ဆာဆူအိုလိုနှင့်ပွဲတွင် မော်ရင်ဟိုနည်းပြဘဝပွဲ(၁၀၀၀)ပြည့်မည်ဖြစ်ပြီး စီးရီးအေအိမ်ကွင်းရှုံးပွဲမရှိစံချိန်ကို ထပ်မံတိုးမြှင့်နိုင်ဖွယ်ရှိနေ

ဆာဆူအိုလိုနှင့်ပွဲတွင် မော်ရင်ဟိုနည်းပြဘဝပွဲ(၁၀၀၀)ပြည့်မည်ဖြစ်ပြီး စီးရီးအေအိမ်ကွင်းရှုံးပွဲမရှိစံချိန်ကို ထပ်မံတိုးမြှင့်နိုင်ဖွယ်ရှိနေ
Photo: Sky Sports
Photo: Sky Sports
Published 10 September 2021

ရိုးမားအသင်း၏ နည်းပြ မော်ရင်ဟိုသည် ယခုတစ်ပတ်တနင်္ဂနွေနေ့တွင် ယှဉ်ပြိုင်ကစားရမည့် ဆာဆူအိုလိုနှင့်ပွဲ၌ နည်းပြဘဝ ပွဲ(၁၀၀၀)ပြည့်မည်ဖြစ်ကြောင်း သိရသည်။

မော်ရင်ဟိုသည် ၂၀၀၀ ခုနှစ်၌ ဘင်ဖီကာအသင်းကို ကိုင်တွယ်ကာ ၎င်း၏ နည်းပြဘဝကို အစပြုခဲ့ခြင်းဖြစ်ပြီး (၂၁)နှစ်အကြာ၌ ပွဲ(၁၀၀၀) ပြည့်မှတ်တိုင်ကို စိုက်ထူနိုင်မည့်အအခြေအနေဖြစ်သည်။

မော်ရင်ဟိုသည်  ရိုးမားအသင်းကို ယခုရာသီတွင် ရာနှုန်းပြည့်နိုင်ပွဲရရှိအောင် စွမ်းဆောင်ပေးထားပြီး ပွဲ(၁၀၀၀)ပြည့်၌ ရလဒ်ကောင်းရယူနိုင်ရန် ပစ်မှတ်ထားနေကြောင်းလည်း Football Italia က ဖော်ပြခဲ့သည်။

ထို့ပြင် မော်ရင်ဟိုသည် အင်တာမီလန်အသင်းကို ကိုင်တွယ်ခဲ့စဉ်က စီးရီးအေပြိုင်ပွဲတွင် အိမ်ကွင်းရှုံးပွဲမရှိမှတ်တမ်းကို ပိုင်ဆိုင်ခဲ့ပြီး ရိုးမားအသင်း၌ ယင်းမှတ်တမ်းကို တိုးမြှင့်နိုင်ရန် မျှော်လင့်နေကြောင်းလည်း သိရသည်။

မော်ရင်ဟိုသည် အင်တာမီလန်အသင်းကို (၂)ရာသီကိုင်တွယ်ခဲ့ရာ၌ စီးရီးအေအိမ်ကွင်း(၃၈)ပွဲ ရှုံးပွဲမရှိခဲ့သလို၊ ရိုးမားအသင်းနှင့် အိမ်ကွင်းအဖွင့်ပွဲတွင်လည်း ဖီအိုရင်တီးနားကို အနိုင်ရခဲ့သည်။

ထို့ကြောင့် ၎င်း၏ စီးရီးအေအိမ်ကွင်းရှုံးပွဲမရှိ မှတ်တမ်းမှာ (၃၉)ပွဲ ရှိလာပြီဖြစ်သည်။

ယင်းအတွက် ကာပယ်လို၏ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့သလို၊ အယ်လီဂရီ၏ (၄၁)ပွဲစံချိန်ကို လိုက်မီရန်လည်း နီးစပ်နေပြီဖြစ်သည်။

မော်ရင်ဟိုသည် ဆာဆူအိုလို၊ အူဒီးနီးစ်၊ အမ်ပိုလီပွဲများတွင် ရှုံးပွဲမရှိအောင် စွမ်းဆောင်နိုင်ပါက အယ်လီဂရီကို ကျော်ဖြတ်နိုင်မည်ဖြစ်သည်။

Most Read

Most Recent