သာကေတမြို့နယ် ရုပ်ရှင်ရုံမှတ်တိုင် မြင်တော်သာလမ်းမကြီးနှင့် ဇင်္ဂမ လမ်းဆုံထိပ်ရှိ KBZ bank ရှေ့တွင် စက်တင်ဘာ ၁၉ ရက် နေ့လယ် ၁ နာရီကျော်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း အနီးပတ်ဝန်းကျင်နေထိုင်သူများက ပြောကြားသည်။
" နေ့လည် ၁ နာရီကျော်လောက်မှာ KBZ ဘဏ်ရှေ့မှာပေါက်ကွဲတာပါ။ လူထိခိုက်ဒဏ်ရာရရှိသူတော့ မကြားမိဘူး " ဟု အနီးပတ်ဝန်းကျင် နေထိုင်သူများကပြောကြားသည်။
ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး စစ်ဆေးမေးမြန်းမှုများ ပြုလုပ် ခဲ့ကြောင်း သိရသည်။
ထိုပြင့် ညနေ ၃ နာရီကျော်တွင် သာကေတ ရန်ပြေ ၂၁ လမ်းထိပ်ရှိ ဆိုင်တစ်ဆိုင်တွင် ဗုံးဟု သံသယရှိ
သည့် အထုပ်တထုပ် တွေ့ရှိခဲ့သောကြောင့် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များရောက်ရှိလာကာ လမ်းပိတ်ဆို့ကာ ဗုံးရှင်းလင်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပုံစာ- မြင်တော်သာလမ်းမကြီးနှင့် ဇင်္ဂမလမ်းဆုံထိပ်ရှိ KBZ ဘဏ် အားတွေ့ရစဉ်















