ကြယ်ပွင့်အပြောင်းအလဲနဲ့ စီးရီးအေရဲ့ ချိန်ခွင်လျှာ

ကြယ်ပွင့်အပြောင်းအလဲနဲ့ စီးရီးအေရဲ့ ချိန်ခွင်လျှာ
Photos: Getty Images
Photos: Getty Images
Published 2 September 2021
အယ်နီညို

အီတလီတွေအတွက်တော့ ၂၀၂၁ နွေက  မမေ့နိုင်စရာ ပျားရည်ဆမ်းသော ခရီး ဖြစ်ခဲ့တယ်။ လက်ရွေးစင်အသင်းက နည်းပြ မန်စီနီရဲ့ ဦးဆောင် မှုနဲ့ ယူရို-၂၀၂၀ ချန်ပီယံဆုကို ရယူနိုင်ခဲ့တယ်။ အီတလီသား ဂျော်ဂျင်ဟိုက UEFA တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ရခဲ့တယ်။ အီတလီကစားသမားတွေထဲက ဒီဆုကို ပထမဆုံး ရခဲ့ ဖူးတာပါ။ ဒါပေမဲ့ စီးရီးအေမှာတော့ ဒီကာလအတွင်း ဒရမ်မာ အချို့အကွေ့ပေါင်းစုံ ကြုံခဲ့ရတယ်။ ရာသီမစခင် မော်ရင်ဟို ရိုးမားနည်းပြဖြစ်လာတယ်။ အယ်လီဂရီ ဂျူဗင်တပ်စ်ကို ပြန်ရောက်လာသလို နာမည်ကျော်နည်းပြ ဆာရီလည်း လာဇီယိုနည်းပြ ရာထူးကို လက်ခံခဲ့တယ်။ ဒီတော့ စီးရီးအေအသင်းတွေရဲ့ နည်းပြအားပြိုင်မှုက အရှိန်အဟုန် အမြင့် ဆုံးကို ပြန်ရောက်လာခဲ့တယ်။ ကွန်တီ မရှိတော့ပေမဲ့ လက်ရှိစီးရီးအေနည်းပြစာရင်းကို ကြည့် လိုက်ရင် ဆီမြွန်နီအင်ဇာဂီ(အင်တာမီလန်)၊ အယ်လီဂရီ(ဂျူဗင်တပ်စ်)၊ ပီအိုလီ(အေစီမီလန်)၊ ဂတ်စ်ပါရီနီ(အတ္တလန်တာ)၊ မော်ရင်ဟို (ရိုးမား)၊ ဆာရီ (လာဇီယို) ဆိုပြီး ရှိနေတယ်။ 

 

Most Read

Most Recent