အခက်အခဲ အကျပ်အတည်းကြားက ထွက်ပေါ်လာမယ့် ၂၀၂၀ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ

အခက်အခဲ အကျပ်အတည်းကြားက ထွက်ပေါ်လာမယ့် ၂၀၂၀ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ
Photos: Getty Images
Photos: Getty Images
Published 6 September 2021

''ကိုရိုနာဗိုင်းရပ်စ် ရောဂါဆိုးနဲ့ပတ်သက်ရင် ကျွန်တော်တို့က ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA)၊ အာရှဘောလုံးအဖွဲ့ချုပ် (AFC)၊ ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့အစည်း (WHO) နဲ့ ဒေသတွင်းအစိုးရတွေ ရဲ့ အကြံဉာဏ်ပေးမှုတွေကို လေးစားလိုက်နာရပါတယ်။ ဒီကပ်ရောဂါဆိုးကြီးက ကျွန်တော်တို့တွေရဲ့ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးတွေကို အများကြီး ထိခိုက်စေပါတယ်။ ကျွန်တော်တို့အတွက် စိန်ခေါ်မှု တွေဖြစ်စေပါတယ်။ ကျွန်တော်တို့ AFF အဖွဲ့အ စည်းရဲ့ နံပါတ် (၁) ဦးစားပေးကတော့ ဒေသတွင်း ဘောလုံးမိသားစုအတွင်းမှာ ကျန်းမာရေးနဲ့ လုံခြုံ ရေးပါပဲ။ ကျွန်တော်တို့အားလုံး ဒီကပ်ရောဂါဆိုး ကြီးကို အတူတကွဖြတ်ကျော်နိုင်လိမ့်မယ်လို့ ယုံ ကြည်ပါတယ်။ ကျွန်တော်တို့ရဲ့ ပရိသတ်တွေ၊ အ ဖွဲ့ဝင်နိုင်ငံတွေ၊ ကစားသမားတွေ၊ နည်းပြတွေ၊ ဝန် ထမ်းတွေ၊ မီဒီယာတွေ၊ ပံ့ပိုးကူညီသူတွေအားလုံး ဒီကပ်ရောဂါဆိုးကြီးကို အတူတကွ တိုက်ထုတ် နိုင်ပါလိမ့်မယ်''။ ဒီစကားတွေကို အာဆီယံဘောလုံး အဖွဲ့ချုပ် (AFF) ဥက္ကဋ္ဌ ဗိုလ်ချုပ်ခီရိဗ်ဆမီသ်က ပြိုင်ပွဲကို ဒုတိယအကြိမ်ရွှေ့ဆိုင်းတဲ့အချိန်မှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ ၂၀၂၀ အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲက ကိုရိုနာဗိုင်းရပ်စ်ရောဂါဆိုး ကြောင့် နှစ်ကြိမ်တိုင် ရွှေ့ဆိုင်းထားခဲ့ရပါတယ်။ မူလအတိုင်းဆိုရင် ပြိုင်ပွဲကို ၂၀၂၀ နှစ်ကုန်ပိုင်းမှာ ကျင်းပရမှာဖြစ်ပေမဲ့ ပထမအကြိမ်ရွှေ့ဆိုင်းမှုအ နေနဲ့ ဒီနှစ်ဧပြီနဲ့ မေအတွင်းမှာ ကျင်းပဖို့ စီစဉ်ခဲ့ပါ တယ်။ ဒါပေမဲ့ အာဆီယံဒေသတွင်းမှာ ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပြန့်ပွားမှုက ပြန်ခေါင်းထောင်လာ တာကြောင့် ဒုတိယအကြိမ် ထပ်မံရွှေ့ဆိုင်းခဲ့ရ ပြန်ပါတယ်။

 

Most Read

Most Recent