ၀ိုင်းရှိ စိန်ရတနာ (မိတ္ထီလာ) ပရိယတ္တိစာသင်တိုက်တွင် Eleven Media Group ဝန်ထမ်းမိသားစုက ၀ါဆိုသင်္ကန်းနှင့် ဆွမ်းဆန်အစရှိသော လှူဒါန်းဖွယ်ရာများကို ဆက်ကပ်လှူဒါန်းခဲ့သည်။

ယင်းအပြင် သြဂုတ် ၇ ရက်က ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်ရှိ သကြားဟင်းအိုးကျေးရွာ မုန်တိုင်းဒဏ်ခံ သဒ္ဓမ္မရံသီအဆောက်အအုံ ဘုန်းတော်ကြီးကျောင်းတွင် ၀ါဆိုသင်္ကန်းနှင့် ဆွမ်းဆန်အစရှိသော လှူဒါန်းဖွယ်ရာများကို ဆက်ကပ်လှူဒါန်းခဲ့သည်။ သကြားဟင်းအိုးကျေးရွာ မုန်တိုင်းဒဏ်ခံ သဒ္ဓမ္မရံသီ အဆောက်အအုံကို ၂၀၀၈ ခုနှစ် မေလဆန်းတွင် ဖြစ်ပေါ်ခဲ့သော နာဂစ်ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် ဒုက္ခရောက်ကြရသော ပြည်သူများအတွက် Eleven Media Group က ဆောက်လုပ်လှူဒါန်းထားခြင်း ဖြစ်ပါတယ်။

သြဂုတ် ၂၂ ရက် ၀ါခေါင်လပြည့်နေ့ကလည်း မကွေးတိုင်းဒေသကြီး စေတုတ္တရာမြို့နယ် ပွင့်တောက်ကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်းတွင် Eleven Media Group ဝန်ထမ်းမိသားစု၏ ၀ါတွင်းကာလ အလှူတော်အဖြစ် ၀ါဆိုသင်္ကန်းနှင့် ဆွမ်းဆန်အစရှိသော လှူဒါန်းဖွယ်ရာများကို ဆက်ကပ်လှူဒါန်းခဲ့သည်။ ၂၀၁၅ ခုနှစ်က မုန်းချောင်းရေကြီးမှုကြောင့် ရွာလုံးကျွတ် ပြောင်းရွှေ့ခဲ့ရသော စေတုတ္တရာမြို့နယ် ပွင့်တောက်ကျေးရွာ၌ Eleven Media Group နှင့် စေတနာရှင် အလှူရှင်များက သီတဂူသိမ်တော် တည်ဆောက်လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

Eleven Media Group ဝန်ထမ်း မိသားစုက နှစ်စဉ်နှစ်တိုင်း ၀ါတွင်းကာလတွင် ၀ါဆိုသင်္ကန်း၊ နေ့ဆွမ်းနှင့် ကထိန်အလှူတော်တို့ကို ပြုလုပ်နေခြင်းဖြစ်သည့်အပြင် ပြီးခဲ့သည့် သင်္ကြန်ကာလ၌လည်း ဆွမ်းဆန်အစရှိသော လှူဒါန်းဖွယ်ရာများကို ဆက်ကပ်လှူဒါန်းမှုများ ပြုလုပ်ခဲ့သည်။

Most Read

Most Recent