ဟင်္သာတမြို့နယ် ဖောင်ဆိပ်ကျေးရွာတွင် ရေကာတာ အနီးထိ ရေတိုက်စား ကမ်းပြိုလာမှုကြောင့် လူနေအိမ်များ အရေးပေါ် ရွှေ့ပြောင်းနေရ

ဟင်္သာတမြို့နယ် ဖောင်ဆိပ်ကျေးရွာတွင် ရေကာတာ အနီးထိ ရေတိုက်စား ကမ်းပြိုလာမှုကြောင့် လူနေအိမ်များ အရေးပေါ် ရွှေ့ပြောင်းနေရ
Published 2 September 2021

ဟင်္သာတမြို့နယ် ဖောင်ဆိပ်ကျေးရွာတွင် ရေကာတာ အနီးထိ မြစ်ရေတိုက်စား ကမ်းပြိုလာမှုကြောင့် လူနေအိမ်များ အရေးပေါ် ရွှေ့ပြောင်း နေရကြောင်း သိရသည်။

လက်ရှိတွင် မြစ်ကမ်းနားနီး အိမ်များကို အရေးပေါ် ရွှေ့ပြောင်း နေပြီး ဆက်လက် ရွှေ့ပြောင်း ရနိုင်ဖွယ်ရှိသည့် အိမ်ခြေအများအပြားလည်း ရှိနေကြောင်း သိရသည်။

"မြစ်ကမ်းနားနီးတဲ့ အိမ်တွေကို ဦးစားပေးပြီး ဖျက်ရွှေ့နေပါတယ်။ ရေတိုက်စားကမ်းပြိုမှုပိုဆိုးလာရင် ဆက်ပြီးဖျက်ရွှေ့ရမယ့် အိမ်တွေရှိသေးတယ်။ လက်ရှိ ဖျက်ရွှေ့နေတဲ့အိမ်တွေကတော့ ဘေးလွတ်ရာ ရေကာတပေါ်မှာပဲ ယာယီရွှေ့ပြောင်းနေရတယ်"ဟု အိပ်ပျက်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်က ပြောကြားသည်။

"မနှစ်က ဦးမိုးလေး ဖြတ်တာကျိုးပေါက်တဲ့အတွက် ဖောင်ဆိပ်ကျေးရွာက အိမ်ခြေ ၁၂၈ လုံး ဘေးလွန်ရာကို ရွှေ့ပြောင်းခဲ့ရတယ်။ အဲဒီ့နောက် ဒီနှစ်မှာလည်း ဆက်ပြိုလာတာ အခုလက်ရှိမှာ ပန်းတာသစ်နဲ့ မြစ်ကမ်းပါးနဲ့က (၁၀)ပေကျော်လောက်ပဲကျန်တော့တယ်။ဆက်ပြိုရင် အိမ်ခြေ(၁၃၀)ခန့် ဘေးဒုက္ခရောက်နိုင်တယ်။ အဲဒါကြောင့် နေအိမ်တွေ ဘေးဒုက္ခမရောက်ရေးအရေးပေါ် ဖျက်ရွှေ့နေရတယ်"ဟု ဖောင်ဆိပ်ဒေသခံ ဦးမြင့်ကြည် ကပြောကြားသည်။

အဆိုပါနေရာသို့ လူမှုကူညီရေးအသင်းအဖွဲ့များနှင့် တာဝန်ရှိသူများမှ လာရောက် ကူညီပေးလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent